#ဦးကိုးဦးနဲ့ မြန်မာ
**************
မြတ်ဗုဒ္ဓသာသနာ မှာ
မြန်မာလူမျိုးတို့ဟာ ကံကေါင်းစွာ အဦးအဖျားကိုးခုရရှိခဲ့ပါတယ်။
အဲဒါ ဘာတွေလဲဆိုတော့~~~
၁။ မြတ်စွာဘုရားပွင့်တော်မူတော့
မြတ်စွာဘုရားပဲလို့သိပြီး ပထမဦးဆုံးဖူးခွင့်ရတာလူသားထဲမှာတော့ မြန်မာ (တဖုဿနဲ့ဘလ္လိက.)တို့ပါ
၂။ မြတ်စွာဘုရားကိုဖူးတွေ့တော့ ဘုရားက
တရားလဲဟောသေးလို့ တရားဦးနာခဲ့ရတာ
မြန်မာတို့ပါ
၃။မြတ်စွာဘုရားကို ဆွမ်းဦးစွာကပ်ခွင့်ရခဲ့တာမြန်မာတို့ ပါ
(သုဇာတာ ကပ်သောဆွမ်းက ဘုရားမဖြစ်မီက
ဖြစ်ပါတယ်)
၎။ သရဏဂုံ ဦးစွာဆောက်တည်ခွင့်ရခဲ့တာပါ
ထိုအချိန်က သံဃာမပေါ်သေးတော့
ဗုဒ္ဓံ ဓမ္မံဆိုတဲ့ သရဏဂုံ ၂ပါးကို
ဆောက်တည်ခွင့်ရခဲ့တာပါ။
၅။ဘုရားရဲ့ဆံတော်ကို ဦးဦးဖျားဖျား
ရရှိခဲ့တာမြန်မာပါ
၆။ ဥပသကာ ဦးဦးဖျားဖျား
ဖြစ်ခွင့်ရခဲ့တာ မြန်မာတို့ပါ
၇။ဗုဒ္ဓဘာသာ ဦးဦးဖျားဖျား ဖြစ်ခွင့်ရခဲ့တာ
မြန်မာတို့ပါ
၈။ ဧတဒဂ် လည်းဦးဦးဖျားဖျားရရှိခဲ့ပါတယ်
နောက်မြတ်စွာဘုရား ဇေတဝန်မှာသီတင်းသုံးတော့ ငါဘုရားသာသနာမှာ ဥပသကာအဖြစ်နဲ့
ဗုဒ္ဓဘာသာဖြစ်တာ တဖုဿနဲ့ဘလ္လိကပဲလို့
ဥပသကာ ဧတဒဂ်ကို ဦးဦးဖျားဖျား ပေးခဲ့တာပါ
၉။မြတ်စွာဘုရားရဲ့ဓာတ်တော်တွေကိုဌာပနာတဲ့ စေတီကိုမြေပြင်မှာ
ဦးဦးဖျားဖျားတည်ခွင့်ရတာ မြန်မာတို့ပါ
#သီတဂူဆရာတော်
No comments:
Post a Comment