မျက်ဖြေလင်္ကာ
*********
သူတည်းတယောက်၊ ကောင်းဖို့ရောက်မူ၊သူတယောက်မှာ၊ ပျက်လင့်ကာသာ၊ဓမ္မတာတည်း။
ရွှေအိမ်နန်းနှင့်၊ ကြငှန်းလည်းခံ၊
မတ်ပေါင်းရံလျက်၊ ပျော်စံရိပ်ငြိမ်၊
စည်းစိမ်မကွာ၊
မင်းချမ်းသာကား၊သမုဒ္ဒရာ၊ ရေမျက်နှာထက်၊ခဏတက်သည့်၊ ရေပွက်ပမာ၊တသက်လျာတည်း။
ကြင်နာသနား၊ ငါ့အားမသတ်၊
ယခုလွှတ်လည်း၊ မလွတ်ကြမ္မာ၊
လူတကာတို့၊
ခန္ဓာခိုင်ကျည်၊အတည်မမြဲ၊ ဖောက်လွဲတတ်သည်၊မချွတ်စသာ၊
သတ္တဝါတည်း။
ရှိခိုးကော်ရော်၊ ပူဇော်အကျွန်၊
ပန်ခဲ့တုံ၏၊ ခိုက်ကြုံဝိပါက်၊သံသာစက်၌၊
ကြုံလတ်တုံမူ၊တုံ့မယူလို၊ (စိတ်မြဲသို၍)
ကြည်ညိုစိတ်သန်၊ သခင်မွန်ကို၊
ချန်ဘိစင်စစ်၊ အပြစ်မဲ့ရေး၊ ခွင့်လျှင်ပေး၏ (သည်)၊၊
သွေးသည်အနိစ္စာ၊ ငါ့ခန္ဓာတည့် (တည်း)။
(အနန္တသူရိယအမတ်ကြီး)
No comments:
Post a Comment