Monday, May 30, 2016

အဘိဓမ္မာ (၇)ကျမ်း

အဘိဓမ္မာ (၇)ကျမ်း
၁။ ဓမ္မသင်္ဂဏီ (Classification of States) ၂။ ၀ိဘင်း(Book of Analysis) ၃။ ဓာတုကထာ (Book of Discourse on Elements) ၄။ ပုဂ္ဂလပညတ် (Book of Classification of Individuals) ၅။ ကထာဝတ္ထု (Book on Points of Controversy) ၆။ ယမိုက် (Book of Pairs) ၇။ ပဋ္ဌာန်း(Book of Conditionl Relations) အဆိုပါ (၇)ကျမ်းကို မသင်ကြားမီ သင်ကြားရာတွင် လွယ်ကူစေရန်အတွက်အရှင်အနုရုဒ္ဓါမထေရ် ရေးသားပြုစုခဲ့သ ည့် အဘိဓမ္မတ္ထသင်္ဂဟ (သဂြိုဟ်) ကို အရင်သင်ရပေသည်။ လက်သန်းအရွယ်အစားရှိသည့် ကျမ်းဖြစ်သည့်အတွက် လက်သန်းအဋ္ဌကထာဟု ခေါ်ဆိုကြလေသည်။ အဘိဓမ္မတ္ထသင်္ဂဟ(သဂြိုဟ်)အဓိပ္ပယ်မှာ အဘိဓမ္မာ၏ အနက်အဓိပ္ပယ်များကို အကျဉ်းချုံး၍ယူရာကျမ်းဟု အဓိပ္ပယ်ရပါသည်။သဂြိုဟ်ကျမ်းသည်အဘိဓမ္မာ(၇)ကျမ်းမှ မည်သည့် ကျမ်းကို ကောက်နှုတ်ထားသည်ဟု ပြောကြား၍ မရနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် စိတ်ပိုင်းတစ်ခုသည်ပင် အဘိဓမ္မာ(၇)ကျမ်းမှ ကောက်နှုတ်ထားသည်ဟု ဆိုနိုင်သောကြောင့် ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် နှစ်စဉ် ဒီဇင်ဘာလတွင် သာသာနာရေးဝန်ကြီးဌာနကကြီးမှူးကျင်းပသည့် အဘိဓမ္မာစာမေးပွဲများသည် သဂြိုဟ်ကျမ်းအခန်း(၉)ခန်းကိုအပိုင်း(၃)ပိုင်းခွဲ၍ ဖြေဆိုနေကြခြင်းဖြစ်ပါသည်။အဆိုပါ အခန်း(၉)ခန်းမှာ စိတ် (Consciousness) ၊ စေတသိက် (Mental Factors)၊ ပကိဏ်း(Miscellaneous)၊ ၀ီထိ (Mental Process) ၊၀ီထိမုတ် (Free of Mental Process) ၊ရုပ် (Matter)၊ သမုစ္စည်း(Categories) ၊ပစ္စည်း (Conditionality)၊ကမ္မဋ္ဌာန်း(Meditation subjects) ဟူ၍ဖြစ်ပါသည်။အဘိဓမ္မာ စာဖြေသူများသည် ၀ီထိပိုင်းတွင် အခက်အခဲ ကြုံတွေ့ရလေ့ရှိပါသည်။အဘိဓမ္မာ စာသင်သားလောကတွင် ၀ီကနဲနေ ထိတာပဲ ဟု ပြောစမှတ် ပြုကြပါသည်။ အဘိဓမ္မာကျမ်းများကို ဆက်လက် သင်ကြားရာတွင်မှု အထိုက်အလျောက် အခက်အခဲများရှိပေသည်။ စာသင်သားလောကတွင်"ကျမ်းကြီးပဋ္ဌာန်းကျမ်းလတ်ဆန်း ကျမ်းငယ်ဓာတုကထာ"ဟု စာဖွဲ့ခဲ့ကြပါသည်။ဆိုလိုသည်မှာ ကျမ်းကြီးတွင် ပဋ္ဌာန်းသည်ခက်၍ ကျမ်းငယ်တွင် ဓာတုကထာ ခက်သည်ဟုဆိုပါသည်။သို့ရာတွင် အဘိဓမ္မာစာသင်သားတို့ အခက်အခဲ တွေ့နေကြသည်မှာ ယမိုက်ကျမ်းပင် ဖြစ်ပါသည်။ မြတ်စွာဘုရားရှင်သည် လွယ်ရာမှ ခက်ရာသို့ အစဉ်လိုက်ဟောတယ်လို့ အကြမ်းယူမည်ဆိုလျှင် ယမိုက်ကျမ်းသည် ဒုတိယ အခက်ခဲအနက်နဲဆုံးကျမ်း ဖြစ်ပေတော့မည်။လယ်တီဆရာတော်ဘုရားကြီးက ပါဠိဒေ၀ီဟု ခေါ်ဝေါ်ခဲ့ရသည့် မစ္စစ်ရီးဒေးဗစ်သည် အဘိဓမ္မပိဋကကို လေ့လာဖူးလေသည်။ပါဠိဒေ၀ီ အမျိုးသမီးသည် ယမိုက်၊ ပဋ္ဌာန်း ပါဠိတော်များသို့ရောက်သောအခါအဘိဓမ္မာ တောဂနိုင်ထဲတွင် မျက်စိလည်ခဲ့ရ ဖူးလေပီ။ထို့ကြောင့် "ကျမ်းကြီးပဋ္ဌာန်း ကျမ်းလတ်ဆန်းကျမ်းငယ်ဓာတုကထာ၊အမည်မထွက် ကြားချောင်လျက် အလွန်ခက်တာ ယမိုက်ပါ" ဟု မှတ်သားရပြန်ပါသည်။အဘိဓမ္မာပိဋကတွင် ဓမ္မက္ခန္ဓာပေါင်း( ၄၂၀၀၀) ပါဝင်၍သုတ္တန်နှင့် ၀ိနည်းတို့တွင် (၂၁၀၀၀) စီပါဝင်ရာ အဘိဓမ္မာသည်သုတ္တန်တရားတော်ထက် ဓမ္မက္ခန္ဓာ အရေအတွက် အားဖြင့်လည်းကောင်း၊ဟောကြားသော နည်းအရေအတွက် အားဖြင့်လည်းကောင်း ထူးခြားဆန်းကြယ် မှု၌ လည်းကောင်း သာလွန်ပါသည်။ဆရာကြီးဒေါက်တာမ င်းတင်မွန် ရေးသားသည့် တက္ကသိုလ်အဘိဓမ္မာ စာအုပ်တွင် အဘိဓမ္မာလေ့လာသူတို့သည် ရုပ်နာမ်တို့ကို ပိုင်းခြား၍သိလာ၍ ကာလအပိုင်းအခြားဖြင့် သက္ကာယဒိဋ္ဌိကို ပယ်ခွာထားသူများ ဟုပင် ရေးသားထားပေရာ အဘိဓမ္မာကို လေ့လာရင်း သာသနာတော်ကို အဓွန့်ရှည်စွာ တည်တံ့စေရန် ဆောင်ရွက်ကြပါဟုတိုက်တွန်းနှိုးဆော် လိုက်ရပေသည်။

1 comment: