ဘာအတွက် အသုံးပြုပါသလဲ ?
====================
မိနစ်အနည်းငယ် အချိန်ပေးပါ !
သင့်အတွက် အကျိုးပြုစေမယ့်စာသားတစ်ချို့ကို
ရေးသားထားပါသည် !
ယခုလိုတိုးတက်နေတဲ့ ခေတ်ကြီးထဲမှာ လူဦးရေ
70 % က ဖုန်းကိုင်နိုင်ကြပါတယ် !
ဖုန်းကိုင်နိုင်သူ 80 % ဟာလည်း facebook ကို
အသုံးပြုနေကြပါတယ် !
အသုံးပြုသူ 90 % က အကျိုးမဲ့စွာ အသုံးချနေကြ
ပါတယ် !
ဒါကို မိတ်ဆွေသတိထားမိပါလိမ့်မည် !
သင် ဖိနပ်စီးဖူးပါလိမ့်မည် #
ဘာအတွက် စီးပါသလဲ #
လှချင်လို့လား ဆူးညှောင့်ခလုတ်ကို ကြောက်
လို့လား #
ဒီလိုလေးတွေ မိမိကိုယ်ကို မေးဖူးပါသလား ?
အခု facebook သုံးနေတယ် !
ဘာအတွက် အသုံးပြုတာလဲ ?
ပုံတင်ပြီး လှကြောင်းကြွားဖို့လား #
အီစီကလီ လုပ်ဖို့လား #
ရည်းစားနဲ့ကဲနေတာတွေ ကြေငြာဖို့လား #
ချမ်းသာတာကို အများသိစေချင်လို့လား #
ဘာအတွက် အသုံးပြုနေတာလဲ ?
ကိုယ်စီးတဲ့မြင်း အထီးအမ ကွဲဖို့လိုပါလိမ့်မည် !
facebook ကိုဘယ်လိုအကျိုးရှိအောင် သုံးကြ
မလဲ ?
မိတ်ဆွေကောင်း ရှာပါ !
နေ့စဉ် ဖြစ်ပျက်နေတဲ့ သတင်းတွေ ဖတ်ပါ !
မိတ်ဆွေများကို ပြန် share ပေးပါ !
အသိပညာတိုးပွားစေမယ့် ပို့စ်တွေရှာဖွေဖတ်ပါ !
လေ့လာထားသမျှလေးတွေ ကျင့်သုံးပါ !
ကျန်းမာရေးအသိပေးစာတွေ ရှာဖတ်ပါ !
ဟာသလေးတွေ အပျင်းပြေဖတ်ကာ ရယ်မောပါ !
သင်သိသမျှ ဗဟုသုတအချို့ကို အားလုံးသိရန် !
ပို့စ်တင်ခြင်း share ခြင်းဖြင့်မျှဝေပါ !
ဘဝအတွက် အကျိုးရှိစေမည့်ပို့စ်များကို ရှာဖွေပြီး !
အစဉ်လေ့လာပါ !
မိတ်ဆွေကောင်း / ပညာရှိများနဲ့ အချိန်ရလျှင်
စကား စမြည်ဟြေဆိုပါ !
မှတ်သားထိုက်သော စကားများကို မှတ်သားပါ !
ဒီလိုလေးတွေအတွက် အသုံးပြုတယ်ဆိုရင် !
သင်နှင့်သင့်မိတ်ဆွေအားလုံး အကျိုးရှိပါလိမ့်မည် !
ဘယ်အရာမဆို သုံးတက်လျှင်ဆေးကောင်းပါ !
မသုံးတက်လျှင် ဘေးဖြစ်စေပါလိမ့်မည် !
( ဥပမာ ) ပုံလှလှတွေတင်ဖို့ facebook သုံးသူ
တစ်ချို့ဟာ sexy page လုပ်ခံရသလိုပေါ့ !
ဒါဟာ မသုံးတက်တော့ အရှက်ကွဲစေတာပေါ့ !
တိုင်လို့ရပါတယ် ဒါပေမယ့် နာမည်ကပျက်ခဲ့ပြီ !
နာမည်ပျက်ပြီဆို ဆုံးရှုံးမှုတွေအရမ်းများပါမည် !
ဒီလို အဖြစ်မျိုးတွေ နေ့စဉ်ဒုနဲ့ဒေးပဲ !
ကျွန်တော်ဆိုလိုသည်က အကျိုးရှိစွာအသုံးချ
စေဖို့ပါ !
ယခုခေတ် လူငယ်တော်တော်များများဟာ အသုံးပြု
ပုံ မှားယွင်းနေကြသည် !
မိမိကိုယ်ကိုယ် စန်းစစ်ပါ !
ငါ ဘာအတွက်အသုံးပြုနေတာလဲ ?
ငါ့အတွက် ဘာအကျိုးရှိစေလဲ ?
အကျိုးရှိစွာဖြင့် အသုံးချတက်ပါစေ …
မေတ္တာဖြင့် ရေးသားတင်ပြခြင်း ဖြစ်ပါ၏ !
Credit. အမှောင် ထဲက လူသား
No comments:
Post a Comment