တစ်နိုင်ငံလုံး ရင်အေးစေဖို့ ၊ တစ်ယောက်တည်း ကျောပူခံသူ
☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆☆
ဆရာတော် ဦးဝီရသူဆိုတာ ... မစိုးရိမ်တိုက်ထဲမှာ နဂါးလေးလို့
ချစ်စနိုးနဲ့ အခေါ်ခံရတဲ့အထိ .... သံဃာထုက ချစ်ကြတယ် .... ။
ည(၁၀)နာရီ (၁၁)၀န်းကျင် .... မစိုးရိမ်တိုက်တစ်ခုလုံး ..အလုပ်တွေသိမ်းပြီးချိန်
ဓမ္မသဟာယကျောင်းရှေ့က ....
ပိတောက်ပင်အရိပ်အောက်မှာ ...
ပဌာန်းတရားတော်ကို လမ်းလျှောက်ပွားများနေတဲ့ ....
ရဟန်းတော်တစ်ပါးပါပဲ .....။
လိုအပ်လို့ ..
အမျိုးသားရေး တရားသံတွေ မာထန်နေပြီး ။
လိုအပ်လို့ အသက်စွန့်ပြီး အမုန်းခံနေရပေမဲ့
စာလိုက်သံဃာတစ်ပါးအပေါ်မှာ " ထောင်လွှား မာကြောတဲ့ " မျက်နှာရိပ် တစ်ခါမှပြတာ မရှိခဲ့ဘူး ............ ။
ဆရာတော်ရဲ့ နှလုံးသားမှာ ။ မျှတပြီး ရိုးသားတဲ့ သိမ်မွှေ့စိတ်ရှိတယ် ။
ကြင်နာတတ်ပြီး သနားတတ်တဲ့စိတ်ရှိတယ်ဆိုတာ ... မစိုးရိမ်တိုက်ထဲက
ကိုရင်ငယ်လေးကအစ အားလုံးသိကြတယ် ။
ဆရာတော် တည်ထောင်တဲ့ ပါရမီပျိုးခင်း သွေးအလှူရှင်အသင်းဆိုတာ
မစိုးရိမ်တိုက်ထဲကို လိုအပ်တဲ့သွေးလာရှာကြတဲ့ လူနာရှင်တွေကို စာနာတဲ့နှလုံးသားနဲ့
တထောင့်တစ်နေရာက ကူညီပေးတဲ့ သဘောတွေပါပဲ ...... ။
ဆရာတော်က ကျောက်ဆည်သား ၊ ဒါပေမဲ့ မြန်မာတစ်ပြည်လုံးကို ချစ်တဲ့စိတ်
တစ်သာသနာလုံးကို ကာကွယ်လိုစိတ် ။ အဲဒီစိတ်တွေနဲ့ ရှင်သန်နေတာပါ ...... ။
ဒါပေမဲ့ ဓမ္မ နဲ့ အဓမ္မတိုက်ပွဲမှာ ၊ ဆရာတော်လက်ကိုင်သုံးတဲ့ သဘောထားကတော့
ဓမ္မအတွက် အသက်ကို ဆယ်ခါပြန်ပေးမယ်ဆိုတာပါပဲ ..... ။
ဆရာတော်ဟာ ထောင်ကျခဲ့ဖူးပါတယ် ။ အာဏာလုလို့ထောင်ကျခြင်း မဟုတ် ။
ဥပဒေချိုးဖောက်လို့ ထောင်ကျခြင်းမဟုတ် ။ တစ်မျိုးသားလုံး ရင်အေးစေဖို့
တစ်ယောက်တည်း ကျောပူ ပေးခြင်းမျိုးကြောင့် ထောင်ကျခြင်းဖြစ်ပါတယ် ။
ဆရာတော်နာမည်ကို ဖေ့ဘုတ်သုံးမှ ကြားဖူးပြီး ။
ဆရာတော့်အကြောင်း နည်းနည်းမှ မသိပဲ ၊ လေဖမ်း ဒန်းစီး အီးဖမ်းတရားနာတဲ့
ညောင်နာနာလူတွေရဲ့ အပြစ်ပြောစကားသံ ကြားမိတိုင်း ....
ကျနော် ထက်နေခ (ဟားတိုက်လို့ ရယ်ရတာ )မဆုံးပါဘူး ခင်ဗျာ
မှတ်ချက် ။ အခုရေးပြသမျှက ကျနော်လေ့လာ သိမိသမျှလေးသာ ရှိပါသေးသည်။
ထက်နေခ
Credit-----Htet Nay Kha
No comments:
Post a Comment