Wednesday, May 25, 2016

ကြယ်ကြွေညကို မုန်းမိတယ်

ကြယ်ကြွေညကို မုန်းမိတယ်
***************
လမင်းကြီးကိုပဲ မဲမနေနဲ့
ကြယ်ကလေးတွေကိုလဲ ဂရုစိုက်ပါ။

အရောင်မှိန်တဲ့ကြယ်က
မှိန်လိမ့်မယ်။
အရောင်လက်တဲ့ကြယ်က
လက်မှာပဲ။

လောကအတွက်တော့
ရှိတဲ့စွမ်းအားနှင့်
အလင်းရောင်ပေးနေတယ်ဆိုတာပါ
ဒါဟာ  အရှုံးမရှိနိုင်ဘူး။

ထပ်မကြွေပါနဲ့ ကြယ်ကလေး
အသစ်သစ်တွေနှင့် ပိုမိုလင်းလက်ပါရစေ
တောင်းဆုတွေ ချွေနေရပြီပေါ့။

အနာဂါတ်သာသနာအတွက်တော့
တဖြေးဖြေး ရင်လေးလာရချိန်
ခံတပ် ကတုတ်ကျင်းထဲမှာပေါ့
အင်အားလျှော့လျှော့လာတာ
ဘယ်မှာ တွေးမပူပဲ ရှိပါ့မလဲ။

ကိုယ့်တပ်စိတ်ထဲ ပြန်ဆင်ခြင်တော့
၁၀၀ ကျော်ကျော် ရှိနေနှင့်လဲ
ဒီလိုသာ တဖြုတ်ဖြုတ်ကြွေနေမြဲဆိုရင်
နောင်တစ်ချိန်တွင် ဘယ်လိုလုပ်ပါ့။

ချီးမြှောက်ကြစို့ ညီတူမျှတူ
ဂုဏ်ယူနေတာ ခဏရပ်ထား
ကုန်ကြမ်းများမှာ ဂုဏ်မရှိတော့
ကန့်လန်ကာနောက်ကွယ်
အမေ့ခံထားရင်း
လင်းလက်ခွင့်မရခင်မှာပင်
ကြယ်စင်တွေ လွင့်စင်ကြွေပြုန်း
ငါတော့ ကြယ်ကြွေညကို
မုန်းတတ်လာပြီလေ … ။   ။

                             သုခိတာ ဟောထ
                                    (နီဖာဖြား)

No comments:

Post a Comment