ဦးဝီရသူက ဘယ်သူလဲ ? ဘာလဲ ? ဆိုတာ
ခင်ဗျားမသိပဲနဲ့ ကျုပ်ကို ဦးဝီရသူအကြောင်း
ဖေ့ဘွတ်ပေါ်မှာ မတင်ပါနဲ့ဆိုတော့
သိပ်ပြီး ရယ်စရာကောင်းမနေဘူးလား ?
ပြောတဲ့သူလည်းကြည့်အုံး
အသက်၆၀ကျော် ကိုယ့်အဖေအရွယ်ကြီး။
ဗုဒ္ဓဘာသာကိုနာမည်ခံယုံကိုးကွယ်ပြီး ရတနာ၃ပါးကို စော်ကားနေတဲ့သူတွေက
ဒုနဲ့ဒေးပါဗျာ။ အခုလည်းကြည့်အုံးလေဗျာ။
မင်းဝီရသူကိုချစ်တာချစ်ပါ ဖေ့ဘွတ်ပေါ်တော့
ခဏခဏမတင်ပါနဲ့တဲ့ ။ ကျုပ်က ဗုဒ္ဓဘာသာ
မြန်မာလူမျိုးဗျ ။အဖေ အမေကိုးကွယ်လို့
မိရိုးဖလာ ဗုဒ္ဓဘာသာ ကိုးကွယ်တာမဟုတ်ဘူး။
ဘုရားကို ကိုးကွယ်တယ် ယုံကြည်တယ်။
တရားကို ကိုးကွယ်တယ် ယုံကြည်တယ်။
သံဃာကို ကိုးကွယ်တယ် ယုံကြည်တယ်။
ဘုရားအဆုံးအမ အတိုင်းနေထိုင်တယ် ။
တရားသဘောအတိုင်းကျင့်ကြံတယ်အားထုတ်တယ်။
သံဃာတော်မြတ်တို့ကို ဘုရားရှင်ရဲ့ ကိုယ်ပွား
ဘုရားရှင်မွေးဖွားပေးခဲ့တဲ့ သားတော်တွေဟု
သဘောမှတ်ယူကာကိုးကွယ်ဆည်းကပ်တယ် ။
ဒါကြောင့်ကျုပ်က ဦးဝီရသူမှ မဟုတ်ဘူး။
သံဃာတော် အားလုံးကို ဂါရဝတရားထားတယ်။
ခင်ဗျားတို့က ငရဲမကြောက်တော့ သံဃာကို
ဆဲတယ် ။ကျုပ်က ငရဲကြောက်တော့ သံသရာ
ဝဋ်ဆင်းရဲကလွတ်အောင် ရတနာ၃ပါးကို
အမြဲ ကိုးကွယ် ယုံကြည်တယ်ဗျ ။ ဦးဝီရသူကို
ခင်ဗျားက မုန်းတယ် ၊မုန်းလေ ကျုပ်နဲ့ဘာဆိုင်
တုန်းဗျ ။ ခင်ဗျားမုန်းတာနဲ့ ကျုပ်က မကိုးကွယ်
ရတော့ဘူးလားဗျ ။မန္တလေးမြို့ မစိုးရိမ်ကျောင်း
မှာ ဦးဝီရသူ ဘာတွေလုပ်နေတယ်ဆိုတာကို
ခင်ဗျားသိအောင်လိုက်ပြလိုက်ချင်တယ်သိလား။
ခင်ဗျားက ဝီရသူ ဘာဖြစ်ညာဖြစ်နဲ့ ပြောနေတဲ့
အချိန်မှာဆရာတော်က ခင်ဗျားလို အားယားပြီး
မနေဘူးဗျ ။ဆရာတော်ဦးဝီရသူဆိုတာ နယ်နယ်
ရရ ဘုန်းကြီးမဟုတ်ဘူးဗျ ။"ဘိဝံသ"ဘွဲ့ရ နော်
သဘောပေါက်ထား ။၁၉၉၉မှာ သကျသီဟ
ဓမ္မာ စရိယလို့လူသိများတဲ့ စာမေးပွဲကြီးကို
တစ်နိုင်ငံလုံးသံဃာ၆ပါးသာအောင်ခဲ့တယ်ဗျ။
ခင်ဗျားမုန်းတဲ့ ဦးဝီရသူကတော့
အမှတ်အများဆုံးနဲ့ ပထမတောင်ရခဲ့တာဗျ ။
၁၉၉၉ ခုနှစ်မှာ ဆရာတော်ရေးတဲ့
"ထေရဝါဒ တိုက်ပွဲ"ဆိုတဲ့ စာအုပ်လေးရော
ခင်ဗျား ဖတ်ဖူးသလား မသိဘူး။ ဆရာတော်
ကျေးဇူးပြုခဲ့လို့ ဝိပဿနာ အစစ်ကိုပဲအခု
တွေ့ခဲ့ရတာဗျ ။မဟုတ်ရင် ခင်ဗျားလည်း
တန့်ကြည်တောင်ဆရာတော်ရဲ့ ခွေးအော်
ဝက်အော် ရယ်ခြင်း ငိုခြင်းဆိုတဲ့ တရားအတုကို
အစစ်ထင်ချင်ထင်နေမလား မသိဘူးဗျနော်။
ဒါနဲ့ ခင်ဗျား မစိုးရိမ်ကျောင်းရော ရောက်ဖူးရဲ့လား?
