သဘောနက်လို့ လက်တို့သည်
နိဗ္ဗာန်ကို ရသည် မရသည် အတွက်နှင့် ခန္ဓာငါးပါး သဘာဝတရားက
လျှော့ခြင်း နည်းခြင်း တိုးခြင်း ဆုတ်ခြင်း မရှိ ခန္ဓာငါးပါး အတိုင်းသာရှိသည်
ဂင်္ဂါဝါဠု သဲစုမျှမက ပွင့်တော်မူကြကုန်သော ဘုရားရှင်
အပေါင်းတို့တွင် တစ်ဆူတစ်ဆူသော ဘုရားရှင်ထံမှာ
ပုဂ္ဂလအဓိဋ္ဌာန်အားဖြင့် နှစ်ဆဲ့လေးသင်္ချေနဲ့ ကုဋေခြောက်ဆယ်
ဗိုလ်ခြေတစ်သိန်း ကျွတ်တန်းဝင်ကြသည်ဟု စာဆိုရှိလေသည်
စတုဝီသတိ အသင်္ချေယော သဋ္ဌိယောစေဝ ကောဋိယော
ပါဏသတ သဟဿာနိ ဧကောဗုဒ္ဓေါ ပမောစယိံ
လူနတ်ဗြဟ္မာ သတ္တဝါသာ အစစ်အမှန်ရှိက ကုန်လောက်ပေပြီ
ထိုသို့ကားမဟုတ်ပြီ ဓမ္မဓိဋ္ဌာန်ဖြစ်သော ခန္ဓာငါးပါး သဘာဝ
တရားကြီးက ရော့နည်း တိုးဆုတ်မရှိ သဘာဝအတိုင်းသာရှိသည်
ထင်ရှားစေအံ့ ကောင်းကင်၌ရှိသော နေလ အရောင်ကြောင့်
သမုဒ္ဒရာ အိုင် အင်း ရေတွင်း ရေကန်တို့၌၄င်း အယုတ်စွဆုံး
ရေရှိသော ခွက်ဖလား၌သော်၎င်း နေရိပ် လရိပ် ထင်လာသည့်ပမာ
ဥပမေယျစပ်ဟပ်သော်
အကြောင်းပြုမျှ သင်္ခတ ပရမတ်က နေလနှင့်တူသည်
အကျိုးဖြစ်သော ရုပ်နာမ်ခန္ဓာသင်္ခါရတရားက နေလအရောင်နှင့်တူသည်
ဣန္ဒြိယဗဒ္ဓဖြစ်သော အကြည်ရုပ် ၆ ပါးသည် ရေတွင်း ရေကန်၌ရှိသော
ရေနှင့်တူသည်
ရေမျက်နှာပြင်၌ထင်လာသော နေအသွင် လအသွင် အရိပ်ထင်မှုကား
ထိုအကြည်ရုပ် ၆ ပါး၌ထင်လာသော လူအသွင် နတ်အသွင်
သွားမှုအသွင် ရပ်မှုအသွင် အရိပ်ထင်မှုမျှသာဖြစ်လေသည်
ထိုရေတွင်း ရေကန် အသင်္ချေရှိ၍သော်၎င်း မရှိ၍သော်၎င်း
နေလမှာ သွားလာရောင်လင်း ယိုယွင်းမရှိ ပကတိတည့်နေသကဲ့သို့
အနိစ္စဓာတ် ပရမတ်ဖြစ်သော ခန္ဓာငါးပါးတရားကြီးသည်
နိဗ္ဗာန်ကို ရသည် မရသည်ဆိုသော ပုဂ္ဂိုလ်သတ္တဝါ အတွက်နှင့်
လျှော့နည်း တိုးဆုတ် မရှိ ပကတိအတိုင်းသာတည်နေသည်
ဉာဏ်ပထျာ ဖြန့်ကျက်နိုင်ကြပါစေ
အရှင်သုကဝိ ကြောင်ပန်း
No comments:
Post a Comment