" မစိုးရိမ်၏ စည်းကမ်းအကျဉ်း "
****************
" စည်းတွင်းမှာနေ
ကင်းကွေလိမ့် ရန်ဘေး ။
ကမ်းကိုကျော် ချော်ကာကျ
များလှ ရန်ဘေး " ဆိုတဲ့ ကဗျာလေးသည်
မိမိတို့ စာသင်သားတွေအတွက် လိုက်နာမှတ်သား ကျင့်သုံးစရာ ကောင်းသော ကဗျာစာသားလေး ဖြစ်သည် ။
'စည်းကမ်းသည် လူ၏တန်းဖိုး' ဟုလည်း ပြောကြ၏ ။
မှန်ပါသည် ။ စည်းကမ်းရှိသူတိုင်း စည်းကမ်းရှိတဲ့ လူမျိုးတိုင်း နိုင်ငံတိုင်းလိုလို တိုးတက်ကြ၏ ။
စည်းကမ်းဆိုသည်မှာ နေရာတိုင်းတွင် ရှိ၏ ။
အိမ်တွင် အိမ်စည်းကမ်း ရှိ၏ ။
လမ်းတွင်လည်း လမ်းစည်းကမ်း ရှိ၏ ။
မိမိတို့ စာသင်သားတွေ စာပေသင်ကြားရာ စာသင်တိုက်တွေမှာလည်း 'စာသင်တိုက် စည်ကမ်း' ဆိုတာ ရှိမြဲ ဖြစ်၏ ။
* ဘုရားဝတ်ပြု ပျက်ကွက်ခြင်း
* စာဝါ စာအံကျောင်း ပျက်ကွက်ခြင်း
* စာသင်သားအချင်းချင်း ခိုက်ရန်ဖြစ်ပွားခြင်း
* စာမေးပွဲ ဖြေဆိုရာတွင် သတ်မှတ်ထားသောအမှတ် မရရှိခြင်း စတဲ့ စည်းကမ်းတွေများစွာ
သတ်မှတ်ထား၏ ။
ဒဏ်ပေါ် ဒဏ်ဆင့်ရိုး လုံးဝ မရှိပေ ။
စာဝါ စာအံကျောင်း ဘုရားဝတ်ပြု စစ်ဆေး၍
တစ်ကြိမ် မိလျှင် 'ဘာဖြစ်လို့ပါ ညာဖြစ်ဖြစ်လို့ပါ' ဆိုတဲ့ အကြောင်းပြချက် ဖြေရှင်းချက် ဆင်ခြေဆင်လက် ပေး၍ မရပေ ။ တိုက်တာမှ ချက်ချင်း တန်းထွက်ခွာ သွားရ၏ ။
သတ်မှတ်ထားသော စည်းကမ်းတွေကို မလိုက်နာဘဲ ဖောက်ဖျက်ကျူးလွန်မိလျှင်လည်း တိုက်တာကနေ အပြီးပိုင် ထွက်ခွာ သွားရ၏ ။
ဤကား ' မစိုးရိမ်၏ စည်းကမ်းအကျဉ်း 'ပင်တည်း ။
သားတော်-ပုလဲ
No comments:
Post a Comment