အားမပျော့လေနဲ့ ကိုကြီး ( မမတို့)
===============
နိုင်သူတွေ . . . ပြုံးပေမဲ့
ရှုံးသူတွေ . . . ယိုင်နဲခဲ့လို့
အားပျော့နေသလား . . .မမရယ် !
မထူးတော့ပါဟု
ဘဝကို အဆုံးသတ်
အရှုံးတွက်နဲ့ မစတေးလိုက်နဲ့ . . .!
ဲလဲ ရင် လဲ . . . ပြန်ထ
လွဲရင် လဲ . . . ပြန်စဖို့တွက်
ရှေ့ဆက်မဲ့ခြေလှမ်းတွေ အားသစ်မွေးရမယ်လေ . . .!
အားလျော့လို့ . . . မှိုင်
ဇွဲပျော့လို့ . . . ယိုင်နေရင်
ဘဝခရီးလမ်း ပိုကြမ်းပေမပေါ့ . . .!
ဘဝရဲ့ မြူမှုန်လေးတွက်နဲ့
မင်း စိတ်ပျက်နေရင်
မညီညာတဲ့ ဘဝတလျောက်
အမြဲ မင်း ဒူး ထောက်နေရမယ် . . .!
ထ ထ ကိုကြီးရေ ထ
လဲ လို့ ပြန်ထနိုင်ရင်
အနိုင်ဆိုတာ ကိုယ့်လက်ထဲ
ရောက်လာဖို့တွက် မဝေးဘူး . . .!
(ဆယ်တန်းကျလို့ စိတ်ဓာတ်ကျနေသူအကို၊အမများတွက်
ပြန်လည် လန်းဆန်းပါစေ )
မြနန်းကျောင်းတော်သား
No comments:
Post a Comment