Wednesday, May 18, 2016

အဆင့်အတန်းနှင့် တန်ဖိုး။

အဆင့်အတန်းနှင့် တန်ဖိုး။

မိန်းမချင်းတူတယ်။
အရည်အချင်းကွာတယ်၊
အတွေ့အကြုံ ကွာတယ်၊
ဝတ်စားဆင်ယင်မှုကွာတယ်၊
အပြောအဆိုကွာတယ် ၊
အနေအထိုင်အပြု အမူကွာတယ်၊
ဒီတော့ အနေအထားတွေ ကွာတယ်၊

အဲ့ဒီ အနေအထားတွေ ကွာတော့..
စိတ်ဓာတ်တွေလည်း ကွာတယ်၊
စိတ်ဓာတ်တွေ ကွာတော့
အဆင့်အတန်းတွေ ကွာတယ်၊
အဆင့်အတန်းတွေ ကွာတော့
တန်ဖိုးတွေလည်း ကွာခြားသွားတော့တာပေါ့။

အဆင့်အတန်းဆိုတာ...
ငွေကြေးချမ်းသာကြွယ်ဝမှုနဲ့ မဆိုင်ဘူး၊
အနေအထားဆိုတာ...
စည်းစိမ်ပိုင်ဆိုင်မှုနဲ့ မဆိုင်ဘူး ၊
စိတ်ဓာတ်တွေနဲ့ပဲ ဆိုင်တယ်။

လုပ်ရပ်တိုင်းဟာ စိတ်ကြောင့်ဖြစ်တယ်။
ငွေကြောင့် မဟုတ်ဘူး။
စိတ်ကောင်းရင် လူကောင်းမယ် ၊
စိတ်သေရင် လူသေမယ်၊
စိတ်ပုတ်ရင် လူပုတ်မယ်။

မိမိစိတ်ကြောင့်
ကိုယ် ဘယ်လိုလူဆိုတာဖြစ်လာတယ်။
ဒါ့ကြောင့် အဆင့်အတန်းတွေ
တန်ဖိုးတွေ ကွာခြားတယ်ဆိုတာ စိတ်ဓာတ်တွေကွာလို့ပဲဖြစ်တယ်။

မြန်မာပြည်မှာ အမျိုးသမီးဦးရေဟာ
အမျိုးသားဦးရေထက် ၂ သန်းကျော် ပိုများတယ်။
မိန်းမတွေ ပေါတယ် သို့သော် တန်ဖိုးရှိတဲ့
မိန်းမကောင်းတွေတော့ ရှားလာတယ်။

အများနည်းတူပြု မူရင်တော့
အများနည်းတူ စာရင်းထဲမှာပဲ ရှိလိမ့်မယ်။
တန်ဖိုးရှိသူ ဖြစ်ချင်ရင်တော့
တန်ဖိုးရှိအောင် ကြိုးစားနေသင့်တယ်။

smile emotion

Credit Aung Zaw htet

No comments:

Post a Comment