>>>> သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ <<<<
*********************
"နေခြင်းနှင့်သေခြင်း"
******************
နေခြင်းသည် အကြောင်းတရား - သေခြင်း
သည် အကျိုးတရားဖြစ်ပါတယ် ။ ဒါကြောင့်
ပဋိသန္ဓေနေခြင်း ၊ ဘဝကာလတစ်ခု တစ်
လျှောက်လုံး၌နေခြင်း ၊ ဘယ်လိုနေခြင်းပင်ဖြစ်
ပါစေ သေခြင်းမှာ အဆုံးသတ်ကြရပါလိမ့်မယ်။
အဲဒီ နေခြင်းနဲ့ သေခြင်းဆိုတာကို ကောင်း
စွာသဘောပေါက် နားလည်ဖို့ကတော့ ဗုဒ္ဓရဲ့အ
ဆုံးအမအတိုင်း လိုက်နာကျင့်သုံးသွားကြဖို့ပါပဲ။
ဗုဒ္ဓက လူတိုင်းအတွက် သေခြင်းတရားသည်
အရေးကြီးသော အရာမဟုတ်ဟု မိန့်ဆိုခဲ့ပါ
တယ်။ လက်ရှိဘဝနဲ့ နောက်ဘဝ၏ ကြားကာ
လ၌ ဖြစ်လေ့ရှိသော အဖြစ်အပျက်တစ်မျိုးသာ
ဖြစ်သည်လို့ဆိုပါတယ်။ သေခြင်းဟူသည် သတ္တ
ဝါတိုင်း၏ နောက်ဆုံးအချိန်၌ တွေ့ဆုံကြရမည့်
သဘောတရားဖြစ်သလို မွေးဖွားခြင်းဖြင့် ဘဝ
ကိုလက်ခံရရှိထားသူတိုင်း သေခြင်းဖြင့် အဆုံး
သတ်ရမှာ ဓမ္မတာပဲဖြစ်ပါတယ် ။
သေခြင်းတရားသည် သက်တမ်းကုန်၍လည်း
ရောက်လာပါလိမ့်မယ်။ ကံကုန်၍လည်းရောက်
လာပါလိမ့်မယ်။ အသက်-ကံ နှစ်ပါးစုံ ကုန်၍
လည်း ရောက်လာပါလိမ့်မယ် ။ အခါမဟုတ်
ဗြုန်းစားကြီးလည်း ရောက်လာပါလိမ့်မယ်။ မည်
သည့်နည်းဖြင့် ရောက်လာသည်ဖြစ်ပါစေ ၊ သေ
ခြင်းသည် သေခြင်းပဲဖြစ်ပါတယ်။ ဒီထက်ပိုပြီး
မည်သူမျှ နားမလည်နိုင်ကြပါဘူး ။
တစ်ချို့က သေလျှင် ဒုက္ခအေးတယ်လို့ ပြော
လေ့ရှိကြပါတယ်။ အဲဒီစကားအရဆိုရင် မည်သူ
မဆို သေချင်ကြမည်ချည်းဖြစ်ပါတယ်။ အမှန်
တကယ်အားဖြင့် သေခြင်းသည် မည်သည့်ဆင်း
ရဲဒုက္ခမှ အဆုံးသတ်မပေးနိုင်ကြောင်းကို မသိ
၍ ပြောနေခြင်းဖြစ်ပါတယ်။ သို့မဟုတ်လည်း
သေခြင်းနှင့် ဆင်းရဲဒုက္ခတို့ကို ရောထွေးနား
လည်နေသောကြောင့်လို့ ဆိုရပါမယ် ။
အမှန်တကယ်တော့ သေခြင်းသဘောတရား
သေခြင်းအဓိပ္ပါယ် ၊ သေခြင်းနှင့်ပတ်သက်သော
အကြောင်းအရာ မှန်သမျှကို ဗုဒ္ဓနဲ့ အရိယာသူ
တော်စင်တို့မှတပါး အခြားမည်သူမျှ နားလည်
နိုင်ကြမယ်လို့ မထင်ပါဘူး ။
ဗုဒ္ဓက သေခြင်းသည်အဆန်းမဟုတ် ၊ မရေ
တွက်နိုင်သော ဘဝများစွာတွင် လူတိုင်း မရေ
တွက်နိုင်အောင်ပင် သေခဲ့ကြရခြင်းဖြစ်၏။ ထို့
ကြောင့် လူတစ်ယောက်အဖို့ သေခြင်းဟူသည်
စင်စစ် အရေးကြီးသောအရာမဟုတ်ဟု ဗုဒ္ဓ
ဘုရားရှင် ဆိုလိုခြင်းဖြစ်ပါတယ် ။
ဗုဒ္ဓဘုရားရှင် မြွက်ကြားသည်မှာ လူတိုင်း
အသက်ရှင်သမျှ ဘဝတာ၌ အပြစ်ကင်းစွာနေ
တတ်ဖို့သာလျှင် အရေးကြီးကြောင်းမြွက်ဆိုခဲ့ပါ
တယ်။ လူတစ်ယောက် အသက်ရှင်နေခြင်းမှာ
"အာစေယု ဥသ္မာစ ဝိညာဏ်"ဆိုသကဲ့သို့ အာယုလို့
