Friday, June 17, 2016

နောက်တကြိမ်မဖြစ်အောင်

နောက်တကြိမ်မဖြစ်အောင်
-----------------------------

သီရိလင်္ကာ နိုင်ငံဟာ ဓမ္မစကူးသင်တန်းတွေ
ဖွင့်လှစ်လာတာ နှစ်ပေါင်း တစ်ရာကျော်ခဲ့ပါပြီ

အစိုးရ ရုံးပဲဖြစ်ဖြစ် ကုမ္ပဏီပဲဖြစ်ဖြစ်
ဓမ္မစကူးလက်မှတ်ပါမှ အလုပ်လျှောက်ရတာ
လွယ်ကူသတဲ့ အဲဒီလက်မှတ်ပါမှ အလုပ်ခန့် သတဲ့

လက်ရှိ ဝန်ကြီးချုပ်ကိုယ်တိုင်လည်း
ဓမ္မစကူးသင်တန်း တတ်ခဲ့ဘူးပြီး သင်တန်းဆင်း
လက်မှတ်ရရှိထားသူပါ တဲ့

ထိုင်းနိုင်ငံမှာလည်း စာသင်ကျောင်းက ခလေးတွေကို တရားစခန်းမဝင်မနေရ စနစ်
ကျင့်သုံးနေကြပါပြီ တဲ့

ဒီလိုမျိုးငယ်ငယ်ရွယ်ရွယ်ကတည်းကသာ
ဗုဒ္ဓတရားတော်တွေကို သင်ယူလေ့လာခဲ့မယ်ဆိုရင် နိုင်ငံအတွင်းမှာ
ကိုယ်ကျင့်တရားကောင်းတဲ့ ဝန်ထမ်းတွေ ထွက်ပေါ်လာမှာဖြစ်သလို နိုင်ငံတော်အကြီး
အကဲများဟာလည်း ပြည်သူတွေ ကြည်ညို
လေးစားတဲ့သမ္မတ ဖြစ်မှာ မလွဲပါဘူး

ယဉ်ကျေးလိမ္မာသင်တန်းတတ်ထားဘူသူတွေထဲကဆိုရင် ဘယ်သူပဲသမ္မတဖြစ်ဖြစ် ကိုယ်ချင်းစာ
တရားတွေ မေတ္တာတရားတွေ ပြည့်နှက်နေပြီး
ပြည်သူတွေရဲ့ ဘဝကိုလည်း စာနာ နားလည်း
နိုင်တာပေါ့

မြန်မာနိုင်ငံမှာလည်း

ဝန်ကြီးဌာနတွေ
လွှတ်တော်အမတ်တွေ နဲ့ 
DSA ကျောင်းတွေမှာ သာ

ယဉ်ကျေးလိမ္မာသင်တန်းတွေနဲ့ 
ပူးတွဲပြီး ဖွင့်လှစ်နိုင်မယ် ဆိုရင်

ဘယ်အဖွဲ့ အစည်း
ဘယ်ပါတီကပဲ
သမ္မတ ဖြစ်ဖြစ်

ပြည်သူတွေ
စိုးရိမ်စရာ
ကြောက်စရာ
မလိုတော့သလို

ဗုဒ္ဓသာသနာတော်မြတ်ကြီးအတွက်လည်း
ရင်အေးရလိမ့်မယ်

ဒါ့ကြောင့်

ဒီကိစ္စကို
လွှတ်တော်ထဲမှာ
တင်သွင်းသင့်တယ် လို့   မထင်ကြဘူးလား

          ဦးမြင့်ခိုင်

share

No comments:

Post a Comment