Friday, June 10, 2016

ဂျာမန်အမျိုးသမီး လက်ထဲက စာအုပ်

ဂျာမန်အမျိုးသမီး လက်ထဲက စာအုပ်
•~•~•~•~•~•~•~•~•~•~•~•~•~•~•
တစ်ခါက သီတဂူ ဆရာတော်ဘုရား ကြီးသည် ဗုဒ္ဓဂယာရှိ ဗောဓိပင်အနီးသို့ရောက်သောအခါ ဂျာမန်အမျိုးသမီးကြီး တစ်ဦး၏ လက်ထဲတွင် ဓမ္မာစရိယဦးဌေးလှိုင် ရေးသည့်"ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများ" စာအုပ် ကိုင်ထားသည်ကို တွေ့ရသဖြင့် စကားပြောဖြစ်ခဲ့၏ ---

ဒီစာအုပ်ကို ကိုင်ထားတော့ မြန်မာစကား တက်သလား ?

မတက်ပါဘူးဘုရား၊ နည်းနည်းပါးပါးပဲ ပြောတက်တာပါ။

မြန်မာစာရော ဖက်တက်သလား ?

ဗျည်း (၃၃) လုံးနဲ့ သင်ပုန်းကြီးတော့ စသင်နေ ပါပြီ။
မြန်မာစာ တက်ချင်လွန်းလို့ အခုလည်း သင်နေပါတယ်ဘုရား။

မြန်မာစာ တက်တော့ကော ဘာလုပ်မှာလဲ?

ဒီတော့- ဂျာမန်အမျိုးသမီးကြီး က လက်ထဲမှ စာအုပ်ကိုပြပြီး 
ဒီလို အဖိုးတန်တဲ့ စာအုပ်တွေကို ဖက်ချင်လို့ပါ ဘုရား - တဲ့။

အရှင်ဘုရားတို့ တိုင်းပြည်က ရတနာကောင်းတွေ ကိန်းအောင်းနေတဲ့ တိုင်းပြည်ပါ ဘုရား။

ဘာကြောင့် ဒါမျိုးပြောတာလည်း မိုးကုတ်မြို့ကို ရောက်ခဲ့လို့လား ?

မဟုတ်ပါဘူး ဘုရား။ အရှင်ဘုရားတို့ တိုင်းပြည်က ပရိယတ်လည်းတော်၊ ပဋိပတ်လည်းတော်၊ တရားအကျင့်မှာ ဆိုလည်း မဂ်ဉာဏ်၊ ဖိုဉာဏ်
ပေါက်ပြီးတော့ တရားကို တကယ်သိတဲ့ ပုဂ္ဂိုလ်မြတ်တွေ
အများကြီးပဲ ရှိတယ်။
ဒါကြောင့် မြန်မာပြည်ဟာ ရတနာတွေ ကိန်းအောင်းတဲ့တိုင်းပြည်လို့ တပည့်တော်က ပြောချင်တာပါဘုရား။

အင်း - တို့မြန်မာတွေနဲ့များ ကွာလိုက်တာ။

နိုင်ငံခြားသားတွေက ကိုယ့်နိုင်ငံက အဖိုးတန် တရားစာတွေကို ဖက်ချင်လွန်းလို့ ဖက်တက်အောင် မြန်မာစာတွေကို
ခက်ခက်ခဲခဲ သင်ယူနေကြရတာ။

- ဒို့ မြန်မာလူမျိုးတွေက ကိုယ့်မြန်မာစာနဲ့ ရေးထားတဲ့ တရားစာအုပ်ကောင်းတွေ အမြောက်အများရှိနေပါလျက်နဲ့ ဒီစာတွေကို မဖက်ချင်ကြဘူး၊ စိတ်ဝင်စားမှုမရှိကြဘူး။ COC တို့၊ KTV တို့၊ ကိုးရီးယား တို့နှင့်အချိန်တွေကို ဖြုန်းတီးနေကြတာ တကယ့်ကို ဝမ်းနည်းစရာပါ။

တကယ်တော့ ဒီနိုင်ငံမှာ ရှိတဲ့ တရားစာအုပ်တွေက ကမ္ဘာမှာရှိတဲ့ စာအုပ်တွေထဲမှာ အကောင်းဆုံး စာအုပ်တွေပါ။
ဒီဘဝချမ်းသာရေးထင်မကပါဘူး၊ နောက်ဘဝချမ်းသာရေး၊
သံသရာချမ်းသာရေး အထိပင်
ပေးစွမ်းနိုင်စွမ်းရှိတဲ့ စာပေတွေပါ။
ဒီလို တန်ဖိုးအလွန်ကြီးတဲ့
တရားစာပေတွေကိုတောင် မဖက်ချင်၊
မလေ့လာချင်ဘူး ဆိုရင်တော့ ဒီဘဝမှာ မြန်မာလူမျိုး ဗုဒ္ဓဘာသာဖြစ်ရသော်လည်း အလကား အချည်းနှီးပါပဲ။
ဘာကြောင့်လည်းဆိုတော့ လောကရဲ့ တရားစစ် တရားမှန်ကို သိခွင့်မရလို့ပါ။

ဒါကြောင့်ကမ္ဘာ့ အကောင်းဆုံးဖြစ်တဲ့ ကိုယ့်နိုင်ငံရဲ့ တရားစာပေတွေကို
ဖက်ဖြစ်အောင် ဖက်ကြပါလို့ တိုက်တွန်းနိုးဆော်လိုက်ပါတယ် ။

ရာ ဟု လာ မှ

No comments:

Post a Comment