#ကကြီးခခွေးယဉ်ကျေးမှုကဗျာများ
===================
က- ကလေးငယ် ချစ်စဖွယ် ယဉ်ကျေးမှုကျောင်း တက်စို့ကွယ်။
ခ - ခရေကုံး မလေးပြုံး ပန်းတော်ကပ်ဖို့ အကောင်းဆုံး။
ဂ - ဂဏာန်းသင် ပြုံးရွှင်ရွှင် ကိုးခြောက်ကိုးဂုဏ် ဦးတော်တင်။
င - ငချိတ်ပေါင်း စားလို့ကောင်း ဆွမ်းတော်ကပ်ဖို့ မေမေပေါင်း။
စ - စခန်းသာ တောင်တန်းပြာ သဘာဝကို ထိန်းသိမ်းပါ။
ဆ- ဆရာမ ရိုသေကြ ဂါရဝေါ စ နိဝါတ။
ဇ - ဇလပ်ဖြူ သင်းကြူကြူ ပန်းတော်ကပ်လို့ ကုသိုလ်ယူ။
ည- ညနေခင်း ရေခပ်ဆင်း မေတ္တာပို့သ ပြုံးပျော်ရင်း။
တ- တမာပင် ရွာအဝင် မြန်ပြည်ကျေးလက် အလှဆင်။
ထ- ထမင်းပွဲ လက်စုံတွဲ မိသားစုတွေ စည်းလုံးနွှဲ။
ဒ - ဒရယ်ယုန် သားမျိုးစုံ မျိုးမသုဉ်းဖို့ ပြုကြကုန်။
ဓ - ဓနိတန်း ပင်လယ်ကမ်း သယံဇာတ ချစ်ကြစမ်း။
န - နဖူးပြင် နံ့သာတင် သမ္ဗုဒ္ဓေရွတ် အလှဆင်။
ပ - ပလွေမှုတ် ကိုဖိုးတုတ် ခေတ်မီအောင်လုပ် ဆိုင်းဝိုင်းထုတ်။
ဖ - ဖရုံယို အလွန်ချို စကားပြောက ယဉ်ကျေးဆို။
ဗ - ဗလကြီး ဆင်ပြောင်စီး မေတ္တာထွေးပွေ့ ရင်းရင်းနှီး။
ဘ-ဘဘိုးအို ဆီးလို့ကြို ကျေးဇူးဆပ်ကြ မြတ်ကုသိုလ်။
မ - မမလေး ဝလုံးရေး မြန်မာစာပေ ထိမ်းသိမ်းရေး။
ယ-ယမင်ခင် ကကြိုဆင် စုံလင်ပြကွက် ဗုဒ္ဓဝင်။
ရ - ရထားကြီး ပျော်ပျော်စီး သံသရာတွေးဆ ထိုခရီး။
လ-လဝါဝါ ထိန်ထိန်သာ ဆွေးနွေးမေးမြန်း တရားရှာ။
ဝ - ဝတုတ်တုတ် ဖိုးဝရုပ် ပန်းဆယ်မျိုးဂုဏ် စောင့်ထိန်းလုပ်။
သ- သပြေညို အောင်ပွဲကြို ကုသိုလ်တိုးဖို့ နေ့စဉ်လို။
ဟ- ဟဟ ရယ်လိုက်ရ တိုးတိုးတိတ်တိတ် ယဉ်ကျေးကြ။
အ- အမေ ဒို့တိုင်းပြေ (၁၃၅)တို့အတူနေ ငါတို့ချစ်တဲ့မြေ။
ဘိုးဘွားဖေမေ အမွေများ ဘာသာ၊သာသနာ တန်ဘိုးထား။
ယဉ်ကျေးမှုတွေ ထိန်းစို့လား ငါတို့ မြန်ပြည်ဖွား ...........။
#သုခိန်(ဗုဒ္ဓတက္ကသိုလ်)
23-4-2014 တနင်္ဂနွေနေ့
No comments:
Post a Comment