Monday, May 23, 2016

“မဘသအကောင့်များ ဖွဲ့စည်းမည်”

“မဘသအကောင့်များ ဖွဲ့စည်းမည်”
====================

မြန်မာနိုင်ငံလုံးဆိုင်ရာ မဘသအဖွဲ့ကြီး၏ ဆောင်ရွက်ချက်ကို အများကြည်ညိုနိုင်အောင် ရည်ရွယ်ပါသည်။
ကျေးရွာ၊ တိုက်နယ်၊ မြို့နယ်၊ တိုင်း၊ ဗဟိုစသည်တို့မှ ဆိုင်ရာ မဘသ အဖွဲ့များသည် အဖွဲ့ကိုကိုယ်စားပြုသည့် အကောင်းသစ်တစ်ခု ဖွင့်ခဲ့ရပါမည်။
ဥပမာ-မန်း မဘသ၊ ကောလင်း မဘသ၊ မော်လမြိုင် မဘသ၊ ဘားအံ့   မဘသ၊ ရမည်သင်း မဘသ၊ ဗဟို  မဘသ  စသည်တို့ဖြစ်ပါသည်။
၎င်းတို့၌  မဘသ အဖွဲ့ဝင်မှလွဲ၍ မည်သည့်ပုဂ္ဂိုလ်-မည်သည့်အဖွဲ့အစည်းကိုမျှ Friend အဖြစ်လက်မခံရပါ။
ကွန်မန့်မှာ ညစ်ညမ်းပုံ ၊ ညစ်ညမ်းစာတင်မှုများ၊ ကြမ်တမ်းရိုင်းပျမှုများ၊ အမြင်မတော်သည့်အချက်အလက်များ မရှိစေလိုသောကြောင့်ဖြစ်ပါသည်။
အဖွဲ့ဝင် အချင်းချင်း အပြုသဘောဆောင် ဝေဖန်အကြုံပြုခြင်း၊ ဆွေးနွေးမေးမြန်းခြင်းများ ပြုလုပ်နိုင်စေရန် ဖြစ်ပါသည်။

၎င်းအကောင်းများ၌ အဖွဲ့ကိုကိုယ်စားပြုသည့် ဆောင်ရွက်ချက်သတင်းများ၊ ပို့စ်တ်များကိုသာ တင်ရပါမည်။
ဥပမာ-ဓမ္မစကူးလ်၊ ယဉ်ကျေးလိမ္မာသင်တန်းနှင့်ပတ်သတ်သော အခမ်းအနားများ၊ မဘသ နှစ်ပတ်လည်အခမ်းအနား၊ ဟောပြောပွဲ၊ တရားပွဲသတင်းများ၊ အပတ်စဉ်  အစည်းအဝေး၊ လပတ်အစည်အဝေး သတင်းများ။
မဘသ ထံရောက်လာသော အမှုတွဲများဖြေရှင်းပေးရပုံသတင်းများ။
မဘသ အဖွဲ့က ကူညီလိုက်ရသော အမှုအခင်းများ၊ သဘာဝဘေးသင့်ပြည်သူများအား အကူအညီပေးပုံများ။
မဘသ အဖွဲ့သို့ရောက်ရှိလာသော နိုင်ငံတကာဧည့်သည်တော်များ၊ ပြည်တွင်းပြည်ပ သတင်းဌာနများနှင့် တွေ့ဆုံပြောကြားပုံ သတင်းများ။
မဘသ အဖွဲ့ထံလာရောက်လှူဒါန်းသော အလှူငွေများ လှူဒါန်းပုံသတင်းများ။
မဘသ အဖွဲ့အစည်းအားလုံး၏ ဒေသဆိုင်ရာ ကြေညာချက်၊ ညွှန်ကြားချက်များ   စသည်ဖြင့် အမျိုး ဘာသာ သာသနာ   ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ဝတ္ထု၊ ကဗျာ၊ သတင်း၊ ဆောင်းပါး၊ မှတ်တမ်း၊ တေးသီချင်း၊ အသံဖိုင်လ်၊ ဗီဒီယိုဖိုင်လ်များကို တစ်စုတစ်ဝေးတည်း တစ်နေရာတည်း ရယူခံစားနိုင်အောင် စီစဉ်ထားခြင်း ဖြစ်ပါသည်။

