Sunday, May 1, 2016

ချစ်သား အားမငယ်နဲ့ တဲ့

ချစ်သား အားမငယ်နဲ့ တဲ့
------------------------

အဆင်မပြေမှု့တွေ များလာလို့ 
ဘုရားရှင်ရှင်မျက်နှာတော်ကို စူးစူးစိုက်စိုက်နဲ့ 
ဖူးမြင်လိုက်တယ်ဆိုရင်ပဲ

ဗုဒ္ဓက

ချစ်သား အားမငယ် နဲ့ တဲ့

ငါဘုရားရှင်လည်း

အဆဲခံရတာပဲ
အစွပ်စွဲခံရတာပဲ
လုပ်ကြံခံရတာပဲ

စားစရာအတွက် အခတ်အခဲဖြစ်လို့ 
တဝါလုံးကို ဂျုံ ဆွမ်းနဲ့ ပဲပြီးခဲ့တာပဲ

ဝတ်စရာအတွက် အခတ်အခဲဖြစ်လို့ 
အလောင်းက ဝတ်ရုံကိုခွါပြီး
ဝတ်ခဲ့ရတာပဲ

နေစရာအတွက် အခတ်အခဲဖြစ်လို့ 
သစ်ပင်အောက်မှာပဲနေခဲ့ရတာပဲ

အနာရောဂါ နှိပ်စက်လို့ 
ငါဘုရားရှင်လည်း ခံစားခဲ့ရတာပဲ  တဲ့

အခြံအရံမရှိလို့  ပါလိလေယျ တောထဲမှာ
ဆင်ကြီးက ပြုစုလုပ်ကျွေးရ တယ် တဲ့

ချစ်သား

ဒါတွေက လောကဓံတွေပါ တဲ့
ဘယ်သူမှ မလွတ်ပါဘူး တဲ့

ဘယ်လို ဘဝမျိုးပဲရောက်ရောက်
ကုသိုလ်ပြုဖို့  တရားရှာဖို့  မမေ့ပါနဲ့  တဲ့

အကောင်း အဆိုး
ဆင်းရဲ ချမ်းသာ
အခြွေအရံပေါ တာ အခြွေအရံရှားတာ
ချီးမွမ်းတာ ကဲ့ရဲ့တာ

အဲဒီရှစ်မျိုးဟာ ဘယ်သူနဲ့ မှ
မကင်းသလို
ခဏလေးပါပဲချစ်သား  တဲ့

လူဖြစ်တုန်း
သာသနာနဲ့ ကြုံ တုန်း
သံသရာက လွတ်မြောက်ဖို့ သာ
စဉ်းစားပါ  တဲ့

ချစ်သား ဒုက္ခ ဘယ်လောက် ကြီးလို့ လည်း တဲ့
ချစ်သမီး ပဋာစာရီလောက် ဆိုးနေလို့  လား တဲ့

အားမငယ်ပါနဲ့  ချစ်သား တဲ့

************************

ကျွန်တော်

ကိုယ့်ဒုက္ခက တော်တော်ကြီးတယ်ထင်ပြီး
ခံစားနေတာ
တကယ်တော့
ဘာမှမဟုတ်သလိုပါပဲ

ပဋာစာရီအကြောင်း
ကြားလိုက်တော့မှ

သြော်

တရားတော်က ခံစားမှုကအားလုံးကို
အနိုင်ယူနိုင်တဲ့သတ္တိ ရှိပါလားဆိုပြီး
ကျနေတဲ့စိတ်ဓာတ်တွေ
ပြန်တက်လာပါတော့တယ်

အင်း ငါ့ဒုက္ခက
ပဋာစာရီ ရဲ့ ခြေဖျားတောင်မမှီပါလား
ဆိုပြီး နှလုံးသွင်းလိုက်တော့
အပူတွေ လျော့သွားသလိုပါပဲ

share

No comments:

Post a Comment