Sunday, May 29, 2016

ဗိမ္ဗိသာရထုံး နှလုံးမူ၍

ဗိမ္ဗိသာရထုံး  နှလုံးမူ၍

      မဂဓတိုင်း  ရာဇဂြိုဟ်မြို့ ကြီးတွင် စစ်သည်အင်အား
တဖြည်းဖြည်း လျော့နည်းလာနေသည် ဗုဒ္ဓသာသနာထွန်းကားသော
တိုင်းပြည်ဖြစ်၍ စစ်သည်တော်များ ရဟန်းပြုကြသောကြောင့်ဖြစ်သည်

        ဘုရင်ဗိမ္ဗိသာရ  တိုင်းပြည်အတွက် ရင်လေးရလေပြီ
(မှန်ပါသည်  စစ်သည်အင်အားသည် တိုင်းပြည်အင်အားဖြစ်သည် )
         ရှင်ဘုရင့် ခွင့်ပြုမိန့်မရပဲ  စစ်သည်တော်အား ရဟန်းပြုပေးသော
ရဟန်းများအား မည်သို့သော အပြစ်များရောက်နိုင်ကြောင်း
မင်းတိုင်ပင် အမတ်ကြီးများနှင့် တိုင်ပင်ရလေတော့သည်
ထိုအခါ အမတ်ကြီးများက ဆုံးဖြတ်ချက်ပေးကြသည်

                   ဆုံးဖြတ်ချက်
၁    ဥပဇ္ဈာယ်ဆရာအား ဦးခေါင်းဖြတ်ရမည်
၂    ကမ္မဝါဆရာအား  လျှာဖြတ်ရမည်
၃    ပါဝင်သော ဂိုဏ်းသံဃာအား နံရိုးထက်ဝက်ချိုးပစ်ရမည် ဟု
      ဆုံးဖြတ်ကြလေသည်

      သောတာပန် အရိယာဖြစ်သော ဘုရင်ဗိမ္ဗိသာရအဖို့
တစ်ပူပေါ် နှစ်ပူဆင့်ရလေပြီ တိုင်းပြည်အတွက် ရင်လေးမိရာမှ
သာသနာတော်အတွက်ပါ ရင် မအေးဖြစ်ရလေတော့သည်

       ဘုရင်ဗိမ္ဗိသာရသည် တုန့်နှေးခြင်းမရှိပဲ ဆုံးဖြတ်ချက်ကို
နိုင်ငံ သာသနာ ကောင်းကျိုးအတွက် ပိုင်နိုင်စွာချလိုက်သည်

   သာသနာကို ရန်မူသော အမတ်များကို ရာထူးလျော့ချခဲ့၍
ကြည်ညိုလေးစားသော အမတ်များကို ရာထူးတိုးစေခဲ့သည်
       ဘုရားရှင်ကိုလဲ  သာသနာအတွက် အန္တရာယ်များလွန်း၍
ဘုရင့်ခွင့်ပြုမိန့် မပါသော စစ်သည်တော်ကို ရဟန်းပြုမပေးရန်
လျှောက်ထားလိုက်သည်
   မှန်ကန်သော  ဆုံးဖြတ်ချက်ဟု ဆိုရပေမည်
   ဘုရားရှင်လဲ  ခွင့်ပြုတော်မူသည်

          ယနေ့ မြန်မာနိုင်ငံတော်ကြီးသည် အပြောင်းလွဲများဖြင့်
တိုးတက်အောင် ဆောင်ရွက်နေသော အရေးကြီးသော အချိန်ခါဖြစ်ပေသည်
နိုင်ငံတော်အရေး  သာသနာတော်မြတ်ကြီးအရေးတို့ကို
တိုးတက်စည်ပင်ဖွင့်ဖြိုးအောင် ဗိမ္ဗိသာရထုံး နှလုံးမူ၍
ဆောင်ရွက်နိုင်ကြရန် မေတ္တာ စေတနာ အရင်းခံ၍
နိုးဆော်အပ်ပါသည်

                      အရှင်သုကဝိ  ကြောင်ပန်း

No comments:

Post a Comment