Monday, May 30, 2016

ဝိနည်း ပညတ်ကြောင်း ၁ဝ-ပါးဝိနည်း

ဝိနည်း ပညတ်ကြောင်း ၁ဝ-ပါးဝိနည်း

ပညတ်ကြောင်း ၁ဝ-ပါး''ရဟန်းတို့ သို့ဖြစ်လျှင်(၁) သံဃာတော်၏ ကောင်းပါပြီဟု ဝန်ခံကျင့်သုံးရန်(၂) သံဃာတော်များ ချမ်းသာစေရန်(၃) အကျင့်သီလ ဖောက်ဖျက်သူတို့ကို နှိမ်နင်းရန်(၄) အကျင့်သီလကို ချစ်မြတ်နိုးသော ရဟန်းတို့ ချမ်းသာစွာ နေနိုင်ရန်(၅) မျက်မှောက်၌ ဖြစ်ကုန်သော ဆင်းရဲအထူးတို့ကိုစောင့်စည်းရန်(၆) နောင်ဖြစ်လတ္တံ့ကုန်သော ဆင်းရဲအထူးတို့ကို ပယ်ရှားရန်(၇) မကြည်ညိုသေးသော သူတို့ကို ကြည်ညိုစေရန်(၈) ကြည်ညိုပြီးသော သူတို့ကို တိုး၍ ကြည်ညိုစေရန်(၉) သူတော်ကောင်းတရား 'သာသနာသုံးရပ်' တည်တံ့ရန်(၁ဝ) ဝိနည်း 'စည်းမျဉ်းဥပဒေ' ကို ချီးမြှောက်ရန်ဟူသောအကျိုးထူး ဆယ်ပါးတို့ကို အစွဲပြု၍ ရဟန်းတို့အား သိက္ခာပုဒ်ကို ပညတ်တော်မူမည်''ဟု မိန့်တော်မူ၏။ရဟန်းတို့ ဤသို့လျှင် ဤသိက္ခာပုဒ်တော်ကို ပြကြကုန်လော့။(က) ''အကြင် ရဟန်းသည် မေထုန်အကျင့်ကို (ပြုကျင့်) မှီဝဲငြားအံ၊ ထိုရဟန်း သည် သာသနာတော်မှဆုံးရှုံးခြင်းသို့ ရောက်၏၊ ရဟန်းကောင်းတို့နှင့် အတူတကွ ပေါင်းသင်းရခြင်းမရှိ'' ဤသို့ (ပြကြကုန်လော့ဟု မိန့်တော်မူ၏)။ဤသို့လျှင် မြတ်စွာဘုရားသည် ရဟန်းတို့အား ဤသိက္ခာပုဒ်ကို ပညတ်တော်မူ၏။သုဒိန် ရဟန်းအကြောင်း ပြဆိုရာအခန်း မြန်မာပြန်ပြီး၏။-

No comments:

Post a Comment