ပါချုပ်ဆရာတော်ကြီးပေးသောအဖြေ
ဆရာတော်ဘုရား ကိုယ်စိတ်နှစ်ပါး ကြည်လင်ချမ်းမြေ့စွာဖြင့် သာသနာ့ဝန်ကို ထမ်းရွက်နိုင်ပါစေဟု ဦးစွာပဏာမ မေတ္တာပို့သအပ်ပါသည်ဘုရား။
ဘုရားရှင်သည် အရှင်မဟာမောဂ္ဂလန်မထေရ်နှင့်အတူ အရူပဘုံသို့ကြွရာ ချစ်သားမောဂ္ဂလန် အရူပဗြဟ္မာကြီးတွေကို နင်းမိမှာမို့ ငါဘုရားခြေချတဲ့နေရာမှာ ခြေချဟုဆိုတဲ့ အကြောင်းအရာကို ယုံမှားသံသယ များစွဖြစ်မိပါသဖြင့် လက်လှမ်းမှီရာ ပါဠိတော် အဋ္ဌကထာ ဋီကာတို့၌ ရှာဖွေသော်လည်း မတွေ့ရှိရပါဘုရား။ သီတင်းသုံးဖော် သာမဏေကျော် အဘိဝံသဘွဲ့ရများကို လျှောက်ထားမေးမြန်းရာမှာ ၄င်းတို့ကလည်း မတွေ့ဘူး ဟုပြောကြပါသည်ဘုရား။ ဘုရားတပည့်တော်သိလိုသည်မှာ ဒီစကားဟာ အရပ်စကားလား၊ ကျမ်းဂန်လာစကားလားဆိုတာ ခွဲခြားသိမှတ်လိုပါသဖြင့် မေတ္တာရှေ့ထား၍ ဖြေကြားပေးတော်မူပါဟု ခြေတော်ဦးခိုက် ရိုသေစွာဖြင့် လျှောက်ထားအပ်ပါသည်ဘုရား။
(၅၉) မိုးသု (မန္တလေး) ၏မေးခွန်းကိုဖြေဆိုခြင်း
မြတ်စွာဘုရားသည် ရှင်မောဂ္ဂလာန်နှင့်အတူ အရူပဘုံသို့ကြွသည် စသော စကားမှာ ကျမ်းဂန်လာစကား မဟုတ်၊ အကျိုးမရှိသောနေရာ မြတ်စွာဘုရားကြွလေ့မရှိ၊ ရုပ်တရားကင်းမဲ့သဖြင့် မျက်စိ၊ နား မပါသည့် အရူပ ဗြဟ္မာများနှင့် တွေ့ဆုံစရာအကြောင်းလည်းမရှိ၍ ယုတ္တိကင်းမဲ့သော စကားသာဖြစ်သည်။
webmaster on Tue, 2013-07-23 13:28
No comments:
Post a Comment