Friday, June 3, 2016

ရုက္ခဓမ္မဇာတ်တော်

ရုက္ခဓမ္မဇာတ်တော်
****************
တစ်ခါက"ဝေဿဝဏ်"(ရုက္ခစိုးနတ်တို့အားအုပ်ချုပ်သူ)နတ်ဟာ ဟိမဝန္တာတောအုပ်၌ အုပ်စိုး၍နေလေသည်။ထိုအထဲ၌
ရုက္ခစိုးအချို့သည်တောထဲမှာ ခေတ်မမှီဘူး ပျင်းစရာကောင်းတယ် လာဘ်လာဘလည်းမရှိဘူး စားစရာ
သောက်စရာဆိုလည်းရှားတာကို ဆိုပြီးငြီးငွေ့နေကြလေသည်။
မြို့ပေါ်မှာဆို စားစရာသောက်စရာဆိုလည်း အလျှံပယ်ပဲ။
(ထိုအချိန်ကမြို့ပေါ်မှ လူတို့သည်ရုက္ခစိုးကိုအမှတ်ပြု၍သစ်ပင်
ကြီးများကို သူတို့စီးပွားရေးတက်ရန်အကျိုးကိုလိုလား၍ကိုး
ကွယ်ကြသည်။)ထိုသို့ပူဇော်ခြင်းကို အထင်ကြီးပြီးနေရပ်ကို
အထင်သေး ပုန်ကန်နေသော ရုက္ခစိုးတို့သည်။မနေလိုကြတော့
ချေ။

ထိုအခါအုပ်ချုပ်မင်းလုပ်သော"ဝေဿဝဏ်ရုက္ခစိုးနတ်မင်း"
သည် အများအကျိုးငှာဒီမိုကရေစီဆိုသော ကိုယ်ပိုင်လွတ်လပ်ခွင့်ကိုပေးအပ်လိုက်သည်။အရှင်တို့သင်တို့
သည်စည်းလုံးဖို့တော့လိုလိမ့်မည်။သင်တို့အမြင်ဖြင့်လျှောက်လှမ်းကြကုန်လော့။သို့သော်ရုက္ခစိုးနတ်ဆိုးတို့သည်(ဒီမိုကရေစီ
ဆိုသော ဝေါဟာရကိုတစ်လွဲဆံပင်ကောင်း အသုံးချကြလေသည်။)ဦးဏှောက်မရှိသောရုက္ခစိုးတို့သည်
မြို့ပေါ်ကိုအထင်ကြီးကာ လာဘ်လာဘကြောင့်ပြောင်းရွှေ့နေ
ထိုင်ကြလေတော့သည်။"ဝေဿဝဏ်"နတ်မင်းနှင့်တစ်ကွ
ပညာရှိသော မျိုးကိုချစ်သော မြေကိုချစ်သောရုက္ခစိုးတိုသည် ကျန်ရစ်ခဲ့ကြလေသည်။

မြိုးပေါ်ကအပင်ပေါ်မှာနေထိုင်ကြလေပြီ။လာဘ်လာဘတွေက
လည်းပေါလို့ စားစရာသောက်စရာတွေကလည်းပြည့်လျှံလို့ပေါ့
(ဟိုငနဲလူဆိုတဲ့ တွေကလည်း အလကားကျွေးထားတာမှမဟုတ်တာ
သူ့အကျိုးတွက်ခွံ့ထား ထောက်ပံ့ထားတာကိုဗျ) ရုက္ခစိုးနတ်ဆိုး
တွေကတော့ပျော်လို့ပေါ့။

တစ်နေ့သ၌ ပြင်းထန်သောမုန်တိုင်းတစ်ခုကျရောက်လေတော့သည်။မြို့ပေါ်
မှာနေထိုင်ကြကုန်သောရုက္ခစိုးတို့၏သစ်ပင်ကြီးများသည် ပြို
ကျပျက်စီးလေတော့သတည်း။(အဘယ်ကြောင့်ဆိုသော် တစ်ပင်နှင့်တစ်ပင်စည်းလုံးမှုမရှိဘဲ သီးခြားစီနေကြသော
ကြောင့် အကာအကွယ်မရှိတဲ့အတွက်ပြိုလဲကြရသည်။)

"ဝေဿဝဏ်နတ်မင်း"တို့နေတဲ့ အရပ်ကား အကိုင်းအခက်အလတ်များ ကျိုးရုံသာကျိုးပဲ့ခဲ့ရသည်။တစ်ပင်မှ
မလဲခဲ့ပါ။(အဘယ်ကြောင့်ဆိုသော် တစ်ပင်နှင့်တစ်ပင်စည်းလုံး
မှုအပြည့်ဖြင့် ဝိုင်းရံယှက်နွယ်ထားသောကြောင့် လေမတိုးနိုင်ခဲ့
ပါ)

ထိုအခါမြို့ပေါ်မှရုက္ခစိုးတို့သည် နေစရာအပင်မရှိတော့၍ ကိုယ်
ဌာနေကိုပဲသတိရကြတော့သည်။(ခလုတ်ထိမှအမိတပေါ့)
ဌာနေကိုပဲပြန်လာကြတော့ သူတော်ကောင်းရုက္ခစိုးတို့သည်
လှိုက်လှဲစွာကြိုဆိုကြ သနားမိကြတာပေါ့ ဒဏ်ရာတွေနဲ့ကိုး
ဌာနေကိုပြန်လာတဲ့အတွက်လည်း ပျော်ကြတာပေါ့။သူတော်ကောင်းတွေကိုဗျ။

ထိုအခါ "ဝေဿဝဏ်မင်ကြီး"ကဘာပြောလဲဆိုတော့---

***သြော်--ရုက္ခစိုးနတ်အပေါင်းတို့ လိုချင်တပ်မက်မှုတဏှာကို
တဒင်္ဂလေးကြည့်ပြီး မဆုံးဖြတ်ကြလေနှင့်။စည်းလုံးမှုရှိမှ ပြင်ပ
ကအန္တရာယ်ကို အခုလိုကာကွယ်နိုင်ကြပေလိမ့်မည်။"

(ခလေးတို့ရယ် ပုံပြင်လေးကဒါပါပဲကွယ် ဘာတွေများသဘောပေါက်လိုက်ကြသလဲကွယ်---)
===============================
မဇ္ဈိမ ခရီးသည် (ပြင်ရှည်မြေ)
13/3/2016/(SUN).10:38.pm./
===============================
(သူတော်ကောင်းပညာရှိတို့သည် ရှေ့ဖြစ်နောက်ဖြစ်ကို အကောင်းအဆိုး အကြောင်းအကျိုးကိုတွေးတော၍နေလေ့ရှိ
တက်ကြလေသည်။လူညံ့ လူပြိန်းတို့သည်ကား လတ်တလော
လိုအင်ဆန္ဒကိုသာ ကြည့်တက်၍ အနာဂါတ်ကို မကြည့်တက်ကြချေ။)
===============================

No comments:

Post a Comment