သူတို့ တောင် တရားဟောနေပြီ
-------------------------------------------
ကျစွာမင်းကြီးဟာ ရဟန်းတော်များကို
တနေ့ စာဝါနှစ်ကြိမ်ပို့ ချတယ်
သံဗျင်မင်းသမီးဟာ ကန့် လန့် ကာနောက်ကွယ်
ကနေရဟန်းတော်များကို စာဝါပို့ ချတယ်
သီပေါဘုရင်ဟာ ပထမကျော်အောင်မြင်ခဲ့ပါတယ်
စိတ္တသူကြွယ်ဟာ ပိဋကတ်သုံးပုံဆောင်ကြီးပါ
မြန်မာနိုင်ငံမှာ ပထမဦးဆုံး အဂ္ဂမဟာပဏ္ဌိတ ဘွဲ့ 
ရှိခဲ့တဲ့ ပါဠိဆရာ ဦးဖြေဆိုတာဟာလည်း
လူပုဂ္ဂိုလ်ကြီးပါပဲ
ပုဂံခေတ်တုန်းက ရေခပ်ဆင်းတဲ့အမျိုးသမီး
တွေဟာတဦးနဲ့ တဦး ပါဠိလိုပဲပြောကြသတဲ့
မန္တလေးမြို့ က အဘိဓမ္မာဦအုံးဆိုတာ
ညဝါသင်ကြားတာနာမည်ကြီးလို့  စာသင်သား
ရဟန်းတော်များရဲ့ ကျေးဇူးရှင်ကြီးပေါ့
ဒါကပရိယတ္တိကို ပြောတာပါ
အနာဂါမ်ဆရာသက်ကြီးဆိုတာ ကမ္ဘာကျော်တဲ့
ပဋိပတ္တိဂုဏ်ဆောင်ကြီးပေါ့
ဆရာသက်ရဲ့တပည့် ငွေစာရင်းမင်းကြီး
ဦးဘခင် ဆိုသူဟာလည်း အစိုးရတာဝန်ကြီးကြီး
ယူထားရပေမဲ့ လောကီတာဝန်ရော လောကုတ္တရာ
တာဝန်ပါပူးတွဲပြီး နိုင်ငံ့ဂုဏ်ဆောင်ခဲ့သူကြီးပါ
ဦးဘခင်ကထပ်ပြီးမွေးထုတ်လိုက်တဲ့ ဆရာကြီး
ဦးဂိုအင်ကာကတော့ နိုင်ငံပေါင်း ၁၃၅ နိုင်ငံမှာ
ကမ္မဋ္ဌာန်းဋ္ဌာနတွေဖွင့်ပြီး ကမ္ဘာ့ခေါင်းဆောင်များ
ဗုဒ္ဓဘာသာကို စိတ်ဝင်စားလာအောင် ဟောပြော
စည်းရုံးပြီး ဗုဒ္ဓရဲ့တရားတော်တွေကို ဖြန့် ဖြူးရာမှာ
နှစ်ယောက်မရှိတဲ့ ပုဂ္ဂိုလ်ကြီးပေါ့
သစ္စာဒီပက ဆရာကြီးဦးကြည်
ဦးရွှေအောင်
ဦးသန်း
ဓမ္မာစရိယဦးဌေးလှိုင်
ဒေါက်တာမင်းတင်မွန်
စတဲ့လူပုဂ္ဂိုလ်ကြီးတွေဟာလည်း
သာသနာ့အာဇာနည်ရဟန်းတော်များက
ပြန်ပြီးလေ့လာရလောက်အောင်
စာပေဘက်မှာ ထူးချှန်တဲ့ ပုဂ္ဂိုလ်ကြီးတွေပါပဲ
အခုဆိုရင်
ဥရောပတိုက်မှာ
စစ်သားတွေ အဖွဲ့ အစည်းတွေ တော်တော်များများ
တရားပွဲတွေ ကျင်းပနေကြပြီတဲ့
ပြောချင်တာက
ဗုဒ္ဓသာသနာကို
ပြန့် ပွားအောင်ဆောင်ရွက်ရာမှာ
လူရယ် ရဟန်း ရယ်လို့ 
သတ်မှတ်ချက်မရှိပါဘူး
လေ့လာတဲ့သူ
သိတဲ့သူ
ကျင့်တဲ့သူ
ဖြန့် ဝေတဲ့ သူဟာ
သာသနာပြုပုဂ္ဂိုလ် ပါပဲ
မိတ်ဆွေတို့ လည်း
ရခဲလှတဲ့ ဗုဒ္ဓသာသနာတော်ကြီးကို
တနည်းနည်းနဲ့ 
စောင့်ရှောက်နိုင်တဲ့သူများ
ဖြစ်နိုင်ကြပါစေ
ဦးမြင့်ခိုင်
share
No comments:
Post a Comment