Wednesday, May 25, 2016

ရသလောက် ဆွဲခေါ်ကြမယ်

ရသလောက် ဆွဲခေါ်ကြမယ်
------------------------------------

အင်တာနတ်ခေတ်ရောက်လာတော့
ဗုဒ္ဓဘာသာကို တကမ္ဘာလုံးက ထိတွေ့ ကြရပြီ

ဖားအောက်ဆရာတော်ဘုရားကြီးတို့  သပိတ်အိုင်
ဆရာတော်ဘုရားကြီးတို့ ရဲ့ အမြှော်အမြင်ကြီးမှု့
ကြောင့် ခေတ်ပညာတတ်ရဟန်းသံဃာများ
ပေါ်ထွက်လာတဲ့အတွက် ဘာသာခြားတွေကို
သာသနာပြုရတာထိရောက်လှတယ်

ဗုဒ္ဓနဲ့ ပါတ်သတ်တဲ့နေ့ တွေ နိုင်ငံတကာမှာ
ကျင်းပတာတွေ

ကမ္ဘာကျော်ကြီးတွေအများအပြား ဗုဒ္ဓဘာသာသို့ 
သက်ဝင်ကူးပြောင်းလာလာတွေ နိုင်ငံတိုင်းမှာ
ဝိပဿနာရိပ်သာတွေ ဖွင့်နိုင်လို့  ဝိပဿနာ
တရားတော်ကို ဘာသာခြားတွေ ထိတွေ ခွင့်
ရတာတွေဟာ  ဘယ်ဘာသာအကောင်းဆုံးလဲ
ဆိုတာကို အဖြေထုတ်ပေးနေသလိုပါပဲ

အထူးသဖြင့် ကမ္ဘ့အဆင့်မှီ  ဘီလျှံနာကြီးတွေ
သာသနာ့ဘောင်အပြီးဝင်သွားတာတွေဟာ
ဘုရားရှင်လက်ထက်က သူကြွယ်ကြီးတွေအတိုင်း
ပါပဲ ကြက်သီးမွှေးညှင်းတောင်ထလိုက်ပြီး
ဗုဒ္ဓဘာသာဝင်များတောင် မပြုလုပ်နိုင်တဲ့ အံ့မခန်းသဒ္ဓါတရားတွေပါ

ဗုဒ္ဓဘာသာဟာ
အင်အားနည်းတာမှန်တယ်
ဘာဖြစ်လို့ လည်းဆိုတော့
ကံကောင်းမှ တရားတော်တွေကို
ထိတွေ့ ခွင့်ရလို့ ပဲ
ကမ္ဘာကြီးမှာ ကံဆိုးတဲ့သူများနေတယ်
ဒါ့ကြောင့်လည်း ကမ္ဘာကြီးပူလောင်နေတာပေါ့

အခု

ဗုဒ္ဓဘာသာ ကျယ်ပြန့် ဖို့ အတွက်
fb ကနေ သာသနာပြုလို့ ရတယ်

ဆရာတော်ကြီးတွေလို
မစွမ်းဆောင်နိုင်တာတောင်
fb ကနေ မိမိတို့  နိုင်ရာတာဝန်ကို
စွမ်းဆောင်နိုင်ကြမယ်ဆိုရင်ဖြင့်
ခဏလေးနဲ့  လူသားတွေ ချမ်းသာကြမှာပါ

ဗုဒ္ဓတရားတော်တွေကို ထိတွေ့ ဖို့ သာ
ကိုယ်က တာဝန်ယူပေးပါ
သူတို့ ဖာသာသူတို့  ဘယ်ဘာသာကောင်းသလဲ
ဆိုတာ ဆုံးဖြတ်ပါစေ

fb သုံးစွဲသူတိုင်းမှာ နိုင်ငံတကာက fri တွေရှိပါတယ် ကိုယ်က share လိုက်တာနဲ့ 
နိုင်ငံတိုင်းကို ဗုဒ္ဓတရားတော်တွေ ရောက်သွား
မှာပါ

ကဲ

ဆရာတော်ကြီးတွေ ရဟန်းသံဃာတော်တွေတောင် ဘဝတစ်ခုလုံး
ပေးဆပ်ပြီး သာသနာပြု နိုင်သေးတာပဲ
ကျွန်တော်တို့ လည်း fb သုံးရင်းနဲ့  သာသနာ
ပြုကြရအောင်ဗျာ

ဖတ်သူတိုင်းသာ share ပါက ဗုဒ္ဓတရားတော်
တွေ online မှာ ပြန့် နေပါလိမ့်မယ်

ဖတ်သူကိုစွဲဆောင်ဖို့  တရားတော်ကတာဝန်ယူပါလိမ့်မယ်
တရားတော်ကို ဖြန့် ဝေဖို့ ကတော့
ဗုဒ္ဓဘာသာဝင်များက တာဝန်ယူရပါလိမ့်မယ်

ရသလောက် ဆွဲခေါ်ကြရအောင် နော်

  #ဦးမြင့်ခိုင်

1 comment:

  1. Credit မပျက်ရှယ်ပီး ပြန်တင်ခွင့်ပြုပါရန် ခွင့်ပြုပါခင်ဗျား။

    ReplyDelete