အနာဂတ်ရဲ့ ခေါင်းခေါင်းကောင်း ခေါင်းဆောင်းလောင်းတို့ကို မွေးထုတ်ပေးတော့မည့် "မဘသ" ရဲ့ မဟော်သဓာ အဆင့်မြင့် ကိုယ်ပိုင်အထက်တန်းကျောင်း
@@@@@@@@@@@@@@@@@@@@@@
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏဏ္ဍိတ မဘသ ဥက္ကဋ္ဌ အင်းစိန်ရွာမဆရာတော်ဘုရားကြီး၏ သြ၀ါဒကိုခံယူ၍ မဘသ(ဗဟို) ဦးဆောင်ဆရာတော် ဓမ္မဒူတ အရှင်ပညာဝရ ( ကမ္မဋ္ဌာနာစရိယ၊ ဓမ္မကထိက) ဆရာတော်က ဦးဆောင်ဖွင့်လှစ်မည့် အနာဂတ်သာယာ မဘသရဲ့ "မဟော်သဓာ အဆင့်မြင့်ကိုယ်ပိုင်အထက်တန်းကျောင်း" ၀င်ခွင့်အတွက် ရေးဖြေနဲ့ လူတွေ့ အင်တာဗျူးဖြေကြားမှုကို မဘသ(ဗဟို) ရုံးတည်ရှိရာ အင်းစိန် ရွာမ ပရိယတ္တိစာသင်တိုက်မှာ ကျင်းပခဲ့ပါသည်။
ပညာလည်းရ နှလုံးလှသည့် စာရိတ္တမြင့်မား လူ့အဖိုးတန်ရတနာများဖြစ်ပြီး အနာဂတ်မြန်မာပြည်ကို ဘက်စုံ တိုးတက်အောင်ပြုလုပ်ပေးနိုင်ရန် ရည်ရွယ်ပြီး ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်မှာ နိုင်ငံတကာအဆင့်မီ အဆောက်အဦးများ သင်ရိုးညွှန်းတမ်းများ သင်ထောက်ကူပစ္စည်းများနဲ့ တည်ဆောက်နေတာဖြစ်ပါသည်။
မဟော်သဓာ အဆင့်မြင့်ကျောင်းတော်ကြီးကို ဓမ္မဒူတဆရာတော် အရှင်ပညာဝရ ရဲ့ ဓမ္မပူဇာအလှူငွေများနဲ့ တည်ထောင်နေတာဖြစ်သည်။ နိုင်ငံတကာအဆင့်မှီတည်ထောင်ထားသည့်ကျောင်းဖြစ်သည့်အတွက် တစ်နှစ်တာ၏ ကုန်ကျစာရိတ်မှာ သိန်းပေါင်းထောင်ပေါင်းများစွာကုန်ကြမှာဖြစ်သည့်အတွက် ရေရှည်မှာ ကျောင်းတော်ကြီး အရှိန်အဟုန်မပျက် ချီတက်လက်ပတ်နိုင်ရန် အလှူရှင်တစ်ဦးလျှင် တစ်သိန်း ကျနှုန်းဖြင့် အလှူရှင်ပေါင်း အယောက်တစ်သိန်ရှိလျှင် ထိုအလှူရှင်အယောက်တစ်သိန်းတို့၏ အလှူငွေကိုဘဏ်အပ်၍ ဘဏ်တိုးဖြင့် လည်ပတ်နိုင်ရန် စီစဉ်အကောင်အထည်ဖော်လျှက်ရှိသည်။ ထိုမှသာကျောင်းတော်ကြီးသည် မတောင်းမတရဘဲ ပညာပြည့်ဝ နှလုံးလှသည့် မျိုးဆက်သစ်ခေါင်းဆောင်တို့ကို ပြုစုပျိုးထောင် မွေးထုတ်ပေးနိုင်မည်ဖြစ်သည်။
မဟော်သဓာနိုင်ငံတကာအဆင့်မှီ ကိုယ်ပိုင်အထက်ကျောင်းတော်ကြီးမှာ အထက်တန်းအဆင့် ကျောင်းအိပ်ကျောင်းစား ကျောင်းသား/သူပေါင်း (၁၅၀၀) ကျော်ကို ပညာရေး၊ ဘာသာရေး၊ ကျမ္မာရေး စာဒသောက်နေထိုင်ရေးစသည့် အရေးပေါင်းစုံကို တာဝန်ယူမညမဖြစ်သော်လည်း ယခုနှစ်တွင်မူ ဆောက်လုပ်ဆဲကျောင်းဆောင်များမပြီးစီးသေးသဖြင့် ၀င်ခွင့်အောင်မြင်သည့် အဋ္ဌမတန်း ကျောင်းသား/သူ ၁၂၀ ကျော်ကိုသာ စတင်လင်ခံနိုင်မည်ဖြစ်သည်။
ထိုမဟော်သဓာ ကျောင်တော်ကြီးအဆောက်အဦး နှင့် သင်ထောက်ကူပြု စာသင်ခုံ ကုတင်တို့ကိုလည်း ၃- ၄- စုံမှာယူပြီး အဆငိ့မြင့်ဆုံး အကောင်းဆုံးများကိုသာ အသုံးပြုထားသကဲ့သို့ သင်ရိုးညွှန်းတန်းများကိုလည်း နိုင်ငံတကာပညာရှငိများဖြင့် ရေးဆွဲပြဋ္ဌာန်းသင်ကြားပေးနည်ဖြစ်သည်။
သံဃာတော်များ ဦးစီးတည်ထောင်သည့် အဆင့်မြင့် ပညာဒါနကျောင်းတော်ဖြစ်သဖြင့် ကျောင်းသား/ သူတို့မှာ ပညာကော စာရိတ္တပါ ထိပ်တန်းအဆင့်ရောက်ရှိကြပြီး မိမိ၏ မိသားစု မိမိ၏ နိုင်ငံ မိမိ၏ ဘာသာသာသနာအတွက် အကျိုးပြုမြင့်တင်ပေးနိုင်မည့် သူတော်သူမွန် ပညာရှင်များဖြစ်ကြမည်ဖြစ်ပါသည်။
"မြတ်ဗုဒ္ဓ၏ တရားတော်ဖြင့် လောကကြီးကို အလှဆင်နိုင်ကြပါစေ"
"ဓမ္မ၀ီရ ဒေါက်တာအရှင်တေဇနိယ"
No comments:
Post a Comment