Wednesday, May 25, 2016

နင့်အတွက် ငါ့အတ္တ

နင့်အတွက် ငါ့အတ္တ
---------------
မနက်တိုင်း မှာ နင့်အနမ်းတွေ နဲ့နိုးပြီး
ညတိုင်းမှာ ငါ့ကိုထွေးပွေ့ထားမဲ့သူက နင်ပဲဖြစ်ချင်တယ်

အပြင်သွားတိုင်းမှာ ငါ့လက်တွဲပြီးလျောက်မဲ့သူဟာ
နင်ပဲဖြစ်ချင်တယ်

ငါဝမ်းနည်းစရာ နဲ့ကြုံဆုံတိုင်း နှစ်သိမ့်ခံစားပေးသူဟာ
နင်ပဲဖြစ်ချင်တယ်

ငါ့လက်ကိုမြဲမြဲ ဆုပ်ကိုင်ပြီး ငါလိုအပ်သမျှ မငြီးမညူ
ဖြည့်ဆည်းပေးသူဟာ
နင်ပဲဖြစ်ချင်တယ်

ပျော်စရာတွေနဲ့ကြုံတိုင်း ငါ့အနားမှာ နင်ရှိနေစေချင်သလို
အားငယ်မှု့တွေကြောင့် သိမ်ငယ်တဲ့အခါမှာလည်း
ငါ့ကိုအားပေးသူဟာ နင်ပဲဖြစ်ချင်တယ်

အဆင်မပြေတာတွေရှိတိုင်း နားလည်ခွင့်လွှတ်ပြီး
ငါ့ကိုအမြဲ အရိပ်တစ်ကြည့်ကြည့် နဲ့ စိုးရိမ်ပူပန်နေသောသူဟာ နင်ပဲဖြစ်ချင်တယ်

ငါဆိုးသွမ်းသမျှကို လူကြီးဆန်ဆန် ခွင့်လွှတ်ပေးပြီး
ငါ့ကို အမြဲအလိုလိုက် အကြိုက်ဆောင်တတ်တဲ့သူဟာ
နင်ပဲဖြစ်ချင်တယ်

အန္တရယ်တွေနဲ့ ကြုံဆုံလာတိုင်း ငါ့ဘက်က မားမားမတ်မတ် ရပ်တည်ပေးပြီး ငါ့အတွက်ဆိုအမြဲအသင့်ရှိတတ်သူဟာ
နင်ပဲဖြစ်ချင်တယ်

နင်ဆိုတဲ့အသိနဲ့ပဲ ချစ်ခဲ့ရတော့ ငါ့ဦးနှောက်နဲ့ အတွေးထဲမှာ
နင်ပဲရှိတော့တယ်လေ
နင်ကလွဲရင် ဘယ်သူမှ ငါချစ်လို့မှမရတော့ပဲ
ငါလိုအပ်တာ နင့်အချစ်ကိုပါ.ချစ်သူရယ်
ဒါတွေက နင့်ကိုချစ်မိလို့ ငါ့အတ္တကြီးခဲ့မိတာပါ

Credit ~{သွေး}~

No comments:

Post a Comment