ဗုဒ္ဓမြတ်စွာ ၏ ထူးခြားသော အံ့ဖွယ်(၁၈) ချက်'
🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟🌟
၁။ မြတ်စွာဘုရား ဝတ်ထားသော သင်္ကန်းတော်သည် လျှော်ဖွပ်ဆိုးရမှု ဟောင်းနွမ်းသွားမှု မရှိ အမြဲ သစ်လွင်နေခြင်း။
၂။ ပရိက္ခရာ(၈)ပါးကို ကိုယ်တော်တိုင် ဆောင်တော်မူရာ ၌ ကိုယ်နှင့်မထိ⋯⋯လက်လေးသစ်မျှ ကွာတော် မူနေခြင်း။
၃။ တောထွက်တော်မူစဉ်က ပယ်ဖြတ်ခဲ့သော ဆံတော်သည် တစ်သက်လုံး လက်နှစ်သစ်ပမာဏ တည်တော်မူပြီး မုတ်ဆိတ် ကျင်စွယ်တွေကလည်း ထပ်မံ ရှည်ထွက်တော် မမူခြင်း ။
၎။ ဆွမ်းဘုဉ်းပေးပြီး၍ သပိတ်တော်ဆေးလျှင် လက်တော်ပါဆေးပြီးသား ဖြစ်ခြင်း ထိုအတူ လက်တော်ဆေးလျှင် သပိတ်တော်ပါ ဆေးပြီးသား
ဖြစ်ခြင်း ။
၅။ မုန်ညှင်းစေ့မျှသာရှိသော ကြုတ်ထဲသို့ပင် ဝင်ရောက်နိုင်ခြင်း စင်္ကြန် လျောက်တော် မူနိုင်ခြင်း ။
၆။ ရောင်ခြည်တော်(၆)ပါး လွှတ်တော်မူသည်ရှိသော် အရပ်(၁၀)မျက်နှာလုံးကို ဖောက်ထွင်းပျံ့နှံ့ခြင်း ။
၇။ ကိုယ်တော်မှ နိမ္မိတဘုရားပေါင်း အသင်္ချေ ဖန်ဆင်းနိုင်ခြင်း။
၈။ ခေတ်သုံးပါးတို့၌ အမိုက်တိုက်ကိုလည်းကောင်း အလင်းကိုလည်းကောင်း ပေးနိုင်ခြင်း။
၉။ တရားဟောရာ၌ လူတိုင်းက ဘုရားရှင်အား ငါ့ကိုကြည့်ပြီး ဟောနေသည်ဟု အထင်ရှိခြင်း။
(ကောင်းကင်၌တည်နေသော လဝန်းကို ငါ့ခေါင်းပေါ်မှာ လ ဟု လူတိုင်း ထင်သကဲ့သို့)
၁၀။ လူနတ်တို့၏စိတ်ကို အာသယာနုသယဉာဏ်တော်ဖြင့် သိမြင်နိုင်စွမ်းရှိတော်မူခြင်း ။
၁၁။ တရားဟောတော်မူရာ၌ အားလုံးသော ပရိသတ်တို့၏ အနီးမှာ ကပ်၍ဟောသကဲ့သို့ ကြားနာရခြင်း။
၁၂။ ကျွတ်တမ်းဝင်ထိုက်သော သတ္တဝါတို့ကို မဟာကရုဏာ သမာပတ္တိဖြင့် သိနိုင်ခြင်း. ခပ်သိမ်းသော သတ္တဝါတို့အပေါ်တွင် ကရုဏာတရား ပွားများအားကြီးခြင်း ။
၁၃။ လူနတ်ဗြဟ္မာတို့၏ ကျွတ်တန်းဝင်မည့် အချိန်အခါ ဣနြေ္ဒအနုအရင့်ကို သိရှိတော်မူခြင်း။
၁၄။ အထက်တွင်ဖော်ပြထားသော (၁၃)ပါးနှင့် ဥေယျဓံတရား(၅)ပါးကို သိနိုင်တော်မူခြင်း။
၁၅။ သပိတ်တော် ကို အလိုရှိ၍ လက်တော်ကို ဆန့်လိုက်သည့် ခဏ၌ သပိတ်တော် အလိုအလျောက် ရောက်လာခြင်း ။
၁၆။ ရေအစုံ မီးအစုံ သော ယမက တန်ခိုးပြဋိဟာကို ပြနိုင်ခြင်း ။
၁၇။ တာဝတိံသာနတ်ပြည်သို့ အဘိဓမ္မာတရာ ဟောတော်မူရန် ကြွသည့်အခါ ခြေနှစ်လှမ်း သုံးဖဝါးတည်းဖြင့် ကြွတော်မူခြင်း ။
၁၈။ ဒေသစာရီ ကြွချီတော်မူလျှင် ခြေတော်ရာ မထင် ထင်စေလို ၍ အဓိဋ္ဌာန်ပြု မှ ထင်၍ အနိမ့်အမြင့် မညီပဲသော မြေပြင်တို့သည် မြတ်စွာ ဘုရား ကြွလာ လျှင် အလိုလို ညီလာခြင်း ။
ဤ ၁၈ ပါးတို့ သည် အခြားသော ပုဂ္ဂိုလ်တို့ မတူသော ဘုရားရှင် ၏ အံ့ဩဖွယ် ၁၈ ပါး ပင်ဖြစ်လေ ၏ ။
ဓမ္မဒါန ရေးသားဖြန့်ဝေသူ ။ ။အရှင် ဇိန ပုတ္တ
မြတ်ဗုဒ္ဓ ၏ သာသနာ
No comments:
Post a Comment