Friday, June 3, 2016

သီရိဓမ္မာသောကမင်းကြီး၏ ခံယူချက်

ဘယ်ကောင်သမ္မတ တက်တက်ဒီစာဖတ်
***************************
"သီရိဓမ္မာသောကမင်းကြီး၏ ခံယူချက်
**************************
၁-"ငါသည်တိုင်းပြည်နှင့် သာသနာတော်အတွက်
နွားကဲ့သို့သည်းခံ၍ရုန်းတော့မည်။" ဟုရည်ရွယ်၍
ကောလိယတိုင်း ရာမရွာအနီးစိုက်ထူခဲ့ ကျောက်တိုင်ထိပ်ပေါ်တွင် နွားလားဥဿဘရုပ်။

၂-"ငါသည် သာသနာနှင့်လူသားတို့အတွက် မြင်း
ကဲ့သို့လျင်မြန်သွက်လပ်စွာဆောင်ရွက်မည်" ဟု
ရည်ရွယ်၍ လုဗ္ဗနီမှာစိုက်ထူထားခဲ့သော ကျောက်
တိုင်ထိပ်မှာ သိန္ဓောမြင်းရုပ်။

၃-"ငါသည်တိုင်းပြည်နှင့် သာသနာအတွက်
ဆင်ကဲ့သို့ခွန်အားအပြည့်နဲ့ဆောင်ရွက်မည်"ဟု
ရည်ရွယ်၍ မြတ်စွာဘုရားတာဝတိ•သာနတ်ပြည်မှ
ဆင်းသက်ရာ သင်္ကတမြို့တံခါးဝမှာ ဆင်ရုပ်အထွဋ်တင်တဲ့ ကျောက်တိုင်။

၎-"ငါသည် တိုင်းကျိုး ပြည်ကျိုး သာသနာအကျိုး
သယ်ပိုးရာ၌လည်းကောင်း  တိုင်းပြည်အန္တရာယ် သာသနာ့အန္တရာယ်ကို  ကာကွယ်စောင့်ရှောက်ရာ၌လည်းကောင်း သတ္တိရှိရှိဆောင်ရွက်
မည်"ဟု ရည်ရွယ်၍ ဗာရာဏသီပြည် မိဂဒါဝုန်မှာ
စိုက်ထူခဲ့တဲ့ ကျောက်တိုင်ထိပ်မှာ "ကေသရာဇာ"
ခြင်္သေ့ရုပ်။

အသောကမင်းကြီး အမျိုး ဘာသာ သာသနာကို
ချစ်မြတ်နိုးပုံ--
-----------------------------
ငါတို့ရဲ့ခံယူချက်
***********
ဘယ်ပုဂ္ဂိုလ် ဘယ်အဖွဲ့အစည်း ဘယ်ပါတီကပဲ
သမ္မတလုပ်လုပ် ငါစိတ်မဝင်စားဘူး။ငါစိတ်ဝင်စား
တာ ငါ့သာသနာအတွက်။မင်းတို့သမ္မတတွေ
ပုဂ္ဂိုလ်တွေ ပါတီတွေ ဝါဒီတွေ သာသနာကို
ခုတုံးမလုပ်နဲ့ မနှောင့်ယှက်နဲ့ မကူညီချင်နေ။

ဒီအတိုင်းပဲထားပေးပါ။ ငါတို့အလုပ်ကို ငါတို့လုပ်မယ်။သာသနာဆိုတဲ့ အိမ်အိုကလေး ကွယ်လုလု ပြိုလုလုဖြစ်နေလို့မနည်း
"ကျားကန်ထားရတဲ့ ဒေါက်လေးကိုတော့ မဖြုတ်
လိုက်ကြပါနဲ့"။

နဂိုကတည်းကမှာ ငတ်လို့သေဖို့လုပ်နေတဲ့
ငါတို့ရဲ့ဘဝလေးကို *(နမောတဿ)*လေးနဲ့
တော့ အသက်ရှင်ခွင့်ပြုကြပါ။
သြော် -သမ္မတရာဇာမင်းများတို့ရယ်---
*******************************
မဇ္ဈိမ ခရီးသည်(ပြင်ရှည်မြေ)
23/2/2016/(tue).8:08.pm./
*******************************

No comments:

Post a Comment