Friday, June 3, 2016

*အမှားကြီးမမှားခင် ဆင်ခြင်နိုင်ဖို့*

*အမှားကြီးမမှားခင် ဆင်ခြင်နိုင်ဖို့*
***********************
*(ငါဘုရားပြောစကားလည်းမယုံကြနဲ့)*
လို့သံကုန်ဟစ်နေတဲ့ ဗုဒ္ဓနွယ်ဝင်များသိစေချင်
---------------------------
ဘယ်သူကစပြီးတီထွင်ခဲ့တဲ့စကားတစ်ခွန်းဟာ
ဗုဒ္ဓဘာသာတွေတော်တော်သုံးနေကြတာကိုတွေ့
ရပါတယ်။ကျွန်ုပ်၏အမြင်ပြောရလျင် ဒီစကားဟာတော်တော်လေးကို နားကြားမကောင်းပါ သူများဘာသာတွေကြားရင်
ရယ်စရာတစ်ခုအဖြစ် သရော်ကြမည်မှာအမှန်ပင်။

*သေးငယ်တဲ့အမှိုက်ကလေးတစ်စကနေ ကြီးမားတဲ့မြို့ရွာများကိုလောင်ကျွမ်းနိုင်သလို*
ဘာမဟုတ်တဲ့ ဒီစကားလေးတစ်ခွန်းဟာ ဘယ်လောက်ထိ သာသနာကိုထိခိုက်သွားတယ်တယ်ဆိုတာ သင်တို့သတိမူကြဖို့လိုပါတယ်။

အထူးသဖြင့်နောင်လာနောက်သားလေးတွေ
အမှတ်မှား အသိမှား သံသယဝင်စရာတွေဖြစ်ကုန်
မှာစိုးလို့ပါ။
*********************************
ဒီစကားဟာဟုတ်မဟုတ်ကို ဆန်းစစ်ကြည့်ကြပါစို့
-----------------------------
(*ပိဋိကတ်မြန်မာပြန်တွေမှာ အင်္ဂုတ္တရနိကာယ်
တိကနိပါတ် မဟာဝင် ကောသမုတ္တိသုတ်လို့လာပါ
တယ်*)
အို--ကာလာမသတို့သားတို့ သင်တို့သည်

*မာအနုဿဝေန*
(တစ်ဆင့်စကားပြောသံကြားကာမျှဖြင့် မှန်ပြီလို့မယူသင့်)

*မာပရမ္ပရာယ*
(ဘိုးဘေးစဉ်ဆက် စကားမျှဖြင့်လည်း မှန်ပြီဟုမယူသင့်)

*မာဣတိကိရာယ*
(ဤသို့ဖြစ်ဖူးသတဲ့ဟူသော ရှေးစကား ရာဇဝင်
အထောက်အထားမျှဖြင့်လည်း မှန်ပြီဟုမယူသင့်)

*မာ ပိဋက သမ္ပဒါနေန*
(ပိဋိကတ် ကျမ်းကန်စာပေနှင့် ညီညွတ်သည်ဟူ၍လည်း မှန်ပြီဟုမယူသင့်)

*မာတက္ကဟေတု*
(ကြံဆတွေးတော၍ယူခြင်း မျှဖြင့်လည်းမှန်ပြီဟုမယူသင့်)

*မာနယဟေတု*
(နည်းမှီယူခြင်းမျှဖြင့်လည်း မှန်ပြီဟုမယူသင့်)

*မာအာကာရ ပရိဝိတက္ကေန*
(အခြင်းအရာကို တွေးတောကြံစည်သော
အားဖြင့်လည်း မှန်ပြီဟုမယူသင့်)

*မာဒိဋ္ဌိနဇ္ဈာနက္ခန္တိယာ*
(ငါတို့ကြံစည်တွေးတောနှစ်သက်၍ ယူထားသော
အယူနှင့် တညီပေသည်ဟူ၍လည်းမှန်ပြီဟုမယူသင့်)

*မာဘဗ္ဗရူပတာယ*
(မှတ်ယူထိုက်သောသဘော ရှိကာမျှဖြင့်လည်း
မှန်ပြီဟုမယူသင့်)

*မာသမဏောနောဂရု*
(ငါတို့လေးစားရသောရဟန်း၏စကား ဆရာ့စကား
ဟူ၍လည်းမှန်ပြီဟုမယူသင့်)

ကာလာမတို့ဤတရားတို့သည် ကုသိုလ်တရားတည်း အပြစ်မရှိသောတရားတို့
တည်း။ ပညာရှိတို့ချီးမွမ်းအပ်သောတားတည်း။
အကောင်းအဆိုးအကြောင်းအကျိုးကိုဝေဖန်ပိုင်းခြားတက်မှသာလျင် လက်ခံကျင့်သုံးကြပါကုန်လော့။

(ဘယ်မှာလည်းငါဘုရားပြောစကားကိုလည်း
တစ်ထစ်ချမယုံနှင့်)

တရားဂုဏ်တော်ထဲမှာ *(ဧဟိပဿိကော)*တဲ့
ပါတယ်။လာလှည့်ပါ ရှု့လှည့်ပါ စမ်းသပ်လှည့်ပါ။
ကြိုက်သလို မှတ်ကျောက်တင်ခံနိုင်တယ်။လို့ဟော
ခဲ့တယ်လေ။ဗုဒ္ဓဟာ*(ဧကဝစနံ)*တစ်ခွန်းတည်းသောစကားကိုသာ ဆိုလေ့ရှိပါသည်။

ဟိုနေရာတစ်မျိုး ဒီနေရာတစ်မျိုး ပြောလေ့မရှိပါ။
ပြန်ပြင်ပြီးပြောတာလည်းမရှိပါ။လျှာနှစ်ခွနဲ့လည်းမပြောတတ်ပါ။

*(အရေးကြီးတာက ဘုရားမဟောပဲဟောတယ်
ဟောတာကို မဟောဘူးလို့ပြောမိရင် ကြီးလေးတဲ့အပြစ်ပါ)*

ဓမ္မန္တရာယ်အထိ ထိုက်သွားနိုင်တယ်။
ဘုရားစကားကတော့ မှားတယ်လို့မရှိသလို
အပိုလည်းမရှိ အလိုလေးမရှိပါဘူး။

ဒီလောက်ဆိုသဘောပေါက်ကြမယ်ထင်ပါတယ်။
=============================
ကျေနပ်မှုမရှိပါက ပါဠိထောက်၍ မည်သူမဆို
cb လာပြီးဖြေရှင်းနိုင်ပါသည်။
=============================
မှန်တယ်လို့ထင်ရင်shareပေးခြင်းဖြင့် ကုသိုလ်ယူစေ။
=============================
မဇ္ဈိမ ခရီးသည် (ပြင်ရှည်မြေ)
27/2/2016/(sat).1;35.pm.
*********************************

No comments:

Post a Comment