နိဗ္ဗာန်ဆိုသည်မှာအဘယ်နည်း-?
*****************************
နိဗ္ဗာန်ဟူသည်---- သီးသန့်ဖြစ်တည်နေတဲ့ ဘုံလား?
နိဗ္ဗာန်ဟူသည်---- ဘာမှမရှိတဲ့ သုညလား-?
နိဗ္ဗာန်ဟူသည်---- ကိုင်တွယ်၍မရသော လေထုလိုလား-?
မေးခွန်းပေါင်းများစွာထုတ်နှုတ်လာခဲ့သည်ရှိသော်--
ဦးဇင်း၏အမှတ်အမြင်ဖြင့် ရိုးရိုးလေပဲ ပြောလိုက်ပါ့မယ်-
**အချစ်/အမုန်း ကင်းသောအရပ်**ကို နိဗ္ဗာန်ဟုခေါ်သည်။
===============================
တို့တစ်တွေသည် အချစ်ကြောင့်ပဲသံသရာမှာ လည်နေကြရသ
လို အမုန်းကြောင့်လည်းပဲ သံသရာမှာလည်နေကြရပါတယ်။
ရုပ်တရားနှင့် နာမ်တရားတွေ မချုပ်သွားသရွေ့ပေါ့။(အနီးစ်ဆုံး
ဥပမာ-လူဝင်စား မြွေဝင်စား နွားဝင်စား)စသည်တို့ကို ကြည့်
ခြင်းဖြင့် သိနိုင်လိမ့်မည်။
===============================
သားသမီးများကို ချစ်တဲ့သံယောဇဉ်နှင့် သေသွားတဲ့မိဘတို့
သည် သားသမီးထံ၌ပင် ပြန်ဝင်စားတာ တွေ့ဖူး/ကြားဖူးကြမှာ
ပါ။(သနားစရာနော်) မိဘကသားသမီးဖြစ်လိုက် သားသမီးကမိ
ဘဖြစ်လိုက်နဲ့ /မိဘကသာသမီးကို အဖေ/အမေ ပြန်ခေါ်ရတာနော်။(ဒါကြောင့်သား/သမီးများကို မရိုက်ကြပါနဲ့
တော်ကြာ မိ/ဘ ဖြစ်နေရင် ဂွကျနေမယ်နော်-)။
===============================
တစ်ခါကစာအုပ်တစ်မှာ ဖတ်ဖူးလိုက်တယ် ဘယ်စာအုပ်တော့
မမှတ်မိလိုက်တော့ဘူး။သေခါနီး သာသမီးကို စိတ်မချစွာသေ
သွားရှာတဲ့ မိဘနှစ်ပါး အကြောင်းလေးပါ။
အမေကတော့ သမီးအိမ်မှာခွေးမလေးလာဖြစ်တယ် အဖေက
လည်း သမီးအိမ်မှာပဲ နွားလာဖြစ်တယ်ပေါ့။(သံယောဇဉ်ဟာ
တယ်ကြောက်ဖို့ကောင်းတယ်နော်-)။တစ်ရက်မှာ- သမီးဖြစ်သူ ထမင်းချက်နေတဲ့အချိန် အမေဖြစ်ဖူးသူခွေးမလေးကအနား
ကပ်လာပြီး လျှာတွေယက် ရင်ခွင်ထဲတိုး ပွတ်သပ်ပြီးသာယာ
နေတာပေါ့ သမီးဖြစ်သူစိတ်မရှည်လာတာနဲ့ ဟင်းမွှေနေတဲ့
ယောင်းမနှင့် ဒီလောက်ဖြစ်တဲ့ခွေးမဆိုပြီး ကောက်ပေါက်ပစ်
တာ ခေါင်းကိုထိသွားတယ် ဂိန် ဂိန် မြည်ပြီးသွေးရဲရဲဖြင့် သူ့
ယောက်ျားရှိရာ လယ်တောထဲသို့ပြေးပါလေရော။
(သတ္တဝါတို့သည် တကယ်ပဲဒုက္ခများနှင့်ကြုံတွေ့ ကြသော
အခါ အားကိုးရာ ရှာတက်ကြပါသည်။ဒါကြောင့်တို့ တကာ/မ
တို့ရေ အားကိုးရာမဲ့နေတဲ့ သတ္တဝါတွေကို သနားကြပါ
နှိပ်စက်ပြီး မရိုက်နှက်လိုက်ကြပါနဲ့။)
သူ့ယောက်ျားလည်းပဲ သမက်ဖြစ်သူရိုက်နှက်ထားလို့ ကျောကုန်းတွေလည်းပေါက်ပြဲလို့ပေါ့။နာကြင်လွန်းလို့
ငိုထားတဲ့ မျက်ရည်လမ်းကြောင်းတွေက အပ်ကြောင်းထပ်လို့
ရေမြောင်းသဖွယ်ဖြစ်နေရှာပြီ။အသည်းစွဲအောင်ချစ်လို့ အရိုး
ကွဲအောင်ရိုက်ခံရသည် ဆိုတာဒါပေါ့နော်။
ခွေးမလေးက သူယောက်ျားအနားကပ်ပြီးပြောတယ် ယောက်ျားရေ သမီးကတော့ မိုက်လိုက်လေခြင်း အမေကို
အမေမှန်းမသိရိုက်လွှတ်လိုက်တာ။ယောက်ျားဖြစ်သူကလည်း
ဘာထူးမလည်းမိန်းမရေ ငါလည်းဘဲ ငါတို့ရဲ့သမက် ရိုက်နှက်
ထားလို့ ကျောကုန်းတွေလည်း ပေါက်ပြဲကုန်ပါပြီ။နှစ်ယောက်
သားလယ်တောထဲမှာ ရှုံးပွဲချ ငိုကြွေးလိုက်ကြတော့သည်။
(သနားစရာလေးနော်)
ဒါကြောင့်တို့ တကာ/မတို့ရေ အိမ်မှာမွေးထားတဲ့ သားမွေး
တိရိစ္ဆာန်တွေနှင့် အနန္တ(မရေတွက်နိုင်ကုန်သော)သတ္တဝါတို့
ကို မေတ္တာထားကြပါ နှိပ်စက်၍ မရိုက်နှက်ကြပါနှင့်)
တို့ဗုဒ္ဓဟာ ဝေနေယျသတ္တဝါတို့အား သဗ္ဗညုတဥာဏ်တော်ဖြင့်
ကြည့်လိုက်သောအခါ သံသရာတစ်ကွေ့မှာ ဆွေမျိုးမတော်စပ်
ဖူးသူ မရှိဘူးတဲ့။အကုန်လုံး အမျိုးတွေဖြစ်နေတယ်နော် ဒါ
ကြောင့်လည်း သတ္တဝါတွေကို ကိုယ့်သားသမီးလို ချစ်တာကို။
===============================
လိုရင်းတော့မရောက်ခဲ့ဘူးပေါ့။ဒီမှာဘဲ ခေတ္တနားခွင့်ပြုပါ။
===============================
မဇ္ဈိမ ခရီးသည် ( ပြင်ရှည်မြေ )
17/3/2016/(Thu).3:48.pm./
===============================
No comments:
Post a Comment