#မိန်းမဆိုတာလေ#
*မိန်းမဆိုတာ
ဘယ်လောက်ပဲစီးပွားရှာတတ်ပါစေ
မောပန်းလာရင်သူအရင်ဆုံးရှာတာကသူ့
ချစ်သူရဲ့လက်မောင်းတစ်ဖက်ဖြစ်တယ်။
*မိန်းမဆိုတာ
ဘယ်လောက်ပဲသူ့ခြေထောက်ပေါ်
ရပ်တည်နိုင်ပါစေ
သူချစ်တဲ့ယောင်္ကျားရှေ့ကလေးလို
ကပ်ချွဲချင်တတ်ကြတယ်။
*မိန်းမဆိုတာ
ဘယ်လောက်ပဲပညာတွေတတ်နေပါစေ
သူချစ်တဲ့ယောင်္ကျားကိုဘာမှမသိသလို
လေးနေပြီးအားကိုးချင်တတ်ကြတယ်။
*မိန်းမဆိုတာ
ဘယ်လောက်ပဲချောမောနေပါစေ
သူချစ်တဲ့ယောင်္ကျားရှေ့ရောက်ရင်ပိုပြီးကို
လှချင်နေတတ်ပြန်တယ်။
*မိန်းမဆိုတာ
ဘယ်လောက်ပဲဥစ္စာဓနတွေပြည့်စုံနေပါစေ
ချစ်သူကသူမနံဘေးနေပေးတာလောက်
ဘယ်အရာကမှပြည့်စုံတယ်မထင်ဘူး။
*မိန်းမဆိုတာ
ဘယ်လောက်ပဲအကောင်းကြိုက်သူဖြစ်
နေပါစေ
သူမချစ်တဲ့ယောင်္ကျားနဲ့ယှဉ်လာရင်
ဘာမှမမက်မောတတ်ကြဘူး။
*မိန်းမဆိုတာ
သူ့ချစ်သူဆီကအချစ်ကိုအကုန်ရထား
တာသိနေပေမယ့်
လက်ကျန်မရှိအပြည့်အဝကိုချစ်စေချင်
တဲ့လောဘလေးလဲရှိတတ်ကြသေးတယ်။
*မိန်းမဆိုတာ
ဘယ်လောက်ပဲကိုယ်နဲ့စကားပြောတွေ
ပြော နေပါစေ
စကားထဲတခြားသူနံမည်ပါလာရင်ကို
မဟုတ်မှန်းသိသိချည်းနဲ့အူတိုတတ်ကြပြန်
သေးတယ်။
*မိန်းမဆိုတာ
ဘယ်လောက်ပဲစ်န်တွေရွှေတွေပေါများ
နေပါစေ
ချစ်သူဝယ်ကျွေးတဲ့ပီကယ်လေးတစ်
ခုကစိန်ရွှေထက်တန်ဖိုးကြီးနေတတ်တယ်။
*မိန်းမဆိုတာ
သူ့ချစ်သူကသူမတစ်ယောက်တည်း
ကိုပဲချစ်တယ်ပြောနေပေမယ့်သူမကလွဲပြီး
ဘယ်သူမှမချစ်ဘူးလို့ကြားချင်ကြပြန်သေး
တယ်။
*မိန်းမဆိုတာ
ဘယ်လောက်ပဲရင့်ကျက်နေပါစေ
သူချော့တာလေးခံချင်လို့အနည်းဆုံး
စကားအတိုက်အခံလုပ်ပြီးစိတ်ဆိုးပြတတ်
ကြသေးတယ်။
*မိန်းမဆိုတာ
အပြင်ကကြည့်ရင်စိတ်မာတယ်လို့
သာထင်ရတာ
တစ်ခါတလေသူများတွေထက်နူး
ညံ့တဲ့အချိန်လည်းရှိတတ်ကြတယ်။
#တစ်ကယ်တော့မိန်းမဆိုတာလေ
သူချစ်တဲ့သူနဲ့ဆိုရင်
အရမ်းလဲချစ်တတ်တယ်
အရမ်းလဲရစ်တတ်တယ်
အရမ်းလဲစိတ်ကောက်တတ်တယ်
အရမ်းလဲစိတ်ဆိုးတတ်တယ်
အရမ်းလဲချွဲတတ်တယ်
အရမ်းလဲစိတ်နာတတ်တယ်
အရမ်းလဲအချော့ကြိုက်တယ်
အရမ်းလဲလှချင်တယ်
အရမ်းလဲအူတိုတတ်တယ်
အရမ်းလဲခံစားတတ်တယ်
အရမ်းလဲလောဘကြီးတယ်
*ဒါတွေကိုသေချာမသိဘဲ
မိန်းမတစ်ယောက်ကိုသင်ချစ်ဖို့
မစဉ်းစားပါနဲ့။
Credit- original uploader
No comments:
Post a Comment