`` လ့လာဖူးသောေ ဂျာမန် empire ´´
( သို့ )
`` စတေးခံ ဘဝလူသားတို့၏ ခေတ်ဆိုး ´´
``နေမျိုးဝေ´´
သူ့အကြောင်း, သူ့လုပ်ရပ်တို့ကို ပြည့်စုံစွာ မသိထားရသော်လည်း အနည်းအကျဉ်းအားဖြင့် သူသည် အမျိုးသားရေးဝါဒီသမား-ဟု တွေ့မြင်,မှတ်သားဖူးလေသည်။
ယခုအချိန်၌ စတေးခံ ဘဝလူသားတို့၏ ဇာတ်သွားအတိုင်း သူသည် လွမ်းမိုးကြီးစိုးလာသည့် အမှောင်ထုခေတ်ဆိုးကြီးအောက်၌ ပြားပြားမှောက်ခါ ထွက်ပေါက်မရ သနားစဖွယ်သတ္တဝါတစ်ဦးအဖြစ်သို့ ကျရောက်သွားခဲ့ရချေပြီ။
ပထမကမ္ဘာစစ်၏ အမုန်းအငြိုးတေးဒဏ်ကြောင့် ငွေတစ်ဒေါ်လာတစ်ပေါင်ကျပ်ကို ရပ်တန့်မရ ဖောင်ပွနေသော သိန်းကျော်တန်သည့် ငွေကြေးနှုန်းဖြင့် ခေါင်းထောင်မရအောင် အလူးအလဲ ဂျာမန်တို့ ခံစားနေရအခိုက် ထိုအခြေအနေကို မရှုစိမ့်နိုင်သူမှာကား တက်သစ်စလူရွယ်တစ်ယောက်ဖြစ်သော အဒေါ့ဖ်ဟစ်တလာပင်တည်း။ သူသည် အာဏာရခေါင်းဆောင်တစ်ဦးဖြစ်လာသည့် နောင်တစ်ချိန်၌ ကမ္ဘာကြီးကို ဖိမ့်ဖိမ့်တုန်အောင် ကိုင်လှုပ်ခြောက်ခြားစေသော empire ချဲ့ထွင်ခြင်းဖြင့် ဂျာမန်ပြည်သားတို့၏ အလုပ်လက်မဲ့ပြဿနာ ငွေကြေးဖောင်းပွမှုတို့ကို ရပ်တန့်ပစ်ခဲ့၏။ ထို့အတွက်ကြောင့်လဲပဲ ဂျာမန်နိုင်ငံတော်သည် အနောက်ဥရောပကမ္ဘာ၏ ဓနသဟာယနိုင်ငံတော်များနှင့် တန်းတူသောနိုင်ငံအဖြစ်၌ ရပ်တည်နိုင်ခဲ့လေသည်။ ကမ္ဘာတစ်ဝှမ်းမှ သူ့အား လူလိမ်လူညှစ်လူဆိုး သွေးစုပ်ကောင်အဖြစ် ကြောက်ရွံ့သတ်မှတ်ဂုဏ်ပြုကြသော်လည်း ဂျာမန်ပြည်သားတို့သည် ဟစ်တလာအား Hero အဖြစ် သတ်မှတ်ခဲ့ကြလေကုန်သည်။
အကြောင်းတစ်နည်းမှာကား---- ဂျာမန်ပြည်အား စီးပွါးရေးဖြင့် အထက်မှ ဂုတ်ခွစီးနေသော လူတန်းစား ဂျူးလူမျိုးတို့အား အာဏာရသောအခါ၌ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်း, အကျဉ်းသွင်း အဆိပ်ခတ်သတ်ဖြတ်ခြင်း, ပြည်နှင်ဒဏ်ပေး မောင်းထုတ်ခြင်းများဖြင့် သာယာလှပသော ဂျာမန်နိုင်ငံတော်တစ်ခုကို ပုံဖော်ဖန်တီး ဆောင်းကြဉ်းပြုပြင် တည်ဆောက်ပေးခဲ့သေးလေသည်။ သူသည် ရှုထောင့်တစ်ဖက်မှ ကြည့်ရှုပါက အလွန်ရုပ်ဆိုး အကျည်းတန်သော ဆိုးသွမ်းမိုက်ရိုင်းသည့် လူသားတစ်ယောက်ပါတည်း။ သို့သော်လည်း ရှုထောင့်တစ်ဖက်မှ ပြန်ပြောင်းကြည့်ပါက အလွန်ချစ်ဖွယ်ကောင်းသော ရုပ်ရည်သားနားသည့် Hero လူသားတစ်ယောက်အဖြစ် တွေ့မြင်အပ်ပေသည်။
