အထင်မသေးလိုက်ပါနဲ့
~~~~~~~~~~~~~
~သေနတ်မကိုင်လို့
တိုင်ပြည်ချစ်စိတ်မရှိဘူးမပြောပါနဲ့
မြေဖြူ ကိုင်ပြီး တိုင်းပြည်ကို
ကာကွယ်နေသူတွေပါ။
~တောတွေတောင်တွေမကျော်ရလို့
လျှို မြောင်ခင်တန်းတွေမဖြတ်ရလို့
စားနပ်ရိက္ခာကို
မထမ်းပိုးမသယ်ဆောင်ရလို့
မပင်ပမ်းဘူးမပြောပါနဲ့
သေနတ်တစ်လက် ဓားတစ်ချောင်းကို
လူတိုင်းကိုင်နိုင်ပေမဲ့
မြေဖြူ တစ်ချောင်း မင်နီဘောပင်ကို
လူတိုင်းမကိုင်နိုင်ပါဘူးကွာ။
~ဆေးထိုးအပ်မကိုင်ရဲလို့
သတ္တိမရှိဘူးမပြောပါနဲ့
မင်နီကိုင်တဲ့လက်က
သတ္တိရှိအောင်မွေးပေးတဲ့
တုနှိုင်းမဲ့ လက်တွေပါ။
~အဖြူ အစိမ်းနဲ့မို့လို့
အထင်မသေးပါနဲ့
သူတို့ဝတ်တဲ့အဖြူ အစိမ်းက
တန်ဖိုးမဖြတ်နိုင်တဲ့
လူသားအရင်းအမြစ်တွေ
မွေးထုတ်ပေးနေတာ။
~လစာမက်တယ်မပြောပါနဲ့
သူတို့လစာနဲ့
တိုက်တစ်လုံး ကားတစ်စီး
ဝယ်နိုင်တဲ့သူ
တစ်ယောက်မှမရှိဘူး။
~တုတ်နဲ့ရိုက်လို့
စာနာစိတ်မရှိဘူးမပြောပါနဲ့
တုတ်မကိုင်ချင်ဘဲ
ကိုင်ခဲ့ရတဲ့သူတွေပါ။
~သူတို့တပည့်ကို
စေတနာနဲ့တုတ်ကိုင်
ဆုံးမတဲ့အခါ
ရုံးရောက်…ဂတ်ရောက်နဲ့
မိဘတွေက
လူမဆန်စွာရိုက်နေတာတွေကို
ဒီအတိုင်လက်ပိုက်ကြည့်နေကြတာပါ။
~ကလေးစာမေးပွဲအောင်တာ
အပြင်ကသင်လို့လား
ကျောင်းကသင်လို့လားတဲ့။
အဲ့ဒီလို အနှောင်းသေချာအောင်
သူငယ်တန်းတုန်းက
လက်ကလေးကိုသေချာကိုင်
ဝလုံးဝိုင်းအောင်ရေးပေးတဲ့
ကန့်ကူလက်လှည့် မြတ်ဆရာတွေပါ။
~ကျူ ရှင်တွေမသင်ရလို့
ဆရာ/မတွေ လာဘ်ပိတ်တယ်ဟုတ်လား
အခကြေးငွေမယူဘဲ
သူတို့ပုခုံးကို လှေကားလိုအသုံးပြု
တပည့်တွေအထက်ရောက်နေသ၍
ဘယ်တော့မှလာဘ်မပိတ်ဘူး။
ပီတိစမ်းရေကတော့
စီးဆင်းနေဦးမှာပဲ။
~အနာဝလည်း မနှိုက်နဲ့
ဆရာ/မလည်း မကြို က်နဲ့တဲ့
အနာဝကိုနှိုက်ချင်နှိုက်ပါကွာ
ဆရာ/မကိုတော့မကြိုက်ပါနဲ့
ဆရာ/မ ဆိုတာ
တော်ဝင်သဇင်လိုပဲ
မင်းမျိုးမင်းနွယ်မှ ဆင်ယင်နိုင်တာ။
လူတိုင်းနမ်းခွင့်မရှိတဲ့ ပန်းတစ်မျိုးပဲ။
~အပျို ကြီး လူပျို ကြီးတွေမို့
တစ်ကောင်ကြွက်လို့ထင်လား
အိမ်ထောင်ပြု ရင်
အများဆုံးကလေး ယူရ တစ်ကျိပ်ပေါ့
သူတို့မှာက ဝမ်းမနာ
သားသမီးတွေ ပုံ လို့
ကြယ်တွေကိုရေတွက်လို့ရလား
သူတို့သားသမီးတပည့်တွေကလည်း
ရေတွက်လို့မရဘူး။
~မိဘက သားသမီးကိုချစ်တယ်ဆိုတာ
ကိုယ်မွေးတဲ့သားသမီးကိုပါ
သူတို့တွေက မိတစ်ထောင် ဖတစ်ထောင်ရဲ့
သားသမီးတွေကို ကြက်မကြီးတွေလိုပဲ
ရင်အုပ်မကွာစောင့်ရှောက်နေကြတာ။
~မင်းတို့က သူတို့ထက်
ရာထူးသာချင်သာမယ်
လစာသာချင်သာမယ်
ပတ်ဝန်းကျင်အသိုင်းအဝိုင်း
သာချင်သာမယ်
အရာရာမှာ သာချင်သာနေပါ့မယ်
ဒါပေမဲ့ သူတို့နဲ့တော့
မင်းယှဉ်လို့မရဘူးနော်
လက်တွေ့မှာမင်းကသာနေပေမဲ့
နှိုင်းလိုက်တာနဲ့
မင်းဟာ တိရစ္ဆာန်ဖြစ်သွားပြီဆိုတာ
မင်းတို့ကလေးတွေသိထားပါ။
မှတ်ချက် ။ ။ တစ်ဖတ်လူအားပုတ်ခတ်ပြော
လိုရင်းမရှိပါ။ ကျွန်တော့်အနေနဲ့ ဆရာ့ဘဝကို
ရိုသေလေးစား တန်ဖိုးထား တတ်ပြီး ဆရာ့
ကျေးဇူးကိုအထူးသိတတ်နားလည်တတ်သော
တပည့်များ၊ ကျေးဇူးရှင်သင်ဆရာ/မြင်ဆရာ/
ကြားဆရာများအားလုံးကို မစော်ကားမိအောင်
မိမိတတ်နိုင်သည့်ဘက်မှ တတ်စွမ်းသမျှလေး
ကြိုးစားအားထုတ်မိပါကြောင်း…အမှားရှိပါက
ဝန်ချ တောင်းပန်ပါသည်။ ဆရာ့ဘဝကို နား
လည်နိုင်ပါစေ။
လေးစားလျှက်
ဆရာတိမ်ထွဋ်ခေါင်
ပခုက္ကူ ပညာရေးကောလိပ်
D.T.Ed (15/10), Section (D)
No comments:
Post a Comment