ကွမ်းယာ နှင့် အရက်
================
တံတားဦးက ကွမ်းနုဝါ
ငါးမြာက ဆေး
ကွမ်းသီး တောင်ငူ နှင့်
ကိုင်း ထုံးဖြူ
ပြည် ရှား
သာဝါးလို့ထွေး
ငယ်ငယ်ကရခဲ့ဘူးတဲ့ ကဗျာလေးပါ
အရောင်တွေ ဘယ်လိုကွဲကွဲ
တူညီတဲ့စီးဆင်းမှု့အဖြစ်
အနီရောင် ရဲရင့်တဲ့အရောင်အဖြစ်
တသွေးထဲ တစ်သားထဲ ပြောင်းလည်းခဲ့ကြတယ်လို့
တင်စားခဲ့ရ မှတ်သားခဲ့ရပါတယ်
ရှေးမြန်မာဘုရင်များလက်ထက်ကတည်းက အသုံးပြုစားသုံးလာခဲ့တဲ့ ကွမ်းယာဟာ ယခုခေတ်တိုင်အောင် တွင်ကျယ်နေဆဲပါ
အညာမှာဆို ဧည့်ခံပွဲတိုင်းမပါမဖြစ် နေရာယူနေဆဲပါ
အားသာချက် အားနည်းချက်ကတော့ နေရာတိုင်းမှာ ရှိနေပါတယ်
နန်းတော်ညီလာခံသဘင်ခမ်းမကတိုင်ကို
ထုံးသုတ်မိလို့ အပြစ်ပေးခံရတာကအစ
လမ်းညစ်ပတ်မှု့
ပတ်ဝန်းကျင် မသန့်ရှင်းရှင်းမှု့ စသည်ကနေ
ယခုခေတ် ပါးစောင်ကင်ဆာ အဆုံး အပြစ်တွေပြောစရာပေါလှပါတယ်
ဒါတွေကိုပညာပေး စည်းရုံးပြီး
ကွမ်းမစားဖို့ အရင် လမ်းပြသင့်တယ်လို့ထင်ပါတယ်
ကွမ်းမစားဖို့ ယတိပြတ် အမိန့်တွေ အာဏာတွေနှင့် အမိန့်ပေးတော့ လက်ကိုင်ထားသုံးနေကြတဲ့ လူ့အခွင့်အရေးဆိုတာ ဘယ်နေရာမှာ အသုံးချရတော့မလည်း
ကွမ်းရွက်စိုက်နေကြတဲ့ ကွမ်းခြံပိုင်ရှင်တွေ
အလုပ်သမားတွေ ကွမ်းရွက်ဒိုင်တွေ ကွမ်းယာဆိုင်တွေ
ကွမ်းသီးဒိုင် အလုပ်သမားတွေကို ဒီအမိန့်တခုထဲနှင့် အလုပ်လက်မဲ့ ဖြစ်ရတော့မှာလား
တကယ်ဆို ကွမ်းယာဆိုင်တွေပိတ်မည့်အစား
အရက်ဆိုင်တွေကို အရင်ပိတ်သင့်တယ်
ကွမ်းစားလို့သေတဲ့ မသာထက် အရက်သောက်လို့သေတဲ့မသာက ပိုများတာလူတိုင်းအသိပါ
အရက်သောက်ပြီး
ကားမောင်းတဲ့သူ အလုပ်လုပ်သူတွေရဲ့ အမှားကြောင့် ဆုံးရှုံးရတာတွေကအများကြီးပါ
အရက်သောက်ပြီး ကားမောင်းရင် အန္တရာယ်ဖြစ်နိုင်ပေမယ့်
ကွမ်းစားပြီးကားမောင်းတာကတော့ အန္တရာယ်အဖြစ်နည်းစေချင်လို့ဆိုတာ ကားသမားတိုင်းကပိုသိပါလိမ့်မယ်
ကွမ်းယာရောင်းသူက အလုပ်လက်မဲ့ဖြစ်နိုင်ပြီး
အရက်ချက်တဲ့ စက်ရုံကြီးတွေက ဆီစက် ဆန်စက် အခြားအလုပ်တွေပြောင်းလည်း ထမင်းမငတ်နိုင်ပါဘူး
အရက်ရောင်းတဲ့စားသောက်ဆိုင်တွေကလည်း ဖျော်ရည်ဆိုင် ထမင်းဆိုင် လက်ဖက်ရည်ဆိုင်တွေအဖြစ်ပြောင်းလည်းဖို့
ခွန်အားရှိနေကြပါတယ်
တကယ်ဆိုအရက်ဆိုင် နှင့် ကွမ်းယာဆိုင် ဘယ်ဆိုင်ကပိုပြီးအပြစ်များပါသလည်း
အပြစ်များတာကို အရင်ရှင်းသင့်ပါတယ်
ဘုရားဟောတဲ့ငါးပါးသီလထဲမှာလည်း
မူးယစ်သေစာဖြစ်တဲ့ အရက်မသောက်ဖို့သာ ပညတ်ထားပြီး ကွမ်းမစားဖို့ ပညတ်တာမတွေ့မိပါ
အရက်သောက်တဲ့သူတွေက ပိုပြီး ဒုစရိုက်မှု့ကျူးလွန်ကြပြီး
ကွမ်းစားပြီး ဒုစရိုက်မှု့ဖြစ်တယ်ဆိုတာ
မကြားမိသလောက်ပါ
ကွမ်းစားတာ မကောင်းဘူးလို့ လက်ခံနိုင်ပါတယ်
ဒါပေမယ့် အရက်သောက်သူလောက်တော့ မဆိုးဘူးလို့လည်း ထင်မှတ်မိပါတယ်
ဦးဇင်းလည်း ကွမ်းမစားပါဘူး
ကွမ်းစားခဲ့ဘူးပါတယ်
ကွမ်းနှင့်အရက်နှစ်ခုရဲ့ ကောင်းကျိုး ဆိုးကျိုးယှဉ်ကြည့်ပါ
ဘယ်ဟာက ဆိုးကျိုးများသလည်းလို့ပေါ့
ဆိုးကျိုးများတာကို အရင် မပိတ်ပင်မတားမြစ်ပဲ
ဘာကြောင့် ကွမ်းယာကို အပြစ်မြင်နေရတာလည်းဆိုတာကို စဉ်းစားနေမိပါတော့တယ်---------------------------- ။ ။
(၁၃၇၈ ခု ကဆုန်လပြည့်ကျော် ၁၀ ရက်)
" အရှင်ဒေဝိန္ဒ မစိုးရိမ် တိုက်သစ် "
No comments:
Post a Comment