လေ့လာစမ်းပါ တို့မြန်မာ
=============
အချို့ကပြောကြတယ်
ဘုန်းကြီးဘဝလောက်သက်သာတာမရှိဘူး ဆိုတာပေါ့
ပြောလိုက်တာလေးက သိပ်ကိုလွယ်ကူတယ် နက်နက်နဲနဲ
စဉ်းစားကြည့်လိုက်တော့ သက်သာချင်လို့ ဘုန်းကြီး
ဝတ်လာကြသလို အဓိပ္ပါယ်သတ်ရောက်သွားတယ်ပေါ့
ဒီတော့ ရဟန်းသံဃာတော်အရှင်မြတ်တွေနဲ့ပတ်သက်ပြီး
လေ့လာသင်ယူစရာတွေ မြောက်များစွာရှိနေကြတယ်ဆိုတာ
တို့ဘာသာဝင်တွေ တွေးမိထားကြဖို့ လိုအပ်တယ်ပေါ့
စာသင်သားတစ်ပါးရဲ့ နေ့စဉ်ဘဝကို လေ့လာရမယ်
စာသင်သားတစ်ပါးရဲ့ သင်ယူဆည်းပူးမှု့ကို လေ့လာရမယ်
စာသင်သားတစ်ပါးရဲ့ ဘုဉ်းပေးသုံးဆောင် အာဟာရ
ဘောဇဉ်ကိုလေ့လာရမယ်
စာသင်သားတစ်ပါးရဲ့ နိုးထတဲ့ နံနက်ခင်းတွေကိုလေ့လာ
ရမယ်
ဆွေမျိုး ဉာတိ မိဘအသိုင်းဝိုင်းနဲ့ ခွဲခွါလာရတဲ့
စာသင်သားတစ်ပါးရဲ့ နှလုံးသားကိုလေ့လာရမယ်
စာသင်သားတစ်ပါးရဲ့ လုံ့လကြိုးစားအားထုတ်မှု့ကို
လေ့လာရမယ်
စာသင်သားတစ်ပါးရဲ့ ဘဝဖြတ်သန်းမှု့ကိုလေ့လာရမယ်
လေ့လာမှု့အင်အားတွေ အင်မတန်လိုအပ်တယ်နော်
အချို့ဒကာကြီး ဒကာမကြီးတွေ စိတ်အခန့်မသင့်လို့
စကားများရမ်ဖြစ်တဲ့အခါ ပြောလိုက်တဲ့စကားလေးရှိတယ်
"ရှင် ပျင်းရင် ဘုန်းကြီးဝတ်ပါလား"ဆိုတာပေါ့ အဲသလိုဆိုတော့ ဘုန်းကြီးတွေက ပျင်းလို့ဝတ်သလိုဖြစ်သွားတယ် တစ်ခြား ရည်ရွယ်မှု့ရှိမှာပေါ့လေ သို့သော် တိုက်ရိုက်မှာတော့
အဲသလို အဓိပ္ပါယ်ထွက်သွားတယ်
အေးး လောကသားတွေဆိုတာဟာ လိုရာဆွဲပြောတတ်တဲ့
အကျင့်စရိုက်ကလေးတွေပါလာတတ်ကြတယ် သို့သော်
ဒါဟာ သတိအင်မတန်ထားရမယ့် ပြောဆိုမှု့လေးတွေနော်
ဝစီကံအထိအပစ်ကြီးသွားနှိုင်တယ် တို့ပြည်မှာ အဲဒီအသုံး
အနှုန်းလေး အတော်တွင်ကျယ်နေတယ်ပေါ့ အဲစကားလဲ
ကြားလိုက်ရော နှစ်ပေါင်းများစွာ သာသနာထဲ ပင်ပန်း
ဆင်းရဲကြီးစွာ ဖြတ်သန်းပေးဆပ်ဖူးတာတွေက အားအင်ကို
ပျက်သွားစေတယ်
အော် တို့တစ်တွေ ဒီလောက်လုံ့လအားထားတာတောင်
ဒီလိုတွေယူဆနေတုန်းကိုး လို့ခံစားမိလာတယ်ပေါ့
ဒီတော့ လေ့လာပါ လေ့လာပြီးမှ ဝေဖန်တာပဲဖြစ်ဖြစ်
ခိုင်းနှိုင်းတာပဲဖြစ်ဖြစ် အပစ်ကိုနည်းစေတယ်လို့ တွေးဆပြီး
တို့မြန်မာတွေကို လေ့လာစေချင်စမ်းတယ်။
No comments:
Post a Comment