ဘာသာသွေးနှင့် သွေးကောင်းသူ
=====================
မြတ်စွာဘုရား၏ ၄၅ ဝါကြာအောင် ဟောပြတော်မူအပ်သော တရားတော်ကို “ဗုဒ္ဓဘာသာ"ဟု ခေါ်၏၊၊
ထိုဗုဒ္ဓဘာသာ၏ အဆီအနှစ်ဖြစ်သော အကျင့်ကောင်း အကျင့်မှန်ကို “ ဗုဒ္ဓဘာသာသွေး" ဟု ခေါ်၏၊၊
( တကယ်သွေးမဟုတ်သော်လည်း မိဘသွေးက သားသမီးများ၌ ဆက်သွားသကဲ့သို့ ထိုအကျင့်လည်း ဗုဒ္ဓဘာသာသက်ဝင်ယုံကြည်သူတို့စိတ်၌ ဆက်၍ ဆက်၍ လိုက်ပါနေသောကြောင့် သွေးနင့် တူရကား ဥပမာတင်စား၍ ထိုကျင့်စဉ်ကို သွေးဟု ခေါ်ထားသည်၊၊)
ထိုဗုဒ္ဓဘာသာကို ယုံကြည်မှု ဗုဒ္ဓတရားတော်အတိုင်း
ဒါန သီလ ဘာဝနာကို ကြိုးစားမှု၊ ဗုဒ္ဓဘာသာကို ဂုဏ်ရှိအောင် နေထိုင်ပြောဆို ပြုလုပ်မှု၊ ဗုဒ္ဓဘာသာနှင့် ဆိုင်ရာကိစ္စတို့၌ မိရိုးဖလာမဟုတ်ဘဲ အကျိုး အပြစ်ဝေဘန်တတ်သော စိစစ်တ်သော ဉာဏ်ရှိ၍ အကျိုးရှိကိုသာ ရွက်ဆောင်လိုမှု၊ ဘာသာထိရင် မချိအောင် နာတတ်မှု၊ ထိုအချက်နှင့် ပြည့်စုံ၍ ဘာသာတိုးပွားအောင် ကြိုးစားသူကို “ ဘာသာသွေးကောင်းသူ" ဟု ဆိုရပေမည်၊၊
( မဟာဂန္ဓာရုံဆရာတော်ကြီး၏ ဘာသာသွေးကျမ်းမှ )
အရှင်နာယက-ဗုဒ္ဓတက္ကသိုလ်
No comments:
Post a Comment