ယခုအခြေအနေအားဖြင့် မြန်ပြည်အတွင်း၌ တိုက်ဆိုင်စွာ သက်ဆင်းကျရောက် ဆင်တူရိုးမှာ ဖြစ်ပျက်နေသည်မှာကား ဟစ်တလာနှင့် ဟစ်တလာ၏ လက်ဖျားသော်မျှ လက်လှမ်းမမီနိုင်သော မြန်မာပြည်၏ ကောက်ရိုးပုံကြား အပ်ပျောက်ရှာရသည့်နှယ် ရှာမှရှားသည့် အမျိုးသားရေးရုပ်လုံးဖော် ဇာတ်ကောင်လူသားတစ်ယောက်ဖြစ်သော မစ္စတာနေမျိုးဝေတို့သည် မတူသော်လည်း တူညီခဲ့ကြချေ၏။ သူတစ်ကာတို့၏ အမျိုးသားရေး ရှေ့တန်းတင်သောနိုင်ငံတိုင်း၌ အမျိုးသားရေးဆောင်ရွက်သူလူသားတို့အား အံ့ဖွယ်ကောင်းလောက်အောင် ချီးမွှမ်းထောမနာပြုကာ အားပေးကြိုဆိုခဲ့ကြကုန်သော်လည်း မြန်ပြည်သည် မြန်ပြည်ကြီးပွါးအောင် မြန်ပြည်အကျိုးရှေ့တန်းတင်ဆောင်ရွက်သောသူတို့အား မြန်ပြည်လူသားတို့မှ အံ့ဖွယ်ကောင်းလောက်အောင် လက်ဆွဲထိပ်ခတ် မြွေစွယ်ကျိုးပမာ ပါးပြင်မထောင်ရဲလောက်အောင် အချင်းချင်းညှစ်ပတ် အယုတ်ဇာတ်ခင်းကြ၍ သူတစ်မင်း ကိုယ်တစ်မူ ငြူစူစောင်းမြောင်း ဆဲဆိုရိုက်ထောင်းကြပြီး သောင်းသောင်းဖျဖျ ထိုးကြိတ်ထောင်သွင်း အကျဉ်းချကြလေကုန်၏။ နှိုင်းအပ်ဥပမာ ရှာကြံကြည့်သော် ရယ်စရာမကောင်းသော ရယ်စရာပြဇာတ်ကဲ့သို့ ဟားတိုက်လှောင်ပြောင်ဖွယ်ရာ လောကပြောင်းပြန် အရှိန်မှန်စွာ လည်ပြန်ခုတ်မောင်းသော ရွက်သင်္ဘောကဲ့သို့ ရစရာမရှိအောင် စုတ်ပြတ်ဖို့ အချိန်တန်သော မြန်မာပြည်ကြီးအဖြစ်သို့ ကြံတွေးနှိုင်ယှဉ်အပ်ပေ၏။ ပြဿနာတစ်ရပ် ရင်ဆိုင်ဖြေရှင်းရာ၌ အချိန်ယူ ထိန်းသိမ်းထားခြင်းအမှုသည် မလိုလားအပ်သောအပြုအမူဖြစ်ခဲ့သော် ထိုအပြုအမူမှပေးသော ဒုက္ခဒဏ်ကို ခံစားရတတ်ပြီး ရပ်တန့်မရသော ကြီးမားသည့် အနိဋ္ဌာရုံမြင်ကွင်းမျိုးပင် ပေါ်ပေါက်လာနိုင်ရာ၏။ ဆုံးဖြတ်ချက် မှားယွင်းပါက သာ၍ပင် ဆိုးချေသေး၏။ ထို့အတွက်ကြောင့် ဤစာတမ်း အနည်းငယ်ဖြင့် ခေတ်ဆိုးကြီးလည်း နိုးမထစေရန် ဘဝစတေးခံလူသားတို့မှလည်း ကင်းရှင်းပပျောက်ကြစေရန် ညှိနှိုင်းအဖြေရှာ လက်တွဲဆောင်ရွက်ကြစေဖို့ ရည်သန်၍ ဥာဏ်မီသမျှ ရေးသားတိုက်တွန်းအပ်ပါသတည်း။
မြန်မာပြည်သားအချင်းချင်း စိတ်ဝမ်းကွဲခြင်းမှ ကင်းရှင်းနိုင်ကြပါစေ………
Na Gain.
5. 5. 2016.
No comments:
Post a Comment