သူတို့တွေ မသိလို့ပါ
============
အာခီမီးဒီးတို့ သင်္ချာဆရာကြီး ယူကလစ်
တို့ဟာ အတွက်အချက်တော်တဲ့သင်္ချာပညာရှင်
ကြီးတွေတဲ့လား ?? ။
စကြ်ာဝဠာတစ်ခုလုံးရဲ့ မိုးရေချိန်ကို
တစ်စက္ကန့်ထက် တိုတောင်းလှတဲ့""မျက်စိ
တမှိတ် လျှက်တပြတ်အတွင်းမှာ မိုးရေပေါက်က
အစ တွက်ချက်နိုင်တဲ့ ရှင်သာရိပုတ္တရာအကြောင်
း သူတို့တွေ မသိသေးလို့ပါ ။
--- ဆေးပညာဘက်မှာ တော်တယ်ဆိုပြီး
နိုဘယ်ဆုရသူတွေကိုများ အထင်ကြီးနေလိုက်
-ကြတာ၊ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅၀၀ကျော်ကထဲ
က ဦးခေါင်းထဲမှာ ထိုးနေတဲ့ပိုးကို ဦးခေါင်းခွံခွာပြီး
ဖယ်ထုတ်ပေးနိုင်ခဲ့ပြီး မြေပေါ်မှာပေါက်နေတဲ့
အပင်မှန်သမျှကို ဘယ်အပင်က ဘယ်လိုဆေး
ဖက်ဝင်တယ် ဘယ်အပင်ကိုဘယ်လိုအသုံးပြု
ရင် ဘာရောဂါပျေက်တယ်ဆိုပြီး အပင်တိုင်းကို
ဆေးအဖြစ် အသုံးပြုနိုင်တဲ့ ဆေးဆရာကြီး
ဇီဝကအကြောင်းကို သူတို့တွေ မကြားဖူးသေး
လို့ပါ ။
ဘာကလေက ရူပဗေဒပညာရှင်ကြီးဟာ
အသေးငယ်ဆုံးသော ရုပ်တစ်ခုရဲ့ပျက်နှုန်းကို
တိုင်းတာဘို့ ကိရိယာထွင်တာ ၁၅နှစ်တောင်
ကြာတယ် ၊ ကိရိယာထွင်ပြီးတော့တိုင်းတာ
အသေးငယ်ဆုံးရုပ်ကလေးတစ်ခုရဲ့ပျက်နှုန်းဟာ
တစ်စက္ကန့်မှာ ကုဋေတစ်ရာနှုန်းပျက်တယ်ဆိုတတာကိုတွေ့ရှိ
ပြီး အဲ့ဒီတွေ့ရှိချက်ကို ကမ္ဘာကိုချပြတော့
ကမ္ဘ္ဘာက သူ့ကိုနိုဘယ်ဆုပေးသတဲ့။
တကယ်တော့ ရုပ်တစ်ခုရဲ့ပျက်နှုန်းဟာ
တစ်စက္ကန့်ထက်တိုတောင်းလှတဲ့ မျက်စိတမှိတ်
လျှပ်တပြက်အတွင်းမှာ ကုဋေပေါင်း ၅၈၈၃ကုဋေ
ပျက်ပြီး သာမာန်ပုထုဇဉ်တွေ မတွက်နိုင်တဲ့
စိတ်တစ်ခုရဲ့အပျက်ဟာ ကုဋေတစ်သိန်းနှုန်း
ရှိတယ်ဆိုတာကို ဗုဒ္ဓဟောကြားထားတဲ့ ပိဋကတ်သုံးပုံကို သူတို့တွေမဖတ်ဖူးသေးလို့ပါ။
သြော် ဗုဒ္ဓတရားတော်တွေကိုသာ
သူတို့တတွေ ထိတွေ့ခွင့်ရခဲ့ရင် လူ့လောကကြီး
တစ်ခုလုံး ငြိမ်းချမ်းသာယာပြီး ကမ္ဘာကြီးလည်း
ဒီထက် တိုးတက်ပြောင်းလဲလာနိုင်တယ်ဆိုတာ
ကိုယ်တွေ သိနေပေမယ့်----
သူတို့တွေမသိနိုင်တာ
စိတ်မကောင်းလိုက်တာ။ ။
ဦးမြင့်ခိုင်
share
No comments:
Post a Comment