Wednesday, May 25, 2016

**ပန်းခရေ**

**ပန်းခရေ**

ညှာတံတို ခရေဖွေးဖွေး
မေလေး လေခူးဖို့ရောက်
ဖွဖွလေးကောက်လို့
ရွရွလေးခြွေ
သီမယ်လေ ကြိုးလေးနှင့်။

သင်းထုံပျံ့ မွှေးခရေ
မေ့ကေသာ ဆင်ကာမြန်း ဖို့
မေးလှမ်းလို့ ရောက်ခဲ့ပြီ
ပန်းခရေပင် အောက်ဆီ။

သီပြီးလေ ကေသာထက်
ရစ်လျှက် ပတ်ကာခွေ
သော့သော့လေးရယ်နဲ့
ကြော့ရှင်းစွာ လှပုံထူး
ရှုမဝ လှကာနေ။

မြူးနော့လျှက် လှဂုဏ်ထည်
နန်းဟန်ကွယ် မူနွဲ့နွဲ့နှင့်
ဘယ်မတူ လှနိုင်လွန်းတယ်
တင့်လျှက် ချစ်စဘွယ်။

              နှင်းအဉ္စလီ

No comments:

Post a Comment