Wednesday, June 15, 2016

ရာထူးမလိုချင်သူကို ရာထူးပေးပါ

ရာထူးမလိုချင်သူကို  ရာထူးပေးပါ
======================
နိုင်ငံတော်သမ္မတ ဦးဝင်းမောင်သည်  သမ္မတဖြစ်စက
တစ်နေ့တွင်  မန္တလေး  ပထမအဂ္ဂါဘိဓဇ မစိုးရိမ်ဆရာ
တော်ကြီးထံ  လာရောက် ဖူးမြော်ကန့်တော့၏။

ဆရာတော်ကြီးက  သမ္မတဦးဝင်းမောင်အား -  ဒကာကြီးတို့အစိုးရအဖွဲ့မှာ ရာထူးမလိုချင်တဲ့သူ
(အလုပ်လုပ်ချင်ပြီး ရာထူးမတောင်းသူ)ဘယ်နှယ်
နှစ်ယောက်ရှိမလဲ  စာရင်းကောက်ပါ၊ရာထူးမလိုချင်
တဲ့ လူကို ရာထူးပေးပါ၊ ဒါမှ  ဒီနိုင်ငံကောင်းစားမယ်-
ဟု မိန့်လိုက်သည်။

သမ္မတဦးဝင်းမောင်သည်  ပြုံးပြုံးကြီးလုပ်နေလျက်
ဒီကိစ္စ အတော်ခက်သားပဲဆရာတော်-ဟု  ပြန်လည်
လျှောက်ထားသွားလေသည် ။ ။

( ပထမ  အဂ္ဂါဘိဓဇ မစိုးရိမ်ဆရာတော်ကြီး
ဘဒ္ဒန္တသူရိယာဘိဝံသ-၏  ထေရုပ္ပတ္တိကထာ စာအုပ်မှ)
___________
မန္တလေးမြို့ ၊မစိုးရိမ်တိုက်သစ်
တတိယမဟာနာယကဆရာတော်
ဘဒ္ဒန္တဣန္ဒကာလင်္ကာရာဘိဝံသ၏ ဖေ့ဘုတ်

No comments:

Post a Comment