Thursday, June 16, 2016

အသံတိတ် မျက်ရည်

အသံတိတ် မျက်ရည်
-----------------------

ဒီည မြောင်းမြမြို့က သတင်းကြားရတာ
ဝမ်းနည်းစရာကောင်းလိုက်တာ

တိုက်သစ်ပဇ္ဇောတရုံစာသင်တိုက်မှာ
သံဃာမရှိတော့ဘူးတဲ့

နေခဲ့ဖူးသောစာသင်တိုက်မှာလည်းသံဃာ ၁၅ ပါသာ ရှိတော့တယ်တဲ့ အရင်က တစ်ရာကျော်
လူထွက်ကုန် မလာတော့ကုန်

သာသနာမှ ဘာ့ကြောင့်ထွက်?
*******************-****-

စာမေးပွဲကျလို့ ထွက်၊
စာမလိုက်နိုင်လို့ ထွက်၊
ပစ္စည်းလေးပါးမပြည့်စုံလို့ ထွက်၊
တယ်လီဖုန်းအသုံးများလို့ ထွက်၊
လောကီအာရုံတွေကြောင့် ထွက်၊
မိဘကိုလုပ်ကျွေးရအောင်လို့ ထွက်၊
ကျောင်းထိုင်ဘုန်းကြီးများ မစောင့်ရှောက်လို့ ထွက်၊
ကျန်းမာရေးမကောင်းလို့ ထွက်၊
အလုပ်မရှိလို့ ထွက်၊
လမ်းပျောက်လို့ ထွက်၊
သဒ္ဓါတရားနည်းလို့ ထွက်၊
စာမသင်ချင်လို့၊ပျင်းလို့ထွက်၊
ဝိနည်းသံသယကြောင့် ထွက်၊
နေစရာကျောင်းမရှိလို့ ထွက်၊
မပျော်တော့လို့ ထွက်၊
သူများထွက်လို့ ထွက်။
အိမ်ထောင်ပြုဖို့ ထွက်၊

ဘယ်လိုထိန်းသိမ်းကြမလဲ
'********************

အဖြေရှာဖို့ အလုပ်ရုံဆွေးနွေးပွဲဆောင်ရွက်ပါ။
ပညာရေးစနစ်၊ စာမေးပွဲစနစ်ပြုပြင်ပါ။
ပစ္စည်းလေးပါးပြည့်ပြည့်စုံစုံထောက်ပံ့ပါ။
ကျောင်းတိုက်အတွင်း ဟောပြောပွဲများ၊ ဆွေးနွေးပွဲများ ဆောင်ရွက်ပါ။
ကျန်းမာရေးစောင့်ရှောက်ပါ။
ဆရာတော်များ၊ မိဘများက စောင့်ရှောက်ပါ။ အားပေးပါ။ နှစ်သိမ့်ဆွေးနွေးပါ။
သာသနာပြု အလုပ်များစီစဉ်ပေးကြပါ။
ပရိယတ္တိနဲ့ပဋိပတ္တိ ဒွန်တွဲဆောင်ရွက်ပါ။
တရားများများနာပါ။
တရားအားထုတ်ပါ။
သဒ္ဓါတရားဖြစ်အောင်စာသင်ပါ၊
စာများများဖတ်ပါ။
အတုယူစရာ စံနမူနာကောင်းများရှိပါစေ။
သံဃာတော်ဆိုင်ရာ သာသနာပြုနည်းသင်တန်းများ ပို့ချပါ။
စာမေးပွဲကျလို့ အပြစ်မတင်ကြပဲ အားပေးစောင့်ရှောက်ပါ။
နေစရာ၊ တည်းခိုစရာကျောင်းများ ဖန်တီးပေးပါ။
သံဃာငယ်များကိုနေရာပေးပါ။ အသိအမှတ်ပြုပါ၊
ဒကာ၊ဒကာမများက မိဘသဖွယ်မေတ္တာပေး၍ အားပေးစောင့်ရှောက်ပါ။
နိုင်ငံတော်သံဃနာယကအဖွဲ့ နှင့် အစိုးရအဖွဲ့က ချီးမြေုာက်ထောက်ပံ့ပါ။

တခြားအမြင်လေးများရှိရင် အမိန့်ရှိကြပါဘုရား။

(ဆွေးနွေးကြပါရန် copyကူး၍ ဖြန့်ဝေပါသည်။

No comments:

Post a Comment