Wednesday, June 1, 2016
အပြောမဟုတ် လက်တွေ့ လုပ်တဲ့ မဘသ
အပြောမဟုတ် လက်တွေ့ လုပ်တဲ့ မဘသ
!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!
( မဘသ ) #အခမဲ့အထက်တန်းကျောင်းကြီးဖွင့်နိုင်ပြီဟေ့ 
*****************************
#မဟောသဓာအခမဲ့ကိုယ်ပိုင်အထက်တန်းကျောင်း
#လိပ်စာက အမှတ် ၃လမ်း၊ နီလာမှတ်တိုင်အတိုင်းဝင်သွားရင် ရွှေနံ့သာစံပြကျေးရွာ အကျော်..
ဘားလားသစ်ခွခြံ ရောက်ရင် ဘယ်ကွေ့ရပါတယ်။
ကွန်ကရစ်လမ်းခင်းပြီး..
လမ်းညွှန်ဆိုင်းဘုတ် ရှိပါတယ်။
ယခုတွေ့မြင်ရတဲ့ ကျောင်းတော်ကြီး ကတော့
( မဟော်သဓာ)အမည်ရှိ  အမျိုးသားရေး Private School ဖြစ်ပါတယ်။
အကျယ် အဝန်းဟာ ၅ ဧကဖြစ်ပြီး
စာသင်ကျောင်းဆောင်ဟာ အနံ၄၂ ပေ အလျား ၂၅၅ ပေ ရှည်လျားပြီး ၅ထပ်ကျောင်းဆောင်ဖြစ်ပါတယ်။
အဆိုပါကျောင်းတော်ကြီးတွင် မြန်မာနိုင်ငံ အနံ့  ပြည်နယ် တိုင်း အသီးသီးရှိ
တက္ကသိုလ်ဝင်တန်း ကျောင်းသားဦးရေ ၁၅၀၀ကို  အဆင့်မှီပြီး  စရိတ်ငြိမ်း အခမဲ့  သင်ပေးနိုင်အောင် စီစဉ်ထားပါတယ်။
ဒီလို မျိုးဆက်သစ်လူငယ်တွေကို အမျိုးသားရေးနှင့် ပညာရေးကို  ခောတ်မီနည်စနစ်တွေနဲ့ သင်ယူနိုင်အောင် ယခုကျောင်းတော်ကြီးကို [ မဘသ ] ဦးဆောင်ဆရာတော်များမှ ဦးစီး တည်ထောင် တာပါလို့ ဆိုပါတယ်။
ယခုနှစ် ၂၀၁၆ ၂၀၁၇ ပညာသင်နှစ်မှာတော့ ၈တန်းကျောင်းသား ၁၅၀ကို သင်ကြားပို့ ချမှာဖြစ်ပြီး ကျောင်ပိတ်ရက်များတွင်  အင်္ဂလိပ်၊ ကွန်ပြူတာ သင်တန်းများကို နိုင်ငံခြား ပညာရှင်များမှ သင်ကြားပို့ ချမည်ဟု သိရှိရသည်။
အဆိုပါကျောင်းတော်ကြီး  ဆက်လက်
ရပ်တည်နိုင်ရေး အတွက် ၁၀နှစ်အတွင်း ကျပ်ငွေ သိန်ပေါင်း တစ်သိန်းကို ဘဏ်ထဲတွင်  အပ်နိုင်ထားနိုင်အောင် ဆရာတော် ဦပညာဝရမှ ကြိုးစားနေပြီး ၊ မိုးထိမိုးမိ မိသားစုများ အပါအဝင် ၄င်ကျောင်းကြီးကို ၄လအတွင်း အလုပ်သမား ၃၀၀ကျော်ဖြင့် နေ့ ည မပျက် လုပ်ဆောင်လာခဲ့ကာ   နှစ်ဆန်း ၁ရက်နေ့ တွင် အပ်နံမှာ ဖြစ်တယ်လို့ သိရှိရသည်။
အမျိုသားရေး  ဝါဒီများ မုဒိတာ ပွားနိုင်ပြီး အမျိုးသားရေး ကျောင်းတော်ကြီးတွင် မိမိတို့ သား သမီး  ညီ အကို မောင်နှမများ   အပ်နံဖို့ သတင်းကောင်းပါအပ်ပါတော့သည်။
အသေးစိပ်သိလိုပါက
09254843487  ဆက်သွယ်နိုင်ပါကြောင်း--
via>Ashin Sopaka
No comments:
Post a Comment