Wednesday, June 1, 2016

အလွန်ရိုးသားရှာသော ခေါင်းဆောင်

အလွန်ရိုးသားရှာသော ခေါင်းဆောင်
====================

အငြိမ်းစားမယူခင်
နောက်ဆုံးလစာကိုလှူဒါန်းတဲ့အထိရိုးသားလှတဲ့ သမ္မတကြီးဟာ
.
.
..
နောက်ဆုံးအနေနဲ့
မြန်မာပြည်ပတ်ပြီး
မိမိနိုင်ငံသားပိုင်မြေကွက်တချို့ကို
တိုင်းတပါးသားလက်ထဲရောက်မှာစိုးတဲ့အတွက်
တပည့်လက်သားအချို့နဲ့အတူ မျိုးချစ်စိတ်အပြည့်နဲ့
ဝယ်ယူသိမ်းဆည်းသတဲ့.။

.
.
.

အငြိမ်းစားယူအပြီး

ဧက ရာဂဏန်းလောက်သာကျယ်ဝန်းတဲ့ လယ်တောမြေကွက်ကလေးမှာ

ကော်ဖီဆိုင်ကလေးဖွင့်ပြီး အသက်မွေးရတဲ့အထိ

ရောင့်ရဲခဲ့သတဲ့ကွယ်။
.
..
သူ့ရဲ့အနည်းငယ်သော ပိုင်ဆိုင်မှုတွေထဲကတစ်ခုဖြစ်တဲ့
ကမ္ဘာအေးဗီလာက အိမ်ငယ်ကလေးပါဝင်တဲ့
အစရှိသော  ပိုင်ဆိုင်မှုစာအိတ်ကို
လွှတ်တော်ထဲမှ ပြန်လည်တောင်းယူပြီးသကာလမှာ
..

.
.
.
ဖောင်ဒေးရှင်းတစ်ခုကို ထူထောင်ပြီး
ဒေါ်လာသန်းနဲ့ချီသော အသပြာအနည်းငယ်ကို
ထည့်ဝင်ထားသတဲ့ကွယ်။

.
.
.
အဲဒီနောက်....
ကျောက်မျက်ကုန်သည်တွေဆီက
ယဉ်ကျေးမှုအနုပညာအဆောက်အဦ်းဆောက်ဖို့
၇ သန်းသော ဒေါ်လာငွေစအနည်းငယ်ကို
တပည့်ကျော်တွေ ကတစ်ဆင့်
အပိုမသုံးမိအောင် ရယူသိမ်းဆည်းထားတဲ့ကွယ်
.
.
.
အဲဒီလိုပဲ
လက်ရှိသမ္မအသစ်ရဲ့ လစာထက်ပိုကြီးမြင့်တဲ့ အငြိမ်းစားလစာကို
ပြည်သူ့အခွန်အတုပ်တွေနဲ့
အားနာစွာနဲ့  ရယူစံစားတော်မူသတဲ့ ..
.
.
.
.
၈၉ သန်းသော
ယူရိုငွေကြေး အနည်းငယ်ကိုလည်း ရိုးသားစွာသိမ်းဆည်းထားပြီး
ဖားကန့် ကိစ္စအပါအဝင်
ကျောက်မျက်သယံဇာတ ဘုန်ဘောလအော
တောပြုန်းတောင်ပြုန်းအပျောက်ရိုက်မှုတွေ
ကျန်းမာရေးမကောင်းစွာ နှာစေးနေတဲ့အထိ

ရိုးသားဖြူစင်ရှာသတဲ့ ....
.
.
အလွန်ရိုးသားလှတဲ့ ခေါင်းဆောင်တစ်ယောက်ရဲ့
.
.
ပုံပြင်လေးကတော့

ဒါပါပဲကွယ်

.
.
.
မောင်ညီမလေးတို့လည်း

သွားရောက်ကန်တော့နိုင်ကြပါပြီ

.
ငရဲသား
...

No comments:

Post a Comment