ထိုသို့ ဂရုဖွဲ့ထားခြင်းဖြင့် တစ်ဖွဲ့၏ဆောင်ရွက်ချက်ကို အဖွဲ့အားလုံးက သိမြင်းကြည်ညိုနိုင်ခြင်း၊ အတုယူလေးစား၊ အားကျနိုင်ခြင်း၊ အပြိုင်အဆိုင် ဆောင်ရွက်လာနိုင်ခြင်း၊ သတင်းများ ချိတ်ဆက်မိလျှင် ဝိုင်းဝန်းအကူအညီပေးနိုင်ခြင်း၊ အရေးပေါ်ဆောင်ရွက်ချက်များကို အလျင်အမြန် အကောင်အထည် ဖော်နိုင်ခြင်းစသည့် မိသားစု တစ်စုတည်းပမာ စည်းလုံးညီညွတ်စွာ တက်ကြွလှုပ်ရှားလာစေနိုင်ခြင်း အကျိုးတရားကို ခံစားရမည်ဖြစ်ပါသည်။

မဘသ အကောင့်တစ်ခုကို ဝင်ကြည့်လိုက်ရုံဖြင့် မဘသ အဖွဲ့အားလုံး၏ ဆောင်ရွက်ချက်ကို တွေ့မြင်သွားရမည်ဖြစ်သဖြင့် ပြည်တွင်းပြည်ပ ပရိတ်သတ်များ သံသယရှင်းကာ မဘသ အဖွဲ့ကြီးအပေါ် လေးစားကြည်ညိုနိုင်မည် ဖြစ်ပါသည်။

မဘသ (ဗဟို)မှ Application သတင်းဆော့လ်ဝဲ တစ်ခု ဖွင်းထားပါမည်။ ထိုဆော့လ်ဝဲ၌ ယခင်ကလို ဗဟို သတင်းများသာ ဖော်ပြမည်မဟုတ်ဘဲ  မဘသ အကောင့်များထဲမှ ကောင်းနိုးရာ လက်ရွေးစင်သတင်းများကို ကူးယူဖော်ပြပေးမည် ဖြစ်ပါသည်။

မဘသ (ဗဟို) ၌ အွန်လိုင်းမီဒီယာ ကဏ္ဍကို အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက်မှာ သီတင်းသုံးနေထိုင်သော ဒေါက်တာအရှင် တေဇနိယ (ဓမ္မဝီရ အရှင်တေဇနိယ) နှင့် ဒေါက်တာ အရှင်ဝိမလဝံသ (နာလန္ဒာတက္ကသိုလ်)တို့က တာဝန်ယူ ဆောင်ရွက်မည်ဖြစ်သည်။
ထို့ကြောင့် တတိယအကြိမ် ဗဟိုညီလာခံ၌ မဘသ အဖွဲ့အသီးသီးမှ အကောင့်တစ်ခုစီ ဖွင့်လှစ်ခဲ့ကြဖို့ လျှောက်ထားအပ်ပါသည်။

(မဘသ ဗဟို ဥက္ကဋ္ဌဆရာတော်ကြီးနှင့် ဗဟိုဦးဆောင်ဆရာတော်များအားလျှောက်ထား၍ ခွင့်ပြုချက်ရယူထားခြင်းဖြစ်ပါကြောင်း)

မဘသ အဖွဲ့ သတင်းများ ပေးပို့လိုပါက
ဝ၉ ၄၅ဝ ၁၂၇၉၆၉
+၉၁၈ ၉၆၉ ၇၃၉ ၄၅ဝ သို့
( Viber ဖြင့် ပေးပို့နိုင်ပါပြီ  )

ဝီရသူ(မစိုးရိမ်)
22.5.2016
PM-6:39

No comments:

Post a Comment