Monday, May 16, 2016

အဋ္ဌမတန်း အောင်မြင်ပြီးသူများ တက်ရောက် နိုင်သည့် နည်းပညာအထက်တန်း ကျောင်း

အခြေခံပညာ အဋ္ဌမတန်း အောင်မြင်ပြီးသူများ တက်ရောက် နိုင်သည့် နည်းပညာအထက်တန်း ကျောင်း ၃၃ ကျောင်းတွင် ယခုလ နောက်ဆုံးပတ်အထိ ကျောင်း အပ်လက်ခံမည်ဖြစ်ကြောင်း နည်း ပညာနှင့် သက်မွေးပညာဦးစီးဌာန မှ  သတင်းရရှိသည်။

နည်းပညာအထက်တန်း ကျောင်းများတွင် အဆောက်အ အုံ၊ အီလက်ထရွန်နစ်၊ လျှပ်စစ်၊ မော်တော်ယာဉ်၊ စက်ပစ္စည်း အ စိတ်အပိုင်းများ ထုတ်လုပ်ခြင်း၊ ရေခဲသေတ္တာနှင့် လေအေးပေး စက်၊ သတ္တုပစ္စည်းထုတ်လုပ်ခြင်း နှင့် သုတစသည့် နည်းပညာသင် တန်း ရှစ်မျိုး သင်ကြားပေးမည်ဖြစ် ပြီး သင်တန်းကာလ  ၂ နှစ် ဖြစ် သည်။

‘‘သင်တန်းသားအရေအ တွက်က အစိုးရနည်းပညာ အ ထက်တန်းကျောင်းတွေပေါ်မှာ မူတည်ပြီးတော့ အနည်းငယ် အ ပြောင်းအလဲရှိပါမယ်’’ဟု နည်း ပညာနှင့် သက်မွေးပညာဦးစီးဌာန မှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။

အဆိုပါသင်တန်း တက် ရောက်ခွင့်ရရှိပါက တစ်ဦးလျှင် တစ်လ ကျပ်သုံးသောင်းနှုန်းဖြင့် သင်တန်းတက်ရောက်နေသည့် ကာလအတွင်း ပေးအပ်မည်ဖြစ် ပြီး ထူးချွန်စွာအောင်မြင်ပါက AGTI ပထမနှစ်သင်တန်းသို့ သက်ဆိုင်ရာအစိုးရစက်မှုလက်မှု သိပ္ပံများ၏ ၀င်ခွင့်ရွေးချယ်ရေးမူ အတိုင်း လျှောက်ထားနိုင်မည်ဖြစ် သည်။

အစိုးရနည်းပညာ အထက် တန်းကျောင်း အောင်လက်မှတ် ရရှိပြီးပါက အစိုးရနှင့် ပုဂ္ဂလိက လုပ်ငန်းများတွင် စက်မှုကျွမ်းကျင် ၀န်ထမ်းအဖြစ် လျှောက်ထားနိုင် ပြီး အစိုးရနည်းပညာအထက်တန်း ကျောင်း ဒုတိယနှစ်ရောက်ရှိပါက တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ပြင်ပဖြေအဖြစ် ၀င်ရောက်ဖြေ ဆိုခွင့်ရှိကြောင်း နည်းပညာနှင့် သက်မွေးပညာဦးစီးဌာနမှ သိရ သည်။

သင်တန်းဝင်ခွင့် လျှောက် လွှာများကို မိမိလျှောက်ထားလို သည့် အစိုးရနည်းပညာအထက် တန်းကျောင်းများတွင် မေလ ၁၁ ရက်က စတင်ထုတ်ယူနိုင်ပြီး ၂၄ ရက် နောက်ဆုံးထား၍ မိမိတက် ရောက်လိုသည့် အစိုးရနည်းပညာ အထက်တန်းကျောင်းသို့ လျှောက် ထားနိုင်သည်။

ပညာရေးဝန်ကြီးဌာန၊ နည်း ပညာနှင့် သက်မွေးပညာဦးစီးဌာန လက်အောက်ရှိ ပူတာအို၊မြစ်ကြီး နား၊ ဗန်းမော်၊ ခန္တီး၊ မင်းတပ်၊ ကလေး၊ မုံရွာ၊ ပခုက္ကူ၊ လားရှိုး၊ ပင်လုံ၊ တောင်ကြီး၊ ကျိုင်းတုံ၊ မိတ္ထီလာ၊ လွိုင်ကော်၊ နေပြည် တော်၊ မကွေး၊ ပြည်၊ တောင်ငူ၊ စစ်တွေ၊ ဟင်္သာတ၊ မအူပင်၊ ပုသိမ်၊ ဘားအံ၊ မော်လမြိုင်၊ ထားဝယ်၊ မြိတ်၊ ပင်းပက်၊ မြင်းခြံ၊ ချောင်းဦး၊ ရွာမ၊ လက်ခုပ်ကုန်း၊ တီးတိန်၊ မန္တလေး စသည့် အစိုးရ နည်းပညာအထက်တန်းကျောင်း ၃၃ ကျောင်းတွင် ယခုနှစ် ၂၀၁၆-၁၇ ပညာသင်နှစ်အတွက် သင်တန်းသားအသစ်များ ခေါ်ယူရန် စီစဉ်နေသည်။

No comments:

Post a Comment