မစိုးရိမ်မှာ နေခဲ့တဲ့ သံဃာတွေ ဦးဝီရသူရဲ့
စာဝါနဲ့ ကင်းတဲ့သံဃာ ဘယ်နှစ်ပါးရှိလဲမေးကြည့်
စမ်းပါဗျာ။ ဒါလည်း ခင်ဗျားသိမှာမဟုတ်ပါဘူး။
ခင်ဗျားက ဦးဝီရသူဆိုရင် Time မဂ္ဂဇင်းက
သတင်းထောက်မကို ဆဲတာလောက်ပဲသိတာကိုး
ဒီလိုလေး ဆဲလိုက်တာနဲ့ ပါရာဇိက ကျသွားပြီ
ရဟန်း မဖြစ်ထိုက်တော့ဘူးအော်ကြသေးတယ်
ခင်ဗျားတို့လိုလူမျိုးတွေကို သနားမိတယ်ဗျာ။
ယောကျာ်းတစ်ယောက်ဖြစ်ပြီး ရဟန်းဘောင်ကို
ခေတ္တခဏတောင် မဝင်ဖူးဘူးလား ။
ဘုရားရှင်ကိုယ်တော်မြတ်ကြီး ပညက်ထားတဲ့
သိက္ခာပုဒ်တွေကိုသာ ခင်ဗျားသိရင် သိပ်ပြီး
ကောင်းမှာပဲဗျာ ။
ခင်ဗျား လူဖြစ်လာပြီး လူဖြစ်ရှုံးတယ်ဗျ။
ဒါကလည်း ခင်ဗျားမိဘတွေဆိုဆုံးမမှုက
ညံ့ဖျင်းလို့ထင်ပါရဲ့ဗျာ ။ခင်ဗျားမိဘတွေက
သွန်သင်ခဲ့ပေမယ့် ခင်ဗျားကိုက အသုံးမကျတဲ့
လူဖြစ်နေသလားမသိဘူးဗျာ ။
လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို ခင်ဗျားက
ချစ်ခင်မြတ်နိုးတာနဲ့ပဲ သူများယောင်တိုင်း
လိုက်ယောင်ပြီး သံဃာကို သံဃာလို့မမြင်
ဘုရားကိုဥပေက္ခာထား တရားကို မယုံကြည်
သံဃာကို စော်ကား ။အင်းဗျာ ဦးဝီရသူက
သူဖာသာသူနေရင်း ခင်ဗျားက အပယ်လားမှာ
မြင်ယောင်မိသေးတယ်ဗျို့ ။
ဒီလောက်ပြောနေတာမှ သဘောမပေါက်ရင်
ခင်ဗျားသုံးနေတဲ့ ဖေ့ဘွတ်ကနေ ကျုပ်ကို
ဘလော့ခ် လုပ်လိုက်ပါ။ ကျုပ်ကတော့
ခင်ဗျားပြောသလိုလုပ်မပေးနိုင်ဘူးဗျ။
ဦးဝီရသူလို အမျိုး ဘာသာ သာသနာကို
တကယ်ချစ်တဲ့သူမျိုးဟာ မြန်မာတစ်ပြည်လုံးမှာ
ရှိနေပြီဆိုရင်တော့ ခင်ဗျားပြောစရာမလိုဘူး။
ကျုပ်လက်ညောင်းသက်သာတယ် သိလား။
အခုဟာက ခင်ဗျားလိုပညာတတ် အသက်ကြီးပြီး
ဘာမှမသိတဲ့အမျိုးပစ်တွေကိုအမျိုးချစ်လာအောင်
အတွက် ကျုပ်တို့က လက်ညောင်းခံပြီး
ရေးပေးနေရတယ်ဆိုတာ သဘောပေါက်စမ်းပါ။
ခင်ဗျားလည်း ဒီလောက်ပြောတာမှ သဘော
မပေါက်ရင် အောက်က ဒယ်အိုးကိုသာ
မီးမငြိမ်း ငြိမ်းအောင် ထိုင်မှုတ်နေပေတော့။
ဆီအိုးကတော့ ပွက်နေပါပြီဗျာ ။ ။
ဦးညီညီအောင်@ ထက်ဦးယံ
Thursday, June 9, 2016
ဦးဝီရသူက ဘယ်သူလဲ ? ဘာလဲ ? ဆိုတာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment