Wednesday, June 1, 2016

သာဓု သာဓု သာဓုပါအရှင်ဘုရား အရှင်ဘုရားရဲ့ကောင်းမှု့ကုသိုလ်ကို ပြန်လည်မျှဝေပါတယ်အရှင်ဘုရား

သာဓု သာဓု သာဓုပါအရှင်ဘုရား
အရှင်ဘုရားရဲ့ကောင်းမှု့ကုသိုလ်ကို
ပြန်လည်မျှဝေပါတယ်အရှင်ဘုရား
===========================
❦ ❦ ❦ သွေးမတော်သားမစပ်၊ဘာသာမတူ၊နိုင်ငံမတူတဲ့ မိန်းကလေးတစ်ဦးပေါ်ထားရှိတဲ့ ဘုရားသားတော်တစ်ပါးရဲ့ မျှော်လင့်ချက်မထားတဲ့ ဖြူစင်တဲ့
မေတ္တာတရား❦ ❦ ❦

ကမ္ဘာ့အနောက်ခြမ်းတစ်နေရာ ကနေဒါဆိုတဲ့နိုင်ငံမှာ မိန်းကလေးငယ်လေးတစ်ယောက် ကျောက်ကပ်ပျက်စီးတဲ့ ရောဂါဝေဒနာကို သုံးနှစ်ကြာမျှပြင်းထန်စွာခံစားနေရပါတယ်တဲ့။

ဒီသတင်းကိုကြားပြီး ကရုဏာသက်သွားရှာတာက ဗုဒ္ဓရှင်တော်ရဲ့မေတ္တာရိပ်အောက်မှာရှိတဲ့ ရွေစေတီပုထိုးတို့ရဲ့နိုင်ငံလို့ထင်ရှားလှတဲ့ ရွှေမြန်မာနိုင်ငံက ဘုရားသားတော်ဦးဇင်းငယ်လေးတစ်ပါး။

ဦးဇင်းငယ်လေးက တောင်သမန်အင်းနဘေးက အရှင်ဇနကာဘိဝံသဆရာတော်ဘုရားကြီးရဲ့ အဆုံးအမသြဝါဒတို့ ထုံမွှမ်းရာ မဟာဂန္ဓာရုံကျောင်းတိုက်ကြီးမှာ နေနေတာပေါ့။

ဒါနဲ့ ဦးဇင်းငယ်လေးက သူ့ရဲ့ကျောက်ကပ်တစ်ခြမ်းကို ကနေဒါသူလေးကို လှူဖို့ဆုံးဖြတ်လိုက်ပါသတဲ့။သူရဲ့ဆုံးဖြတ်ချက်ကို သူရဲ့ဒါနဥပပါရမီတော် မအောင်မြင်မှာစိုးတဲ့အတွက် မိခင်ကိုအသိမပေးရှာဘူးတဲ့။တားလို့မဖြစ်နိုင်တော့တဲ့အချိန်ရောက်မှ အသိပေးဖို့ဆုံးဖြတ်လိုက်ပါသတဲ့။

ဒီလိုနဲ့ စီစဉ်စရာတွေစီစဉ်ပြီး အနောက်ကမ္ဘာကို ခရီးထွက်ခဲ့ပါတယ်။ထိုင်းနိုင်ငံ ဘန်ကောက်လေဆိပ်ရောက်မှ မိခင်ထံအကြောင်းကြားပါသတဲ့ မိခင်မှာတော့ သားဦးဇင်းရဲ့အသက်အတွက် စိုးရိမ်နေရှာမယ်ပေါ့။နေ့တိုင်းမျက်ရီနဲ့မျက်နှာဖြစ်နေတော့တာပဲတဲ့။

ပါရမီဆိုတာကလည်းခက်သားကလား ရံခါမှာ မိဘမျက်ရည်မြေကျရတာမျိုးရှိတာပဲလေ သို့ပေမယ့်လည်း တစ်ချိန်မှာ မိဘမျက်ရည် ကိုအပြီးအပိုင်သုတ်ပေးနိုင်တာမျိုးမဟုတ်လား။

မိန်းကလေးငယ်လေးရဲ့မိဘတွေက တစ်ယောက်ကခရစ်ယာန် တစ်ယောက်ကမွတ်စလင် မြန်မာပြည်ကထွက်သွားတာနှစ်သုံးဆယ်လောက်ရှိပြီ ဒါပေမယ့် သူတို့လိုချင်တာက ဗုဒ္ဓဘာသာဘုန်တော်ကြီးရဲ့ကျောက်ကပ်မှတဲ့။သူတို့အကြောင်းပြချက်က သန့်ရှင်းလို့ပါတဲ့။ သြော်...ဘာသာမတူပေမယ့် ဘုရားသားတော်တွေရဲ့ သီလသန့်ရှင်းမှုကိုတော့ အသိမှတ်ပြုရတာပဲလေ။

ဦးဇင်းငယ်လေးကိုတွေ့တော့ သူတို့နိုင်ငံကဆရာဝန်တွေဟာ အကြီးအကျယ် အံ့သြသွားကြတယ်တဲ့။သွေးမတော်သားမစပ် ပိုက်ဆံလည်းရတာမဟုတ် ဒေါ်လာသန်းချီတဲ့ဆုမျိုးလည်း ရတာမဟုတ်ဘဲနဲ့ ခုလိုအသက်နဲ့လဲပြီးစွန့်လှူတာဟာ သူတို့အတွက်တော့ အံ့သြစရာဖြစ်နေတာပေါ့။

အင်တာဗျူးချင်တဲ့သူတွေ လာဗျူးကြတယ်ပေါ့။ဒါနဲ့... ဦးဇင်းငယ်လေးက ဒါဟာတို့နိုင်ငံအတွက် ထူးဆန်းတဲ့အလုပ်မဟုတ်ကြောင်း သူလိုပဲလှူဒါန်းသူတွေများစွာရှိကြောင်း ဂေါတမဗုဒ္ဓမြတ်စွာဟောတော်မူတဲ့ ကိုယ်အင်္ဂါကိုစွန့်လှူခြင်း ဒါနဥပပါရမီတရားကိုကျင့်သုံးတာဖြစ်ကြောင်း ဗုဒ္ဓကိုယ်တော်တိုင်လည်း လောင်းလျာဘဝများစွာမှာစွန့်လှူခဲ့ကြောင်း
ဂေါတမဗုဒ္ဓရဲ့သားတော်တစ်ပါးဖြစ်တဲ့သူဟာ ဗုဒ္ဓလမ်းစဉ်တော်ကိုကျင့်သုံးတာဖြစ်ကြောင်းဖြေကြားခဲ့ပါတယ်။

ဒီလိုနဲ့ ၂၀၁၅ လေးလပိုင်းသွားတာ ခြောက်လပိုင်းမှာ အားလုံးအဆင်ပြေသွားတယ်တဲ့။မိန်းကလေးလည်း ဦးဇင်းငယ်လေးရဲ့သန့်ရှင်းတဲ့ကျောက်ကပ်ကြောင့် အကောင်းပကတိပြန်လည် ကျန်းမာလာပါသတဲ့။

ဘုရားသားတော်တွေရဲ့မေတ္တာဟာ ဘာသာဆိုတဲ့ဘောင် လူမျိုးဆိုတဲ့ဘောင် နိုင်ငံဆိုတဲ့ဘောင်ကို ကျော်လွန်ကြတယ်လေ။

❦ ❦ ❦ သူတော်ကောင်းတရား နေရာတိုင်းမှာ
ထွန်းတောက်ပါစေ❦ ❦ ❦

(သူငယ်ချင်းဦးဇင်းရဲ့အကြောင်းကို သူ့ရဲ့
ခွင့်ပြုချက်ယူပြီးရေးပါတယ်)

#ထေရဝါဒမြန်မာရဟန်းတော်များအသံ

သာဓု သာဓု သာဓု ပါ အရှင်ဘုရား
အလွန်မွန်မြတ်တဲ့ ဒါနဥပပါရမီတော်ကို ပြန်လည်
မျှဝေလိုက်ပါတယ် ခင်မျာ ...

No comments:

Post a Comment