Monday, June 6, 2016

ဘဝနှုတ်ဆက် စာတမ်း

ဘဝနှုတ်ဆက် စာတမ်း

၁။ ဘဝမိုးချုပ် ခပ်သုတ်သုတ်
     အလုပ်လုပ်မ တော်လိမ့်မည် ။
၂။ ဘဝတိုင်းတွက် ကိုယ့်လုပ်ကွက်
      ဆက်လက်ပါအောင် ယူရမည် ။
  ၃။ မပြီးမချင်း ခရီးနှင်း
      နှီးရင်းပြည့်အောင် ဖြည့်ရမည် ။
  ၄။ အလုပ်ပြီးပြတ် ခရီးရပ်
      ကြီးမြတ်ဆုံးတိုင် ရောက်လိမ့်မည် ။
                 မဟာသီဟနာဒ ဆရာတော်
                             28,4,2016
ဆရာတော်ကြီးဆီက အဆုံးအမ စကားတွေ နာယူမှတ်သားရင်း အချိန်ဟာ ည ၇ နာရီကျော်သွားပါပြီ။ ညနေ ၄ နာရီတည်းက ဆရာတပည့် ၂ ပါး ပြောလာလိုက်တာ ည ၈ နာရီကျော်မှာ စကားဖြတ်လိုက်ပါတယ်။
ဆရာတော်က " ဘဝနှုတ်ဆက် စာတမ်း" ဆိုပြီး
သက်တော် ၈၂ နှစ် ရင်းတွင်းက လာတဲ့ဆုတောင်း ကဗျာလေးကို ဆိုပါတယ်။ ပါလာတဲ့ ဖုန်းနဲ့အသံသွင်း မှတ်တမ်းတင်နေပေမဲ့ ကိုယ့်ရင်ထဲမှာတော့ "ဘဝနှုတ်ဆက်" ဆိုတဲ့ ဒီစကားလုံးကို ကြားရတာ ရင်ထဲမှာ ဝမ်းနည်းလာတယ်၊ ဆရာတော်ရဲ့မျက်နှာရိပ်မှာလည်း ဝမ်းနည်းသရောင် အမူအယာကိုဖြတ်ခနည်း တွေ့လိုက်ရ၏။ ကဗျာရဲ့အဓိပ္ပါယ်ကလည်း လေးနက်ပီး အသက်ဝင်လှပါတယ်။ ဆရာတော်အသင့်ခင်းပေးထားတဲ့ လမ်းပေါ်ကို
လျှောက်လှမ်းဖို့တောင် ကိုယ့်ကိုယ်ကို မဝံ့မရဲ ဖြစ်မိပါတယ်။
     
     မေတ္တာပြည့်လျှံ ခြင်္သေ့သံ
            မွှေးပျံသန်းလို့ လွှမ်းပါစေ ။

No comments:

Post a Comment