သူတို့ တွေသာ သိခဲ့ရင်
•~•~•~•~•~•~•~•~•~•
မြေလှုပ်တဲ့အကြောင်းရင်း ၈ မျိုးရှိပါတယ်
သ်ပ္ပပညာရှင်တွေသိတာက မြေ ရေကိုခံတဲ့ ဝါယောဓာတ်ပျက်လို့ လှုပ်တာ
တခုပဲသိတယ် ကျန်တဲ့ ခုနှစ်မျိုးကိုမသိဘူး
ဗုဒ္ဓဘာသာမဟုတ်လို့ 
မိုးရွာခြင်းအကြောင်းရင်း ၈ မျိုးရှိပါတယ်
သိပ္ပံပညာရှင်တွေသိတာက အောက်က
တက်လာတဲ့ ရေမှုန်တွေဟာ အထက်ကို
တက်ပြီး ငွေ့ ရည်ဖွဲ့ ရွာတယ် ဒီတခုပဲသိ
ပါတယ် ကျန်တဲ့ခုနှစ်ခုကိုမသိဘူး
ဗုဒ္ဓဘာသာမဟုတ်လို့ 
ဘာမြူဒါတြိဂံမှာအရာဝတ္တုတွေ သင်္ဘောတွေ လေယာဉ်ပျံတွေ ပျောက်
သွားတာ သိပ္ပံပညာရှင်တွေက ဒီနေ့ ထိ
ဘာ့ကြောင့်ဆိုတာ အဖြေမထုတ်နိုင်သေး
ဘူး ပိဋကတ်သုံးပုံထဲမှာ အဲဒီလိုပျောက်တာ ၃ ခုလောက်ရှိတယ်
တယောက်က နှစ်ပေါင်း ၁၅၀ နောက်တ
ယောက်က နှစ်ပေါင်း ၂၅၀ နောက်တယောက်က နှစ်ပေါင်း ၇၀၀
ဒါတွေဟာ ပြိတ္တာဘုံနဲ့ ဆက်နွယ်မှူ့ ပါလို့ 
ဘုရားရှင်ကဟောထားတယ် ဘုရားရှင်
တို့ ၏ အရာသာဖြစ်တဲ့အတွက် သိပ္ပံက
ဘယ်တော့မှလည်းသိခွင့်ရှိမှာမဟုတ်ဘူး
ပုထုစဉ်ရဲ့ဥာဏ်နဲ့ ဆိုတွေးလို့ တောင်မရ
ဘူး ကိုယ်တွေတောင် ဗုဒ္ဓဘာသာဖြစ်နေ
လို့ ယုံကြည့်မှု့ ကြောင့်သိရတာ
ဘာသာခြားတွေ အဖြေမထုတ်နိုင်တာ
မယုံကြည်နိုင်တာဟာ လက္ခံလို့ ရပေမဲ့
တချို့ သောဗုဒ္ဓဘာသာဝင်တွေဟာ
လက်တွေ့ ကျကျ သိပ္ပံ ဆန်ဆန်တွေးခေါ်
မှု့ တွေကြောင့် အဖြေမှန်ဟာ ပိုပိုဝေး
သွားကြတယ်
သိပ္ပံက လူ့ ဘုံ နဲ့ တိရစ္ဆာန်ဘုံ နှစ်ဘုံ
လောက်ပဲ အတည်ပြုလေ့လာနိုင်တယ်
မမြင်အပ်တဲ့ နတ်တို့  ဗြဟ္မာတို့ အကြောင်း
ပြောရင် သူတို့ အတွက် ဒဏ္ဌာရီ ဆန်သ
လိုဖြစ်နေတယ်
အများစုက ဘာသာခြားတွေ ဖြစ်နေလို့ 
လောကကြီးဟာ ၃၁ ဘုံသားတွေရဲ့
အကြောင်းနဲ့ ပါ ပါတ်သတ်နေတာ
တကယ်လို့ သာ သိပ္ပံပညာရှင်တွေ
ဗုဒ္ဓတရားတော်တွေကို ထိတွေ့ ခွင့်ရခဲ့ရင်
ဒီနေ့ လူ့ ဘောင်လောကကြီးဟာ
ငြင်းခုန်စရာတွေ လျော့နည်းပြီး လူ့ လော
ကကြီးဟာ ကောင်းကျိုးတရားတွေနဲ့ 
ပြည့်နှက်နေလိမ့်မယ်ထင်တယ်
ဒါ့ကြောင့်
တကမ္ဘာလုံး ဗုဒ္ဓတရားတော်တွေကို
ထိတွေ့ ခွင့်ရအောင်
ဗုဒ္ဓဘာသာဝင်များ ဝိုင်းဝန်းကြိုးပမ်းကြပါစို့ 
share
No comments:
Post a Comment