ဗုဒ္ဓညွှန်ကြား အသက်ရှည်ကြောင်း နည်းလမ်းကောင်များ
++++++++++++++++++++++++++
မြတ်ဗုဒ္ဓကိုယ်တော်တိုင် အသက်ရှည်ကြောင်း နည်းလမ်းကောင်းနှင့်ပတ်သက်၍ အဂုင်္တ္တိုရ် ပါဠိတော်၌-
၁။ သပ္ပာယကာရီ မိမိနှင့်သင့်တော်မည့် အစားအသောက်နှင့်အပြုအမှုတို့ကို စားသောက် နေထိုင်ပြုမူပါ။
၂။ သပ္ပာယေ စ မတ္တံ ဇာနာတိ စားသောက်ရာ၌ အတိုင်းအရှည်သိပြီး စားသောက်ပါ။
၃။ ပရိဏတဘောဇီ အစာကြေလွယ်သော အစားအသောက်တို့ကိုသာ ရွေးချယ်စားသောက်ပါ။
၎။ ကာလစာရီ သွားလာနေထိုင်ရာ၌ မိမိကျန်းမာရေးကို ကြည့်၍ သွားလာနေထိုင်ပါ။
၅။ ဗြဟ္မစာရီ မမြတ်သောမေထုန်အကျင့်ကိုရှောင်၍ မြတ်သောဥပုသ်သီတင်းကို စောင့်သုံးပါဟု ဟောညွှန်ခဲ့ပါသည်။ ဤအချက်ငါးချက်အတိုင်း နေထိုင်ကျင့်သုံးပါလျှင် မည်သူမဆို အသက်ရှည်နှိုင်ကြောင်းဆိုထားပါ၏။ ထိုအချက်ငါးချက်ကိုပင် ရည်ရွယ်၍ မန်လည်ဆရာတော်က မဃဒေ၀လင်္ကာသစ်၌
" လျောက်ပတ်ကျင့်ငြား၊ လျောက်ပတ်စားနှင့်၊ ဆေးဝါးစာကြေ၊ သွားထွေကာလ၊ ဗြဟ္မစာရီ၊ ဤငါးလီမူ၊ လောကီလူပေါင်း၊ သက်တော်ရှည်ကြောင်းတည်း"ဟုစပ်ဆိုညွှန်ပြခဲ့ပါသည်။
Sunday, June 19, 2016
ဗုဒ္ဓညွှန်ကြား အသက်ရှည်ကြောင်း နည်းလမ်းကောင်များ +++
Subscribe to:
Post Comments (Atom)
No comments:
Post a Comment