ကိုရင်လေးတွေ သာသနာမှာလျော့ပါးလာရခြင်း
••••••••••••••••••••••••••••••••••••••••
သံဃာတပါးကို ဆွမ်းခံအိမ် ဆယ်အိမ်
ဆယ့်ငါးအိမ်လောက် အနည်းဆုံး
ရှိပါတယ်။ ကိုယ့်အိမ်ကို ဆွမ်းခံကြွလာတဲ့
သံဃာအပေါ်မှာအိမ်တိုင်းက တာဝန်ကျေမယ်
ထောက်ပန့်လှူဒါန်းမယ်ဆိုရင်အဆင်မပြေတဲ့
သံဃာဆိုတာ ရှိမှာမဟုတ်ပါဘူး။
ရွာကျော်ပြီးခဲမပြစ်ကြစတမ်းပေါ့လေ။
အခုခေတ်က ကျောင်းထိုင်ဆရာတော်မှ နိုင်ငံကျော်ဓမ္မကထိကမှ BA MA ဘွဲ့ရမှ
ဒေါက်တာဘွဲ့ရမှ စသဖြင့် ရွေးချယ်လှူဒါန်း နေကြတော့ ရှင်သာမဏေ ကိုရင်မျိုးသုဉ်းရေးဝါဒ
ကျင့်သုံးနေသလို ဖြစ်နေတယ်လို့ မြင်မိပါတယ်။
လူထွက်သွားသမျှ ကိုယ်တော်
လေးတွေကလဲ ရဟန်းငယ်တွေနဲ့ ရှင်သာမဏေလေးတွေများပါတယ်။
ကျောင်းထိုင်တွေ'လက်ထောက်တွေ'လူထွက်တာ ဘွဲ့ရပညာတတ် ဓမ္မကထိကတွေ လူထွက်တာ
ရှားပါတယ်။ရှိလဲ တစ်ပါးတလေပါ။
မိမိအမြင်ပြောရရင် လူချမ်းသာ
လူဆင်းရဲ အလွှာနှစ်ခု ကွာဟ
လွန်းနေသလို ဘုန်းကြီးလောကလဲ ဒီလိုဘဲ
ထင်ပါတယ်။ လူဆင်းရဲတွေကို
ဖေမကူညီသင့်သလို ဦးပဇင်းငယ် ကိုရင်ငယ်လေးတွေကို ဂရုတစိုက် လှူဒါန်းသင့်ပါတယ်။
စာချဦးပဇင်းလေးတပါးကရင်ဖွင့်ဖူးပါတယ်။
တနေ့ကို - ၄ နာရီ စာချရပါတယ်။
ကိုယ့်ဆွမ်းကိုယ်ခံစားပြီး စာဝါချပေးလာတာ
၇- နှစ်ရှိလာပါပြီ ကွန်ပြူတာ တစ်လုံး
မပိုင်ပါဘူးတဲ့။
ဖုန်းတောင်ရွာက သီးနှံအဆင်ပြေတဲ့အခေါက်နဲ့
တိုးလို့ ဝယ်ထားရတာ။ အရမ်းကိုင်ချင်လို့ သင်္ကန်းအကောင်း စားနှစ်စုံတောင် မဝတ်ရက်ဘဲ
စိုက်ထည့်ပြီးမှ ဝယ်ထားရတာ ဖုန်းကိုင်လို့ မကြည်ညိုနိုင်ရင် သဘောပါဘဲ။
လူထွက်ပေးဆိုလဲ ထွက်ပေးပါ့မယ်တဲ့။
ကိုယ်တွေဖြင့်စိတ်တောင် မကောင်ဘူး။ နောက်
တော့ ကိုတွေလဲ ဘယ်ဘုန်းကြီး ဖုန်းကိုင်ကိုင်
အပြစ်မပြောတော့ပါဘူး။
အမှန်တကယ် ထိထိရောက်ရောက် သာသနာ
ပြုချင်ရင် ကိုရင်ငယ် ဦးပဇင်း
ငယ်လေးတွေရဲ့ ရင်ဖွင့်သံကို
နားထောင်ကြပါ။
ဓမ္မကထိကဆရာတော်ကို ဆယ်သိန်းလှူ
ဒါန်းနိုင်ပြီး စာချသံဃာ စာသင်
သံဃာ ဆွမ်းခံသံဃာကို တသောင်းမလှူဒါန်းနိုင်သော
လွဲမှားသည့် ပကာသနမက်
သာသနာထောက်ပန့်နည်းမျိုး
ရှောင်လွှားနိုင်ကြပါစေ။
စာချစာသင် ကိုရင် ဦးဇင်း မရှိရင်
နိုင်ငံကျော် ဓမ္မကထိကဆရာ
တော်နဲ့ ကျောင်းထိုင်ဆရာတော်ဆိုတာ
ရှိလာမှာ မဟုတ်ပါဘူး။ ကိုရင်ကွယ်ပျောက်
ဦးဇင်းကွယ်ပျောက်သော်နိုင်ငံ
ကျော် ဓမ္မကထိကဆရာတော်နဲ့
ကျောင်းထိုင်ဆရာတော်တွေလဲ ကွယ်ပျောက်ရမှာမို့ စာသင်တိုက်နဲ့ ရဟန်းသံဃာငယ်တွေကို
ဝန်းရံကြပါစို့.....။
စာသင်သားလေးများ၏ ဘဝပုံရိပ်များ
No comments:
Post a Comment