Monday, May 30, 2016

မဟာပုရိသဝိတက်

မဟာပုရိသဝိတက်( ဗုဒ္ဓ နေ့ အတွက့်ရေးတဲ့စာ )======================ကဆုန်လပြည့်နေ့ ( ၅ )နေ့ရှိပါတယ်၁ ။ ။ ဗျာဒိတ်ယူသည့်နေ့လေးအသင်္ချေ နဲ့ ကမ္ဘ္ဘာတစ်သိန်းအစကဆုန်လပြည့်နေ့ ။၂ ။ ။ ဘုရားရှင်မွေးဖွားသည့်နေ့မဟာသက္ကရာဇ် ၆၈. ကဆုန်လပြည့်နေ့ ။၃ ။ ။ ဘုရားအဖြစ်ကိုရသည့်နေ့မဟာသက္ကရာဇ် ၁၀၃. ကဆုန်လပြည့်နေ့ ။၎။ ။ ဗုဒ္ဓဝင်အကျဉ်း ဟောသည့်နေ့မဟာသက္ကရာဇ် ၁၀၄. ကဆုန်လပြည့်နေ့ ။၅ ။ ။ ပရိနိဗ္ဗာန် စံသည့်နေ့ ။မဟာသက္ကရာဇ် ၁၄၈. ကဆုန်လပြည့်နေ့ ။၆ ။ ။ ဗုဒ္ဓနေ့ ( ဆဋ္ဌ သံဃာယနာတင် နေ့ )တစ်နေ့ထပ်တိုးတော့ ဗုဒ္ဓ နေ့ ကဆုန်လပြည့်ဟာ၆. နေ့ဖြစ်ရောပေါ့ဗျာ....ဘုရားရှင်ကိုယ်တော်မြတ်ကြီး ဘာကြောင့်များ ဗုဒ္ဓဆိုတဲ့ဂုဏ်နဲ့လောကမှာ ဘုရားရယ်လို့ဖြစ်လာအောင်ဘယ်လိုအတွေးအကြံနဲ့ပါရမီဖြည့်ခဲ့တာလည်းဆိုတာသိကြဖို့လိုတာပါဘဲဘုရားဆိုတာကိုတော့(ဗုဒ္ဓ ဝါဒအရ)သတ္တလောက ( လူ ၊ နတ် ၊ ဗြဟ္မာ ၊ သတ္တဝါ ၃၁ဘုံ)မှာအမြင့်ဆုံးသော၊အမြတ်ဆုံးသောသူကိုဘုရားဟုခေါ်ကြောင်း အဘိဓာန်နိသျသစ်တွင် ဘုရားကိုမြတ်သောသူအဖြစ် ဝရပုဒ်မှ ဗရ ၊ ဗရး ၊ ဗရား ၊ ဘုရား ဟုအဆင့်ဆင့်ပြောင်းလဲခေါ်ကြောင်းသစ္စာ လေးပါးကိုသိသော ဥာဏ်ပညာကြီး ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်အဖြစ် ပုညဝန္နပုဒ်မှ ပုညား၊ဘုရား ဟုအဆင့်ဆင့်ပြောင်းလဲခေါ်ဝေါ်လာသောဝေါဟာရဖြစ်ကြောင်း အဘယရာမ ဆရာတော် အရှင်အဂ္ဂဓမ္မာဘိဝံသ. ကပြဆိုပါတယ်ဘုရားအလောင်းတော်ကြီးရဲ့ စိတ်အကြံ အတွေးနဲ့ပါရမီဖြည့်လာတဲ့အချက်ကိုမဟာပုရိသ၁ ဝိတက်ဆိုပြီးမဟာဝါပါဋိတော်မှာ ၈ မျိုးဖွင့်ပြီးပြပါတယ် ......၁ ။ ။ ဒန္တော ဒမေယျံ ။ငါကိုယ်တိုင်လည်းယဉ်ကျေးအောင့်ကျင့်သုံးမယ်တစ်ပါးသောသူကိုလည်းငါကဲ့သို့ယဉ်ကျေးစေရမယ်၊ယဉ်ကျေးအောင်လည်းညွှန်ပြတော်မူမယ်။၂ ။ ။ သန္တော သမေယျံ ။ငါကိုယ်တိုင်လည်းငြိမ်သက်အောင်ကျင့်သုံးမယ်တစ်ပါးသောသူတို့ကိုလည်းငါကဲ့သို့ငြိမ်သက်အောင်ကျင့်သုံးနည်းညွှန်ပြတော်မူမယ်။၃ ။ ။ ဗုဒ္ဓေါ ဗောဓေယျံ ။ငါကိုယ်တိုင်လည်း ဘယ်တရားဟာအမှန်ဆုံးသောလွတ်မြောက်ရာဖြစ်သလဲဆိုတာကိုတွေ့အောင်ရှာဖွေကျင့်သုံးမယ်၊တစ်ပါးသူတို့ကိုလဲငါရရှိတဲ့အမှန်လွတ်မြောက်ရေးတရားကိုကျင့်နိုင်ဖို့ညွှန်ပြတော်မူမယ်။၎ ။ ။ မုတ္တော မောဓေယျံ ။ငါကိုယ်တိုင်လဲ ဒီသံသရာ ဝဋ်ဆင်းရဲဆိုတဲ့ဇာတိ ၊ ဇရာ ၊ မရဏ. တို့ချယ်လှယ်နေသောဒီဒုက္ခ မှလွတ်အောင်ကျ င့်မယ် ၊တစ်ပါးသူတို့ကိုလည်း ဒီသံသရာဝဲသြဂမှလွတ်စေရမယ် ။၅ ။ ။ နိဗ္ဗူ တော နိဗ္ဗာ ပေယျံ ။ငါကိုယ်တိုင်လည်းသေခြင်းမှကင်းလွတ်တဲ့စင်ကြယ်သောတရားဖြင့်အဆုံးပန်းတိုင်နိဗ္ဗာန်ပြုနိုင်အောင်ကျ င့်သုံးမယ် ၊တစ်ပါးသူတို့ကိုလည်းငါကဲ့သို့စင်ကြယ်သောတရားဖြင့် နိဗ္ဗာန်ပြုနိုင်ရေးညွှန်ပြမယ် ။၆ ။ ။ တိဏ္ဏော တရေယျံ ။ငါကိုယ်တိုင် ဒီသံသရာဝဋ်ဆင်းရဲအပေါင်း၏နယ်မှကူးထွက်လွတ်မြောက်အောင်ကျ င့်မယ်၊တစ်ပါးသူတို့ကိုလည်းဒီသံသရာနယ်မှကူးထွက်လွတ်မြောက်အောင်ဟောဖော်ညွှန်ပြမယ်။၇ ။ ။ အသ၁ာ သတ္တော သ၁ာသေယျံ ။ငါကိုယ်တိုင်လည်း နိဗ္ဗာန်ချမ်းသာသက်သက်အေးငြိမ်းချမ်းသာဖြစ်အောင်ကျ င့်သုံးမယ် ။တစ်ပါးသူတို့ကိုလည်း နိဗ္ဗာန်ချမ်းသာရရှိစေပြီးအပူမရှိ သောက ပရိဒေဝ ဒုက္ခ ဒေါမနသ၁ဥပယာသ တို့မကြုံတွေ့အောင်ညွှန်ပြမယ် ။၈ ။ ။ သုဒ္ဓေါ သောစေယျံ ။ငါကိုယ်တိုင်လည်း တဏှာရာဂရဲ့ကျွန်အဖြစ်ကလွတ်အောင်ကျင့်မယ်၊တစ်ပါးသူတို့ကိုလည်းတဏှာစေခိုင်းသမျှ ခံနေကြရတဲ့သံသရာကျွန်ဘဝ ကလွတ်မြောက်အောင်ဟောဖော်ညွှန်ပြပြီးလွတ်မြောက်စေရမယ် ။အဲ့ဒီလိုအကြံအတွေးနဲ့ ဘုရားဆုပန်ကာလေးအသင်္ချေ နဲ့ ကမ္ဘ္ဘာ တစ်သိန်းပါရမီတွေဖြည့်ကျင့်လာခဲ့ရပါသတဲ့မဟာပုရိသဝိတက်တရားကိုဖတ်ပြီး ဘုရားကျေးဇူးကိုမြင်ရင် တရားကျေးဇူး သံဃာတွေရဲ့ကျေးဇူးဟာလဲဘယ်လောက်ကြီးမားတယ်ဆိုတာမြင်နိုင်ကြပါလိမ့်မယ်.......... ဒီတော့ကျေးဇူးရှိမှန်းသိကြကျေးဇူးကိုလည်းဆပ်တတ်ကြပါ( ကို ဘ.ေ အ.ာ င် )

No comments:

Post a Comment