လက္ခဏာရေးတေးထပ်
------------
ရုပ်အိုလို့ အလုပ်ပို
ကိုယ့်အလို သူမသွား
သူ့အလိုလို အိုအိုသွားတယ်
အနိစ္စပါတကား။
ခါးကလည်းနာ
အားကလည်း မပါလေတော့
ဇရာအို ဒီရုပ်တရားကိုပ
သယ်မ,ကာ ချီကာချရတယ်
ကြီးတဲ့ဒုက္ခ။
အအိုရတဲ့ ဒီခန္ဓာ
အလိုမကျလို့ အဖန်ဖန်နာလည်း
ကိုယ့်အလို သူမတွဲတယ်
အနတ္တပါပဲ။
အတ္တကိုဖယ်
အနတ္တကိုကွယ် ဆင်ခြင်လို့ပွား
ကိုယ့်အလို သူမသွားရင်လည်း
သတိတရားကို ရင်မှာထားပါလို့
ပြင်ဆင်ကာ ရှုမှတ်ပွားရမယ်
သတိပဋ္ဌာန်တရား။ ။
မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ
No comments:
Post a Comment