Monday, May 30, 2016

သာဓု သုတ္တန်

သာဓု သုတ္တန်
အခါတစ်ပါးတွင် နတ်သား (၅) ပါးသည် မြတ်စွာဘုရားထံချဉ်းကပ်ကာအောက်ပါအတိုင်းလျှောက်ထားပါတယ်။ပထမနတ်သားကဒါနသည် အလွန် ကောင်းမွန်သောကြောင့် ပြုသင့်သည်ဟု တပည့်တော်ထင်ပါတယ်လို့ ဆိုတော့ မြတ်စွာဘုရား သာဓု သာဓု သာဓု ဆိုပြီး မှန်ပါတယ် နတ်သားလို့ ဖြေပါတယ်။ဒုတိယနတ်သားကတပည့်တော်က ဒါနပြု ရာတွင် နည်းနည်းများများ မဟူ စေတနာသာ အဓိက ဟုလျှောက်ထားရာ မြတ်စွာဘုရား သာဓု သာဓု သာဓု ဆိုပြီး မှန်ပါတယ် နတ်သားလို့ ဖြေပါတယ်။တတိယနတ်သားကတပည့်တော်က ဒါနပြု ရာတွင် အရေးကြီးသည်မှာ သီလ နှင့် ပြည့်စုံသောအလှူခံ ပုဂ္ဂိလ်မှ အကျိုးပေးသန်ပါတယ် ဘုရားဆိုတော့ မြတ်စွာဘုရား သာဓု သာဓု သာဓု ဆိုပြီး မှန်ပါတယ် နတ်သားလို့ ဖြေပါတယ်။စတုတ္ထနတ်သားကတပည့်တော်က ဒါနပြု ရာတွင် သမ္မာအာဇီဝ နှင့် ရှာဖွေသော ပစ္စည်းနှင့် လှူဒါန်းမှ စင်ကြယ်ကြောင်း လျှောက်ထားလို ပါတယ် ဆိုတော့ မြတ်စွာဘုရား သာဓု သာဓု သာဓု ဆိုပြီး မှန်ပါတယ် နတ်သားလို့ ဖြေပါတယ်။ပဉ္စမ နတ်သားကတပည့်တော်က ဒါနတွေပြုတာတော့ ကောင်းပါတယ်။ သီလဖြည့်ကျင့်လျှင်ပိုမိုကောင်းမွန်တယ်လို့ ထင်မြင်ကြောင်း လျှောက်ထားလို ပါတယ် ဆိုတော့ မြတ်စွာဘုရား သာဓု သာဓု သာဓု ဆိုပြီး မှန်ပါတယ် နတ်သားလို့ ဖြေပါတယ်။ထိုအခါ အဆုံးတွင် မြတ်စွာဘုရားက သင်တို့ ပြောတာ အားလုံးမှန်ပါတယ်။ ထို အင်္ဂါ များနှင့် ပြည့်စုံခြင်းသည် အလွန်ကောင်းမွန်သော ဒါန ဖြစ်သော်လည်း။ ဒါန ထက်သီလဆောက်တည်ဖြည့်ကျင့်ခြင်းသည် ကောင်းမွန်သည်။ထို့ထက် အသာလွန်ဆုံးသော ကုသိုလ်သည် ၀ိပသနာ ဘာဝနာ တရားများ စီးဖြန်းခြင်း ဖြစ်သည်လို့ ငါဘုရား ထပ်မံ ဖြည့်စွက်လိုပါတယ်လို့ ဟောကြားတော်မူလေရာ..နတ်သားများက သာဓု အကြိမ်ကြိမ်ခေါ်ဆိုကြပါတယ်။မှတ်ချက်။ ။ဆရာတော် ဦးသာဓိန ( မင်းကွန်းတောရ) ၏ တရားကိုမှတ်မိသလောက် ပြန်လည် ဝေမျှပါတယ်။

No comments:

Post a Comment