ခေါ်တဲ့ ဇီဝိတိနြေ္ဒသည်လည်းကောင်း၊ ဥသ္မာစ-
ကမ္မဇတေဇောသည်လည်းကောင်း ၊ ဝိညာဏ်-
အကျိုးဝိပါက် ဝိညာဏ်သည်လည်းကောင်း ချိန်
ကိုက်ချက် မှန်ကန်နေခြင်းပင်ဖြစ်ပါတယ်။ တစ်
နည်းဆိုရင်- နာမ်ရုပ်နှစ်ပါး စည်းချက်ညီနေခြင်း
ပင် ဖြစ်ပါတယ်။ တစ်ခုခု အခြေအနေပျက်ရင်
သေတယ်လို့ ကောက်ချက်ချရပါတယ် ။
မြတ်ဗုဒ္ဓ မိန့်ကြားခဲ့သည့်အတိုင်း သေခြင်း
သည် အရေးမကြီးစေကာမူ လူတိုင်း သတ္တဝါ
တိုင်းဟာ ယေဘုယျအားဖြင့် သေရမှာကို တစ်
နည်းနည်းနဲ့ ကြောက်နေကြသူချည်း ဖြစ်ကြပါ
တယ် ။
မြတ်ဗုဒ္ဓက သေရမှာ မကြောက်ရွံ့ပါနဲ့လို့
မြွက်ဆိုခဲ့ခြင်းသည် စင်စစ် ကြောက်ရွံ့ခြင်း အ
ရင်းခံ၍ မည်သည့်ပြဿနာကိုမှ မဖြေရှင်းပါ
နှင့် - ကြောက်ရွံ့ခြင်းဖြင့် မည်သည့်အခက်အခဲ
ကိုမျှ မကျော်လွှားနိုင် ၊ သေခြင်းကို ရဲဝံ့စွာရင်
ဆိုင်ပါ ၊ နေခြင်းကို အပြစ်ကင်းစွာနေပါလို့ ဆို
လိုခြင်းပဲဖြစ်ပါတယ် ။
* အနေကောင်းလျှင် အသေကောင်းပါတယ် ၊
အနေမှန်လျှင် အသေမှန်ပါတယ် ၊
အနေမြတ်လျှင် အသေမြတ်ပါတယ် ၊
ဒါကြောင့် အနေမကောင်းလျှင် အသေမ
ကောင်းနိုင် ၊ အနေဆိုးနေသ၍ အသေဆိုး
နေလိမ့်မယ်လို့ တစ်ထစ်ချမှတ်ယူအပ်ပါတယ် ။
မြတ်ဗုဒ္ဓက အသက်ရှင်ခြင်းတွင် အပြစ်ကင်း
ခြင်းတည်ပါစေ ၊ သေခြင်းတွင် ကျော်ကြား
ခြင်းတည်ပါစေဟု ဆိုခဲ့ပါတယ် ။
ဘာမဆို ကြောက်ကြောက်ရွံ့ရွံ့ အသက်ရှင်
နေသူထက် ရဲရဲဝံ့ဝံ့သေသွားသူက ပို၍အဖိုးတန်
၏။ သီလမရှိဘဲ အသက်ရှင်နေသူထက် သီလ
ရှိသူ၏ တစ်ရက်မျှအသက်ရှည်ရခြင်းက ပို၍အ
ဖိုးတန်၏။ လုံ့လမရှိဘဲ အသက်တစ်ရာနေရသူ
ထက် လုံ့လရှိပြီး တစ်ရက်နေရသူ၏ အသက်
ရှင်ခြင်းက ပို၍မြတ်၏။ ပညာမဲ့စွာ အသက်ရှင်
ရသော လူမိုက်ထက် ပညာရှိပြီး တစ်ရက်မျှနေ
ရခြင်းက ပို၍မြတ်၏ ဟူ၍ သေခြင်းနှင့်စပ်
လျဉ်းသော အဖိုးအနဂ္ဃများကို ဖေါ်ထုတ်ခဲ့ပါ
တယ် ။
ဒါကြောင့် ဗုဒ္ဓဘာသာဖြစ်ပြီး လူ့သမိုင်းမှာ
သေခြင်းကို လည်စင်းခံသူ မဖြစ်ပါစေနဲ့ ၊ သေ
ရသူအချင်းချင်း ပြောစမှတ်ဖြစ်အောင် မသေ
ပါနဲ့ ၊ ကိုယ့်လိုပင် နောက်၌ သေမည့်သူများ
စိတ်မချမ်းသာအောင် မလုပ်ပါနဲ့ ၊ သူတို့အတွက်
စံပြဖြစ်အောင် ကိုယ့်အလှည့်မှာ မနွဲ့ပါစေနဲ့ ၊
သေခြင်းကို ရဲဝံ့စွာရင်ဆိုင်ကြောင်း စွမ်းရည်ကို
ပြသပါ ။
ရဲရင့်သော သေခြင်းဖြင့် သမိုင်းတွင်ပါစေ ၊
ကြောက်၍သေခြင်းဖြင့် သမိုင်းမစွန်းပါစေနဲ့လို့
ပြောလိုက်ချင်ပါတယ် ။
ဦးဆန်းလင်း (ဆည်မြောင်း) ၏
မင်္ဂလာတရား မင်္ဂလာစကား - စာအုပ်မှ
ကောက်နှုတ်တင်ပြပါသည် ။
CREDIT=ဦးမောင်မြင့်
No comments:
Post a Comment